Connect with us

International Organizations

အက်သလက်တီကို တိုက်စစ်မှူး ဂရီးဇ်မန်း အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့မည်

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အက်သလက်တီကို မက်ဒရစ်အသင်း တိုက်စစ်မှူး အန်တိုနီ ဂရီးဇ်မန်းမှာ ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းထံ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။ဂရီးဇ်မန်းအနေဖြင့် လတ်တလော နိုင်ငံတကာပွဲစဉ်များအတွက် အနားပေးချိန်တွင် အမေရိကန်သို့ သွားရောက်ကာ အော်လန်ဒိုစီးတီးအသင်းနှင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် အက်သလက်တီကို အသင်းဘက်က ခွင့်ပြုထားပြီး ကလပ်အသင်း သတင်းရင်းမြစ်များကလည်း အဆိုပါ အပြောင်းအရွှေ့ကို အတည်ပြုထားကြောင်း ဒီယာရီယို အေအက်စ်၊ စပို့ထ်နှင့် အယ်မွန်ဒို ဒီပေါ်တီဗို စသည့် စပိန်အားကစားသတင်းစာများက ဖော်ပြခဲ့သည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း (ဝဲ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း (အ‌ပေါ်) နှင့် ဗီလာရီးရဲလ်အသင်းမှ ရီနာတို ဗီဂါတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

“အန်တိုနီ ဂရီးဇ်မန်းဟာ နားရက်ရထားချိန်မှာ အော်လန်ဒိုကို ခရီးထွက်ပြီး သူ့အနာဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ အသင်းဘက်က ခွင့်ပြုထားပါတယ်” ဟု ၎င်းသတင်းရင်းမြစ်က မတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။ဂရီးဇ်မန်းအနေဖြင့် မေဂျာလိဂ် (MLS) အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ဆဲဖြစ်သည့် ဖေဖော်ဝါရီလအတွင်း အက်သလက်တီကိုမှ ထွက်ခွာဖွယ်ရှိသည်ဟူသော ထင်ကြေးပေးမှုများ ရှိခဲ့သော်လည်း အဆိုပါ အသက် ၃၅ နှစ်အရွယ် ကစားသမား၏ ပုံစံကောင်းပြသမှုနှင့် အက်သလက်တီကိုအသင်းမှာ ချန်ပီယံလိဂ်တွင် ဆက်လက်ကျန်ရှိနေသလို ယခုဘောလုံးရာသီ၌ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့လည်း တက်ရောက်နိုင်မှုတို့ကြောင့် ၎င်းအနေဖြင့် ရာသီကုန်အထိ အသင်း၌ဆက်ရှိနေမည်ဖြစ်သည်။
ဂရီးဇ်မန်းမှာ အက်သလက်တီကို၏ ထာဝရ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေကာ ၂၁၁ ဂိုး သွင်းယူထားသလို အသင်း၏ သမိုင်းတစ်လျှောက် စတုတ္ထမြောက် ပွဲအရေအတွက်အများဆုံး ကစားသမားလည်းဖြစ်ကာ ဘောလုံးရာသီ ၁၀ ခုကျော်အတွင်း ၄၈၈ ပွဲ ပါဝင်ကစားခဲ့သည်။ (Xinhua)
………………………………………………..
(English Version)
Griezmann set to seal Orlando City move
MADRID, March 23 (Xinhua) — Atletico Madrid forward Antoine Griezmann will leave the club at the end of the season to join Major League Soccer side Orlando City.
Spanish sports dailies Diario AS, Sport and El Mundo Deportivo are among the outlets reporting that Griezmann has been given permission by Atletico to travel to the United States during the current international break to sign his contract with Orlando City, with club sources confirming the move.
“Antoine Griezmann has been authorised by his club to travel to Orlando during his days off in order to make progress in the discussions linked to his future,” the source said on Monday.
There had been speculation that Griezmann could leave Atletico in February while the MLS transfer window was still open, but the 35-year-old’s strong form and the fact that Atletico remains in the Champions League and has also reached this season’s Copa del Rey final persuaded him to stay until the end of the current campaign.
Griezmann is Atletico’s all-time leading scorer with 211 goals and ranks fourth in appearances in the club’s history, having played 488 matches over 10 seasons.
English Caption 1
Atletico de Madrid’s Antoine Griezmann celebrates after scoring during the Laliga football match between Atletico de Madrid and Valencia C.F. in Madrid, Spain, Dec. 13, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Antoine Griezmann (L) of Atletico de Madrid competes during the UEFA Champions League football match between Atletico de Madrid and Inter Milan in Madrid, Spain, Nov. 26, 2025. (Xinhua/Cheng Min)
English Caption 3
Antoine Griezmann (top) of Atletico de Madrid vies with Renato Veiga of Villarreal during the La Liga football match between Atletico de Madrid and Villarreal CF in Madrid, Spain, on Sept. 13, 2025. (Photo by Gustavo Valiente/Xinhua)