International Organizations
မန်စီးတီးက အာဆင်နယ်ကို အနိုင်ယူကာ EFL ဖလား ဆွတ်ခူး၊ ပရီးမီးယားလိဂ်တွင် ဖောရက်စ်က တော့တင်ဟမ်ကို အနိုင်ရ
လန်ဒန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် EFL ဖလား ဗိုလ်လုပွဲတွင် မန်ချက်စတာစီးတီးအသင်းက အာဆင်နယ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး မန်စီးတီးအတွက် အနိုင်ဂိုး နှစ်ဂိုးလုံးကို နီကို အိုရိုင်လီက ဒုတိယပိုင်းတွင် လေးမိနစ်အတွင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် ပက်ပ် ဂွါဒီယိုလာအနေဖြင့် စီးတီးနှင့်အတူ EFL ဖလားကို ငါးကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့သလို ရာသီအဆုံးအဖြတ်ကာလအတွက်လည်း စိတ်ဓာတ်မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ စီးတီးအနေဖြင့် ပရီးမီးယားလိဂ်တွင် အာဆင်နယ်နှင့် ၉ မှတ် ကွာဟနေသော်လည်း အနီးကပ် လိုက်လံဖိအားပေးနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ပထမပိုင်းအပြီးတွင် စီးတီးက ခြေစွမ်းပိုင်းသာလွန်ခဲ့ကာ ကြားရက်တွင် ချန်ပီယံလိဂ်၌ အကြိတ်အနယ် ကစားထားရသည့် အကျိုးဆက်ကို ခံစားနေရပုံရပြီး ယခင်နှင့်မတူဘဲ ခြေစွမ်းထက်မြက်မှု ပျောက်ဆုံးနေပုံရသည့် အာဆင်နယ်အသင်းကို ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ နယူးကာဆယ်ယူနိုက်တက်အသင်းနှင့် ဆန်းဒါးလန်းအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် တိုင်း-ဝီယာ ဒါဘီပွဲစဉ်၌ ဆန်းဒါးလန်းက ၂-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ကာ ဘရိုင်ယန် ဘရော့ဘီက မိနစ် ၉၀ တွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၁၀ မိနစ်တွင် ဆန်းဒါးလန်းအသင်း၏ ခံစစ်အမှားမှတစ်ဆင့် အန်သနီ ဂေါ်ဒန်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် ၅၇ မိနစ်တွင် ခမ်စ်ဒိုင်း တာလ်ဘီက ပြန်လည်ချေပခဲ့သည်။ ဆန်းဒါးလန်းအသင်းမှ ဘရော့ဘီ၏ကန်ချက်ကို နယူးကာဆယ် ခံစစ်ကစားသမားများ ပိတ်ဆို့ကာကွယ်ရာမှ ပြန်လျှံထွက်လာစဉ် ၎င်းကပင် အနီးကပ် ထပ်မံပိတ်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သည်။
အက်စတွန်ဗီလာအသင်းက ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ထိပ်ဆုံးလေးသင်းထဲတွင် အခိုင်အမာရပ်တည်လျက်ရှိကာ ဗီလာအတွက် အနိုင်ဂိုးများကို ဂျွန်မက်ဂင်းနှင့် အိုလီ ဝက်ကင်စ်တို့က သွင်းယူခဲ့သည်။ ဝက်စ်ဟမ်းအသင်းမှာမူ ယခုပွဲစဉ်၌ ရှုံးနိမ့်ခဲ့ခြင်းကြောင့် တန်းဆင်းဇုန်ထဲတွင် ကျရောက်လျက်ရှိသည်။
နော်တင်ဟမ်ဖောရက်စ်အသင်းက တော့တင်ဟမ် ဟော့စပါးအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ပရီးမီးယားလိဂ်တွင် ဆက်လက်ကျန်ရှိရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီး စပါးစ်အသင်း၏ ယာယီနည်းပြ အီဂေါ တူဒေါအတွက်မူ ဖိအားများပိုတိုးလာခဲ့သည်။
ပထမပိုင်းပြီးခါနီးတွင် အီဂေါ ဂျေးဆူးက ဖောရက်စ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းတွင် မော်ဂန် ဂစ်ဘ်စ်-ဝှိုက်နှင့် တိုင်ဝို အာဝိုနီယီတို့က အနိုင်ဂိုးများထပ်မံသွင်းယူခဲ့ခြင်းဖြစ်သလို ဖောရက်စ်အနေဖြင့် တော့တင်ဟမ်ကို ကျော်တက်ကာ ဝက်စ်ဟမ်းကိုလည်း သုံးမှတ်ဖြတ်ထားနိုင်ခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်း မန်နေဂျာ ပက်ပ် ဂွါဒီယိုလာ အမူအရာဖြင့် ညွှန်ပြနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်း (ယာ-ရှေ့) ပထမဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
………………………………………………
(English Version)
Man City wins EFL Cup as Forest piles pressure on Tottenham
LONDON, March 22 (Xinhua) — Manchester City beat Arsenal 2-0 in the EFL Cup final on Sunday, with Nico O’Reilly scoring twice in a four-minute burst in the second half to seal the trophy.
The victory gave Pep Guardiola his fifth EFL Cup title with City and could provide a lift for the closing stretch of the season, with his side still trying to chase down Arsenal in the Premier League title race despite a nine-point gap.
City were the better side after halftime and deserved their win against an Arsenal team that looked short of its usual sharpness, perhaps feeling the effects of a demanding Champions League outing in midweek.
Elsewhere in the Premier League, Sunderland claimed a dramatic 2-1 win over Newcastle United at St James’ Park in the Tyne-Wear derby, with Brian Brobbey scoring a 90th-minute winner.
Newcastle had gone ahead in the 10th minute through Anthony Gordon after a Sunderland defensive mistake, but Chemsdine Talbi equalized in the 57th before Brobbey struck from close range after his first effort had been blocked.
Aston Villa tightened its grip on a top-four place with a 2-0 home win over West Ham United, thanks to goals from John McGinn and Ollie Watkins in either half.
The loss left West Ham in the relegation zone.
Nottingham Forest also took a major step toward survival with a 3-0 win at Tottenham, increasing the pressure on interim Spurs coach Igor Tudor.
Igor Jesus gave Forest the lead just before halftime, and Morgan Gibbs-White and Taiwo Awoniyi added second-half goals as Forest moved above Tottenham and three points clear of West Ham.
English Caption 1
Manchester City’s Antoine Semenyo (1st, R) celebrates after scoring the first goal during the English Premier League match between Manchester City FC and Nottingham Forest FC in Manchester, Britain, on March 4, 2026. (Xinhua)
English Caption 2
Pep Guardiola, manager of Manchester City, gestures during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)
English Caption 3
Manchester City’s Erling Haaland (front R) celebrates after scoring the first goal during the English Premier League match between Manchester City FC and Everton FC in Manchester, Britain, on Oct. 18, 2025. (Xinhua)
