North America
အမေရိကန်စစ်တပ် အမှတ် ၃၁ မရိန်းတပ်ဖွဲ့ ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့ မတ် ၂၇ ရက်တွင် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိမည်ဟု အမေရိကန်မီဒီယာ ဖော်ပြ
ဝါရှင်တန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ် အမှတ် ၃၁ မရိန်းတပ်ဖွဲ့ ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့နှင့် ၎င်းတို့ လိုက်ပါလာသော ကမ်းတက်စစ်ဆင်ရေးစစ်သင်္ဘောနှစ်စင်းသည် မတ် ၂၇ ရက်တွင် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန် The Wall Street Journal ၏ မတ် ၂၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ထိုနေ့သည် အီရန်မှ ဟော်မုဇ်ရေလက်ကြား “ဖွင့်လှစ်ပေးရန်” အတွက် အမေရိကန် သမ္မတ ထရမ့်က ထပ်မံသတ်မှတ်ပေးထားသည့် နောက်ဆုံးနေ့လည်းဖြစ်ကြောင်း သတင်းက ထောက်ပြထားသည်။
ကမ်းတက်စစ်ဆင်ရေးစစ်သင်္ဘော USS New Orleans ၊ ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘော USS Tripoli နှင့် ၎င်းတို့တင်ဆောင်ထားသည့် အမှတ် ၃၁ မရိန်းတပ်ဖွဲ့ ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့ အဖွဲ့ဝင် ၂,၀၀၀ ကျော်သည် မတ် ၂၇ ရက်တွင် အရှေ့အလယ်ပိုင်းဒေသလှုပ်ရှားမှုကို တာဝန်ယူရသည့် အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တာဝန်ယူသောဒေသသို့ ဝင်ရောက်မည်ဖြစ်ကြောင်း၊ သို့သော် ဟော်မုဇ်ရေလက်ကြားသို့ ရောက်ရှိရန်အတွက် ရက်အနည်းငယ်လိုသေးကြောင်း အမေရိကန် အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။
USNI News ဝက်ဘ်ဆိုက်၏ မတ် ၂၃ ရက် သတင်းဖော်ပြချက်အရ USS Tripoli သင်္ဘောသည် လက်ရှိတွင် အိန္ဒိယသမုဒ္ဒရာ အလယ်ပိုင်းရှိ Diego Garcia ဆိပ်ကမ်းတွင် ရပ်နားထားကြောင်း သိရသည်။
ထရမ့်သည် မတ် ၂၁ ရက်တွင် အီရန်ကို ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားအား ဖွင့်ပေးရန်နှင့် သို့မဟုတ်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံအမျိုးမျိုးအား ဖျက်ဆီးသွားမည်ဟု လူမှုမီဒီယာမှတစ်ဆင့် ခြိမ်းခြောက်စကားဆိုခဲ့သည်။ ၎င်းသည် မတ် ၂၃ ရက်တွင် လူမှုမီဒီယာ၌ပင် ထပ်မံပို့စ်တင်၍ အမေရိကန်နှင့် အီရန်သည် လွန်ခဲ့သည့်နှစ်ရက်အတွင်း “အလွန်ကောင်းမွန်၍ ရလဒ်ကြွယ်ဝသော” တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန်ဘက်က အီရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွမ်းအင်အခြေခံအဆောက်အဦများအား လေကြောင်းတိုက်ခိုက်မှုကို “၅ ရက် နောက်ဆုတ်မည်” ဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အီရန်နှင့်အမေရိကန်ကြားတွင် မည်သည့်ဆွေးနွေးညှိနှိုင်းမှုမျှ မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美媒:美军第31海军陆战队远征队27日抵达中东
新华社华盛顿3月23日电 据美国《华尔街日报》23日报道,美军第31海军陆战队远征队及其搭乘的两栖战舰将于27日抵达中东地区。报道指出,这一天正好是美国总统特朗普为伊朗“开放”霍尔木兹海峡而重新设定的最后期限。
报道援引两名美国官员的话说,“新奥尔良”号两栖登陆舰、“的黎波里”号两栖攻击舰及其搭载的第31海军陆战队远征队2000多名队员将于27日进入负责中东地区行动的美军中央司令部责任区,但要抵达霍尔木兹海峡还需要几天时间。
据美国海军学会新闻网23日报道,“的黎波里”号目前停靠在印度洋中部的迪戈加西亚港。
特朗普21日在社交媒体发文向伊朗发出威胁,要求伊朗在48小时内开放霍尔木兹海峡,否则将摧毁其各类发电站。他23日又在社交媒体发文说,美国和伊朗过去两天进行了“非常良好且富有成效”的对话,美国将“推迟5天”空袭伊朗发电站及能源基础设施。而伊朗外交部说,伊美之间不存在任何谈判。(完)
图说:这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄
