Politics, Law & Military
သမ္မတ ရှီက တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်ကို သွားရောက်စစ်ဆေး
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်ကို မတ် ၂၃ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ရှီက အဆိုပါဇုန်သစ်ရှိ ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှုအခြေအနေကို ကြည့်ရှုခဲ့ပြီး ရှုံအန်းဧရိယာသစ် ဖွံ့ဖြိုးတိုးတက်မှုအကြောင်း လေ့လာရန် ပေကျင်း အမှတ် ၄ အထက်တန်းကျောင်း၏ ရှုံအန်းကျောင်းဝင်းနှင့် China Huaneng Group Co., Ltd. သို့ သွားရောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ရှုန်အန်းဘူတာရုံအား သွားရောက်စစ်ဆေးနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဉက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ နိုင်ငံတကာကုန်သွယ်ရေးစင်တာနှင့် မြို့တွင်းဘူတာရုံတို့၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများအား သွားရောက်စစ်ဆေးနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်းအား တရုတ်နိုင်ငံ၏ မြို့တော်အဖြစ် အခန်းကဏ္ဍတွင် ပဓာနမကျသည့် လုပ်ငန်းဆောင်တာများ လျှော့ချရေး စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါဧရိယာသစ်သို့ နေရာပြောင်းထားသည့် ပြောင်းရွှေ့ပြီးသား သို့မဟုတ် ဆောက်လုပ်ဆဲ အဖွဲ့အစည်းများမှ တာဝန်ရှိသူကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုလည်း ရှီက နှုတ်ခွန်းဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi inspects Xiong’an New Area in north China’s Hebei Province
BEIJING, March 23 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee, on Monday inspected the Xiong’an New Area in north China’s Hebei Province.
Xi viewed construction progress in the start-up zone and visited China Huaneng Group Co., Ltd. and the Xiong’an campus of Beijing No. 4 High School to learn about the development of the Xiong’an New Area.
He also greeted representatives of officials and staff from organizations relocated as part of the projects to relieve Beijing of functions non-essential to its role as China’s capital, which have moved in or are under construction. ■
English Caption 1
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, greets the residents while visiting a residential community in Rongdong District of the Xiong’an New Area, north China’s Hebei Province, May 10, 2023. (Xinhua/Yin Bogu)
English Caption 2
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, inspects the Xiong’an Railway Station in the Xiong’an New Area, north China’s Hebei Province, May 10, 2023. (Xinhua/Li Xueren)
English Caption 3
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, inspects the construction sites of an inter-city railway station and an international trade center in the Xiong’an New Area, north China’s Hebei Province, May 10, 2023. (Xinhua/Yan Yan)
