Connect with us

Africa & Middle East

အမေရိကန်နှင့် အစ္စရေးတို့က ကမ္ဘာကြီးကို အဓိပ္ပာယ်လုံးဝမရှိသော စစ်ပွဲဆီသို့ ဆွဲခေါ်လျက်ရှိသည်ဟု ပေါ်တူဂီမီဒီယာဆို

အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် ကြီးမားသော ပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် အဆောက်အဦ မီးလောင်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

Lisbon ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အစ္စရေးတို့က ကမ္ဘာကြီးကို အဓိပ္ပာယ်လုံးဝမရှိသော စစ်ပွဲတစ်ခုဆီသို့ ဆွဲခေါ်လျက်ရှိပြီး ဤစစ်ပွဲသည် အဆိုးရွားဆုံးသော ပုံစံဖြင့် အဆုံးသတ်နိုင်ခြေရှိသော်လည်း အမေရိကန်နှင့် အစ္စရေးတို့သည် ဘက်အသီးသီးမှ ဝေဖန်မှုများနှင့် စစ်ပွဲရပ်တန့်ရန် ထပ်တလဲလဲ တောင်းဆိုသော တိုက်တွန်းသံများကို လျစ်လျူရှုခဲ့ကြကြောင်း ပေါ်တူဂီ “Público” သတင်းဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်သော မှတ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သော အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ (NCTC) ညွှန်ကြားရေးမှူး Joe Kent ပြောသလိုပင် အီရန်ကို တိုက်ခိုက်ရန် လုံးဝမလိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီရန်သည် အမေရိကန်အတွက် “အရေးပေါ် နီးကပ်နေပြီဖြစ်တဲ့ ခြိမ်းခြောက်မှု” မဟုတ်သလို ထိုကဲ့သို့သော လှုပ်ရှားမှုများသည် စီးပွားရေးနှင့် နိုင်ငံရေးအပါအဝင် အလွှာအသီးသီးတွင် အလွန်ဆိုးရွားသော အကျိုးဆက်များ ရှိမည်ကို လုံးဝကြိုတင်ခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ရလဒ်များကို မှားယွင်းစွာ သုံးသပ်ခဲ့ရုံသာမက အီရန်ကိုလည်း လျှော့တွက်ခဲ့ကြကြောင်း၊ အီရန်မှာမူမည်သည့်ပေးဆပ်မှုဖြင့်မဆို ၎င်း၏ ရှင်သန်မှုအတွက် တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ဖြစ်ရပ်မှန်များက သက်သေပြခဲ့သည်။ ပိုဆိုးသည်မှာ အများက တဖြည်းဖြည်း နားလည်သိမြင်လာသည့်အတိုင်း ဤစစ်ပွဲသည် ကနဦးမျှော်လင့်ထားသည်ထက် များစွာပိုကြာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအဖြစ်သို့ပင် ကြီးထွားလာနိုင်သည်။

ကမ္ဘာကြီးသည် စစ်ပွဲများအဆက်မပြတ်ဖြစ်နေသည့် အခြေအနေကို တဖြည်းဖြည်း နေသားတကျဖြစ်လာသည်မှာအလွန် ပူပန်စိုးရိမ်‌စရာဖြစ်သည်။ အကယ်၍ ဤကဲ့သို့သော အခြေအနေ ဆက်လက်ဖြစ်ပွားသွားပါက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ တစ်ဆင့်တိုး ဆိုးရွားလာပြီး လူနေမှုကုန်ကျစရိတ်များ အဆက်မပြတ် မြင့်တက်လာမည်ဖြစ်သည်။ စစ်ပွဲ မည်သို့စတင်သည်ကို အများကသိရသော်လည်း ယင်းက မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် အဆုံးသတ်မည်ကိုမူ မသိရပေ။ ရုရှား-ယူကရိန်းစစ်ပွဲကဲ့သို့ မူလက ၄ ရက်လောက်သာ ကြာမည်ဟု ထင်ထားသော်လည်း ယခုအခါ ၄ နှစ်ကျော်ခဲ့ပြီဖြစ်သည်။
စစ်ပွဲအခြေအနေ တဖြည်းဖြည်း ပုံမှန်အသွင်ဖြစ်လာခြင်းက လူသားများအတွက် ကြီးမားသည့်ခြိမ်းခြောက်မှု ဖြစ်စေသည်။ ဂါဇာ၊ အီရန်နှင့် လက်ဘနွန်တို့တွင် သေဆုံးမှုနှင့် ပျက်စီးမှုများသည် “နေ့စဉ်အသွင်” ဖြစ်လာပြီး နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနှင့် ကုလသမဂ္ဂတို့ကိုလည်း ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားကြသည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစည်းစနစ်ကို ဖျက်ဆီးရုံသာမက ကမ္ဘာကြီးအား ပျက်သုဉ်းစေနိုင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ခြေရှိသည့် ဖရိုဖရဲ အခြေအနေကိုပါ ဖန်တီးပေးမည်ဖြစ်သည်။
အလားတူပင် ဒေါသထွက်စရာကောင်းသည်မှာ အမေရိကန်သမ္မတ ထရမ့်က “အမေရိကန်ဟာ တော်တော်လေး ရှေ့ပြေးနေပြီး ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်။ ဒါကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာတဲ့အခါ ကျုပ်တို့ ငွေအများကြီး မြတ်နိုင်တယ်” ဟုဆိုရာ ၎င်းအတွက် ဤစစ်ပွဲဟာ အကျိုးအမြတ်ရှိ သလိုဖြစ်ပြီး လက်နက်ရောင်းချမှုကနေ အမေရိကန် ရရှိသော ကြီးမားသည့် အကျိုးအမြတ်များကို ပို၍ပင် ထည့်မတွက်စရာမလိုတော့ပေ။
ကမ္ဘာကြီးသည် စစ်ပွဲမဟုတ်သည့် ငြိမ်းချမ်းရေးကို တောင့်တသလို ငြိမ်းချမ်းမှုကိုလည်း လိုအပ်သည်။ (Xinhua)

……………………
(Chinese Version)
全球瞭望|葡萄牙媒体:美以正把世界拖入一场毫无意义的战争
新华社里斯本3月23日电(记者荀伟)葡萄牙《公众报》23日发表评论文章说,美国和以色列正把世界拖入一场毫无意义的战争,这场战争可能以最糟糕的方式收场,而美以对来自各方的批评和一再要求停战的呼声充耳不闻。文章摘要如下:
正如已辞职的美国国家反恐中心主任乔·肯特所说,根本没有必要攻击伊朗,因为伊朗并未对美国构成“迫在眉睫的威胁”,而且完全可以预见这样的行动将在经济和政治等各个层面造成极其负面的后果。事实证明,他们不仅误判了后果,还低估了伊朗,而伊朗决心不惜一切代价为自身生存而战。更糟糕的是,正如人们逐渐意识到的,这场战争持续时间可能远超最初预期,甚至演变为一场全球性冲突。
世界逐渐习惯于战事不止的状态,这令人深感忧虑。如果这种情况持续下去,全球经济将进一步恶化,生活成本不断上升。人们知道战争如何开始,却无从得知它何时、以何种方式结束。就像俄罗斯对乌克兰的战争,本以为只会持续4天,如今已超过4年。
逐渐常态化的战争状态,对人类构成了深刻威胁。在加沙、伊朗和黎巴嫩,死亡与毁灭变得“日常化”,国际法、人权以及联合国公然遭到无视。这不仅摧毁了二战后形成的国际秩序,还形成一种可能对世界造成致命影响的混乱局面。
同样令人愤慨的是,美国总统特朗普声称:“美国遥遥领先,是世界最大的石油生产国。因此,当油价上涨时,我们能赚很多钱。”仿佛这场战争对他来说是有利可图的,更不用说美国通过出售武器所获得的巨额收益。
世界渴望和平,也需要和平,而不是战争。(完)
图说:2月28日晚,以色列特拉维夫市区传出巨大爆炸声,有建筑物冒出火光。新华社记者 陈君清 摄