Connect with us

Asia

လာအိုနိုင်ငံ သမ္မတ အဖြစ် Thongloun Sisoulith အား ရွေးကောက်တင်မြှောက်

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ရွေးကောက်တင်မြှောက်ခံ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-LPRP congress media center/Handout via Xinhua)

ဗီယင်ကျန်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)
၁၀ ကြိမ်မြောက် လာအိုအမျိုးသားလွှတ်တော် ပထမအကြိမ်အစည်းအဝေးကို မတ် ၂၃ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဖွင့်လှစ်ကျင်းပခဲ့ရာ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Thongloun Sisoulith အား လာအိုသမ္မတအဖြစ်လည်းကောင်း၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် Sonexay Siphandone အား အစိုးရ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ရွေးကောက်တင်မြှောက်ခဲ့သည်။
အဆိုပါနေ့ အစည်းအဝေးတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် Xaysomphone Phomvihane အား ၁၀ ကြိမ်မြောက် လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ရွေးကောက်မှုတွင် လာအိုနိုင်ငံ ဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကွန်ဂရက်တွင် ခေါင်းဆောင်အသစ် အုပ်စုကို ရွေးကောက်တင်မြှောက်ခဲ့ပြီး Thongloun Sisoulith သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။
လာအိုအမျိုးသားလွှတ်တော်သည် လာအိုတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့နှင့် ဥပဒေပြုအဖွဲ့ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တရားဥပဒေရေးဆွဲရေး တာဝန်ယူထားခြင်းဖြစ်ရာ တစ်ကြိမ်လျှင် ၅ နှစ် သက်တမ်းရှိကြောင်း သိရသည်။ ၁၀ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၇၅ ဦးကို ရွေးချယ်ခဲ့သည်။ (Xinhua)

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ရွေးကောက်တင်မြှောက်ခံ လာအိုအစိုးရ ဝန်ကြီးချုပ် Sonexay Siphandone မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-LPRP congress media center/Handout via Xinhua)

…………..
(Chinese Version)
通伦当选老挝国家主席
新华社万象3月23日电(记者马淮钊 赵旭)老挝第十届国会第一次会议23日上午在首都万象开幕,选举老挝人民革命党中央委员会总书记通伦·西苏里为国家主席,选举老挝人民革命党中央政治局委员宋赛·西潘敦为政府总理。
在当天的会议上,老挝人民革命党中央政治局委员赛宋蓬·丰威汉当选老挝第十届国会主席,还选举产生了老挝国家副主席、副总理和国会副主席。
今年1月,老挝人民革命党第十二次全国代表大会选出新领导集体,通伦再次当选人革党中央总书记。
老挝国会是老挝最高权力机构和立法机构,负责制定宪法和法律,每届任期5年。第十届国会选举于今年2月举行,共选出国会代表175名。(完)
图说 1:3月23日,在老挝首都万象,通伦当选老挝国家主席后发表讲话。新华社/老挝国家通讯社
图说 2:3月23日,在老挝首都万象,宋赛当选老挝政府总理后发表讲话。新华社/老挝国家通讯社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.