Connect with us

Business

မြန်မာနိုင်ငံက ၁၁ လအတွင်း ပျားရည်တန်ချိန် ၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

မွေးမြူရေးပျားအုံတစ်ခုကို ကိုင်ပြထားသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ယခုဘဏ္ဍာနှစ်ဖြစ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပထမ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံသည် ပျားရည်တန်ချိန် ၁,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၃ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၅၁ သန်း ရရှိခဲ့ပြီး အဓိကအားဖြင့် တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပျားရည်အများဆုံးထွက်ရှိရာ ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Myanmar exports over 1,000 tons of honey in 11 months
YANGON, March 23 (Xinhua) — Myanmar exported over 1,000 tons of honey in the first 11 months of the current fiscal year 2025-26, an official from the Apiculture Division under the Livestock Breeding and Veterinary Department told Xinhua on Monday.
During this period, the country earned 1.51 million U.S. dollars from honey exports, mainly to China, Thailand, and Japan, he said.
The leading honey-producing areas in Myanmar are Sagaing and Mandalay regions and Shan state, he added. Enditem