Latin America
ကိုလံဘီယာစစ်ဘက်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူအရေအတွက် ၆၆ ဦးအထိ မြင့်တက်လာ
ဘိုဂိုတာ၊ မတ် ၂၄ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Putumayo ပြည်နယ်တွင် မတ် ၂၃ ရက်က ဖြစ်ပွားခဲ့သော စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျမှုတွင် သေဆုံးသူအရေအတွက်မှာ ၆၆ ဦးအထိ မြင့်တက်လာကြောင်း ကိုလံဘီယာစစ်တပ်က ထိုနေ့ ဒေသခံမီဒီယာများသို့ ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော ကိန်းဂဏန်းအချက်အလက်များအရ လေယာဉ်ပေါ်တွင် စုစုပေါင်း ၁၂၈ ဦး ပါဝင်ကြောင်း၊ သေဆုံးသူ ၆၆ ဦးအပြင် လူ ၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကိုလံဘီယာစစ်တပ်က ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ကိုလံဘီယာစစ်တပ်က လေယာဉ်ပေါ်တွင် စစ်သား ၁၁၄ ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး စုစုပေါင်း ၁၂၅ ဦး ရှိကြောင်း အတည်ပြုခဲ့သည်။ အဆိုပါစစ်ဘက်လေယာဉ်သည် C-130 Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး အခင်းဖြစ်ပွားစဉ်တွင် Puerto Leguizamo မှ Puerto Asís သို့ ပျံသန်းနေခြင်းဖြစ်သည်။ လေယာဉ်သည် ပျံတက်ပြီး မကြာမီတွင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ရာ လေဆိပ်မှ ၂ ကီလိုမီတာခန့်အကွာ၌ ပျက်ကျခဲ့သည်။ (Xinhua)

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် စစ်ဘက်လေယာဉ်ပျက်ကျမှုအတွင်း ဒဏ်ရာရသူများကို လက်ခံကုသပေးသော ဆေးရုံအား ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
哥伦比亚军机坠毁事件遇难人数升至66人
新华社波哥大3月23日电(记者李子健)哥伦比亚军方23日告诉当地媒体,该国西南部普图马约省当天发生的军用运输机坠毁事件遇难人数已升至66人。
哥军方说,最新统计显示,机上共载有128人。除66人遇难外,还有57人受伤、4人失踪、1人未受伤。
当天稍早前,哥伦比亚军方证实,机上载有114名军人和11名机组人员,共125人。这架军机是C-130型“大力神”运输机,事发时正从莱吉萨莫港飞往阿西斯港。飞机起飞后不久即出现故障,并在距离起飞机场约两公里处坠落。(完)
图说1:3月23日,在哥伦比亚首都波哥大,一辆用于运送军机坠毁事件伤者的救护车驶出医院。新华社发(安德烈斯·莫雷诺摄)
图说2:这是3月23日在哥伦比亚首都波哥大拍摄的一家收治军机坠毁事件部分伤者的医院。新华社发(安德烈斯·莫雷诺摄)
