Connect with us

မြန်မာ-ENG

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုသို့ ပြန်လှည့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် စစ်ဆင်ရေးများကို ချက်ချင်းရပ်တန့်ရန်၊ ဆွေးနွေးညှိနှိုင်းမှုဘက်သို့ ပြန်လှည့်ရန်နှင့် အစကတည်းက မဖြစ်သင့်သော စစ်ပွဲကို ဆက်လက်မဆင်နွှဲရန် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းတွင် မတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက အီရန်ဓာတ်အားပေးစက်ရုံများကို “တိုက်ခိုက်ဖျက်ဆီးပစ်မည်” ဟု အမေရိကန်ဘက်က ခြိမ်းခြောက်ပြီးနောက် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုတစ်ခုအား ပြန်လည်ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ပြင်းထန်စွာဖြစ်ပွားနေသော စစ်ပွဲသည် ပျံ့နှံ့ပြီးရင်း ပျံ့နှံ့လာလျက်ရှိကြောင်း လျင်က ပြောကြားခဲ့သည်။ တိုက်ပွဲများ ဆက်လက်ကျယ်ပြန့်လာပြီး အခြေအနေများ ထပ်မံဆိုးရွားလာပါက ဒေသတစ်ခုလုံးမှာ ပြန်လည်ပြုပြင်၍မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။”အင်အားသုံးတာက ဆိုးရွားတဲ့ သံသရာစက်ဝိုင်းဆီသာ ဦးတည်စေမှာပါ” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China urges return to dialogue, negotiation regarding war in Middle East: spokesperson
BEIJING, March 23 (Xinhua) — China strongly calls on parties to the conflict in the Middle East to immediately stop military operations, return to dialogue and negotiation, and not continue the war that should not have happened in the first place, a foreign ministry spokesperson said here on Monday.
Spokesperson Lin Jian made the remarks at a daily press briefing in response to a query, after the U.S. side threatened to “hit and obliterate” Iranian power plants if the Strait of Hormuz is not reopened within 48 hours.
Lin said the war raging in the Middle East is spreading and spilling over. If the fighting goes on expanding and the situation escalates again, the whole region will be plunged into an irreparable situation.
“Force will only lead to a vicious circle,” said the spokesperson. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.