Connect with us

Africa & Middle East

ရပ်ဝန်းနှင့် ပိုးလမ်းမ丨 တရုတ်-အာဖရိက၏ “ရေကန်နှစ်ကန် မှတ်တမ်း”- ဖော်ယန်ရေကန်နှင့် ဗစ်တိုးရီးယားရေကန် ဂေဟစနစ် ပူးပေါင်းထိန်းသိမ်းမှု ပုံရိပ်လွှာများ

ကင်ညာနိုင်ငံ Kisumu မြို့ နှင့် ဗစ်တိုးရီးယားရေကန် မြင်ကွင်းကျယ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဖော်ယန်ရေကန်နှင့် ဗစ်တိုးရီးယားရေကန်တို့သည် တရုတ်နိုင်ငံနှင့် အာဖရိကတိုက်၏ အကြီးဆုံးသော ရေချိုရေကန်များ အသီးသီးဖြစ်ကြသည်။ ဗစ်တိုးရီးယားရေကန်သည် နိုင်းမြစ်၏ မူလရင်းမြစ်များအနက် တစ်ခုဖြစ်သလို ဖော်ယန်ရေကန်သည်လည်း ယန်ဇီမြစ်နှင့် ဆက်သွယ်နေသော အရေးပါသော ရေကန်တစ်ခု ဖြစ်သည်။ ဤရေကန်ကြီးနှစ်ခုသည် အနီးဝန်းကျင်ရှိ လူဦးရေ သန်းနှင့်ချီကို အကျိုးပြုရုံသာမက တောရိုင်းတိရစ္ဆာန်မျိုးစုံအတွက်လည်း နေထိုင်ကျက်စားရာ နိဗ္ဗာန်ဘုံဖြစ်သည်။

မကြာသေးမီနှစ်များတွင် Global South-South Development Center နှင့် United Nations Perez-Guerrero Trust Fund စသည်တို့၏ ထောက်ပံ့မှုအောက်တွင် ကမ္ဘာလုံးဆိုင်ရာ Living Lakes Network အဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် အာဖရိကရှိ ရေကန်ကြီးနှစ်ခုအကြား ပင်လယ်သမုဒ္ဒရာ၊ တောတောင်ရေမြေကို ဖြတ်ကျော်သည့် “လက်တွဲ” ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပြီး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ ထူးချွန်ပြောင်မြောက်သော ဥပမာတစ်ခုအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။

ဗစ်တိုးရီးယားရေကန် အနီးဝန်းကျင်ရှိ နိုင်ငံများမှ ပုဂ္ဂိုလ်များကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ လေ့ကျင့်သင်ကြားပေးခြင်း၊ ဗစ်တိုးရီးယားရေကန် ကမ်းရိုးတန်းနေပြည်သူများအား လောင်စာအသုံးချမှုမြင့်မားစေရန်အတွက် မြေစေးမီးဖိုများသို့ ပြောင်းလဲအသုံးပြုရန် သင်ကြားပေးခြင်း၊ လူနှင့် တိရစ္ဆာန်အညစ်အကြေးများနှင့် မီးဖိုချောင်မှ အကြွင်းအကျန် အမှိုက်များကို သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ရန် ဇီဝဓာတ်ငွေ့စုပ်ယူကန်များ အသုံးပြုမှုကို မြှင့်တင်ခြင်း…ဖော်ယန်ရေကန်ကို ပိုင်ဆိုင်ထားသော တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်သည် ဗစ်တိုးရီးယားရေကန် အနီးဝန်းကျင်ရှိ ကင်ညာ၊ တန်ဇန်းနီးယား စသည့်နိုင်ငံများရှိ သက်ဆိုင်ရာဒေသများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး၊ ဖော်ယန်ရေကန်၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို မျှဝေကာ တရုတ်နှင့် အာဖရိကတို့၏ ဂေဟစနစ်နှင့် သဟဇာတဖြစ်သော ခေတ်မီအသွင်ပြောင်းရေးကို လက်တွဲမြှင့်တင်ရန်အတွက် တက်ကြွမှုအားအင်သစ်များ ဖြည့်တင်းပေးသွားမည် ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ဖော်ယန်ရေကန်နှင့် ယန်ဇီမြစ် ဆုံစည်းရာနေရာကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
一带一路故事绘丨中非“双湖记”:鄱阳湖与维多利亚湖生态共治影像志
新华社照片,内罗毕,2026年3月22日
鄱阳湖和维多利亚湖分别为中国和非洲的最大淡水湖。维多利亚湖是尼罗河的源头之一,鄱阳湖是长江的重要通江湖泊。两大湖不仅哺育了周边上千万人口,也是多种野生动物的栖息天堂。
近年来,在全球南南发展中心和联合国佩罗基金等支持下,同属世界生命湖泊网络成员的中非两大湖间开启了跨越山海的“牵手”合作,并入选联合国南南合作优秀案例。邀请维多利亚湖周边国家人员来华培训、教授维多利亚湖沿岸居民改用陶土烧制的炉灶提高燃料利用率、推广沼气池将人畜粪便及厨余垃圾转化为清洁能源……拥有鄱阳湖的江西省持续与维多利亚湖周边的肯尼亚、坦桑尼亚等国相关地区开展合作,推广鄱阳湖治理和发展经验,为中非携手推进生态友好的现代化注入新活力。
图说1:这是肯尼亚基苏木与维多利亚湖景观(无人机照片,2026年2月27日摄)。新华社记者 谢剑飞 摄
图说2:这是江西省鄱阳湖与长江交汇处(无人机照片,2026年3月12日摄)。新华社记者 万象 摄