Connect with us

China

ကျောက်လဲ့ကျိနှင့် မွန်ဂိုလီးယားပြည်သူ့ပါတီကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် မွန်ဂိုလီးယားပြည်သူ့ပါတီဥက္ကဋ္ဌ၊ မွန်ဂိုးလီးယားနိုင်ငံ Great Hural ဥက္ကဋ္ဌ Nyam-Osor Uchral ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မတ် ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ မွန်ဂိုလီးယားပြည်သူ့ပါတီဥက္ကဋ္ဌ၊ မွန်ဂိုးလီးယားနိုင်ငံ Great Hural ဥက္ကဋ္ဌ Nyam-Osor Uchral ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျောက်လဲ့ကျိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Ukhnaagiin Khurelsukh တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-မွန်ဂိုလီးယား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း အတူတကွတည်ဆောက်သည့်၊ အပြန်အလှန် ဖေးမကူညီသည့်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သည့် အေးအတူပူအမျှ အသိုက်အဝန်း ဦးတည်ချက်သို့ တည်ငြိမ်စွာ လျှောက်လှမ်းခဲ့ကြကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မွန်ဂိုလီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ အရေးကြီးသော သဘောတူညီချက်များကို အတူတကွ လက်တွေ့ဖော်ဆောင်ရန်၊ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန်၊ အပြန်အလှန်၏ အဓိကကျသော အကျိုးစီးပွားနှင့် အရေးကြီးသော စိုးရိမ်မှုများကို ဆက်လက်၍ လေးစားရန်၊ ဥပဒေပြုအဖွဲ့အစည်းများကြား ကူးလူးဖလှယ်မှုကို နီးကပ်စေရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ ပြည်သူများကြား ချစ်ကြည်ရေးကို မြှင့်တင်ရန်၊ ဘက်စုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကျောက်လဲ့ကျိက တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်တစ်ခုလုံးဆိုင်ရာ ပြည်သူ့ဒီမိုကရေစီ လက်တွေ့လုပ်ဆောင်မှုများကိုလည်း မိတ်ဆက်ပြောကြားခဲ့သည်။

Uchral က တရုတ်နိုင်ငံနှင့်အတူ ရေရှည်တည်ငြိမ်ပြီး အပြန်အလှန်အကျိုးပြုမည့် ပူးပေါင်းဆောင်ရွက်မှုရှိသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်ရန်မှာ မွန်ဂိုးလီးယားနိုင်ငံ၏ အစဉ်တစိုက်ဖြစ်သော နိုင်ငံခြားရေး မူဝါဒဖြစ်ကြောင်း၊ မွန်ဂိုးလီးယားနိုင်ငံ Great Hural အနေဖြင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) နှင့်အတူ ကူးလူးသွားလာမှုကို အားကောင်းစေကာ နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
赵乐际会见蒙古人民党代表团
新华社北京3月23日电 中共中央政治局常委、全国人大常委会委员长赵乐际23日在北京会见由蒙古人民党主席、国家大呼拉尔主席乌其尔勒率领的蒙古人民党代表团。
赵乐际表示,在习近平主席和呼日勒苏赫总统的战略引领下,中蒙全面战略伙伴关系朝着共建和平共处、守望相助、合作共赢的命运共同体方向稳步迈进。中方愿同蒙方共同落实好两国元首重要共识,增进战略互信,继续尊重彼此核心利益和重大关切,密切立法机构交流,深化互利合作,促进人民友好,加强多边协调。赵乐际还介绍了中国全过程人民民主的实践。
乌其尔勒表示,同中国发展长期稳定、互利合作的友好关系,是蒙对外政策的一贯方针。蒙国家大呼拉尔愿同中国全国人大加强交流往来,促进两国务实合作不断发展。(完)
图说:3月23日,中共中央政治局常委、全国人大常委会委员长赵乐际在北京会见由蒙古人民党主席、国家大呼拉尔主席乌其尔勒率领的蒙古人民党代表团。 新华社记者 张领 摄