North America
အီရန်စစ်ပွဲကို တပ်ကူ လေထီးစစ်သည် ၃,၀၀၀ စေလွှတ်ရန် ပင်တဂွန် စဉ်စားနေဟု အမေရိကန် မီဒီယာ ဖော်ပြ
ဝါရှင်တန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများကို အထောက်အကူပြုရန် ပင်တဂွန်က ကြည်းတပ် အမှတ် ၈၂ လေထီးတပ်မမှ အင်အား ၃,၀၀၀ ခန့်ရှိသော တပ်မဟာတစ်ခုကို စေလွှတ်ရန် စဉ်စားနေကြောင်း၊ ၎င်းအင်အားကို အီရန်၏ ရေနံတင်ပို့မှုအချက်အချာနေရာဖြစ်သော Kharg ကျွန်းအား သိမ်းပိုက်ရာ၌ အသုံးပြုနိုင်ကြောင်း The New York Times သတင်းစာ၏ မတ် ၂၃ ရက် သတင်းများအရ သိရသည်။
ယင်းတပ်ဖွဲ့သည် အမှတ် ၈၂ လေထီးတပ်မလက်အောက်ရှိ “လျှပ်တစ်ပြက်တုံ့ပြန်ရေးတပ်ဖွဲ့ (IRF)” မှ ဖြစ်ပြီး ၁၈ နာရီအတွင်း ကမ္ဘာ့မည်သည့်နေရာကိုမဆို ဖြန့်ကြက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ် အရာရှိတစ်ဦးက ဆိုသည်။
အမေရိကန်စစ်တပ်က Kharg ကျွန်းကို သိမ်းပိုက်ရန် အခြားနည်းလမ်းတစ်ခုကိုလည်း စဉ်စားနေကြောင်း၊ ယင်းမှာ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်နေသည့် အမှတ် ၃၁ မရိန်းတပ် မြေပြင်စစ်ဆင်ရေး ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့ အင်အား ၂,၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ရန် ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ အဆိုပါကျွန်းကို ပထမအကြိမ် ထိုးစစ်ဆင်ပြီးနောက် အမှတ် ၈၂ လေထီးတပ်မ၏ စစ်ဆင်ရေးတပ်မဟာကို အစားထိုးခြင်းနှင့် အလှည့်ကျတိုက်ခိုက်ရာတွင် အသုံးပြုနိုင်ကြောင်း သိရသည်။
ပင်တဂွန်စစ်ဌာနချုပ်နှင့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တို့က အဆိုပါကျွန်း သိမ်းပိုက်မှုနှင့် စပ်လျဉ်း၍ မည်သည့်သက်ဆိုင်ရာအမိန့်ကိုမျှ ချမှတ်ထားခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
ABC စသည့် အမေရိကန် မီဒီယာများ၏ မတ် ၂၀ ရက် သတင်းများအရ USS Boxer ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောများအပါအဝင် စစ်သင်္ဘော ၃ စင်းနှင့် မရိန်းတပ် မြေပြင်စစ်ဆင်ရေးတပ်ဖွဲ့ဝင် ၂,၂၀၀ ခန့်အပါအဝင် အမှတ် ၁၁ မရိန်းတပ် ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့များသည် ကယ်လီဖိုးနီးယားပြည်နယ် ဆိပ်ကမ်းမြို့ ဖြစ်သည့် ဆန်ဒီရေဂိုမြို့ ခရီးနှင်နေပြီဖြစ်ရာ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိရန် အနည်းဆုံး ရက်သတ္တပတ် သုံးပတ်ကြာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း ပင်တဂွန်စစ်ဌာနချုပ်သည် ဂျပန်နိုင်ငံမှ အမေရိကန်စစ်တပ်၏ USS Tripoli ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောသည် အမှတ် ၃၁ မရိန်းတပ် ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့ကို သယ်ဆောင်ကာ အရှေ့အလယ်ပိုင်းသို့ သွားရောက်နေပြီဖြစ်ရာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ပါရှန်းပင်လယ်ကွေ့ အနောက်မြောက်ပိုင်းတွင် တည်ရှိသည့် Kharg ကျွန်းသည် အီရန်ပင်လယ်ကမ်းရိုးတမ်းနှင့် ၂၅ ကီလိုမီတာခန့် ကွာဝေးပြီး အရှည် ၆ ကီလိုမီတာခန့်၊ အကျယ် ၃ ကီလိုမီတာခန့်ရှိရာ အီရန်၏ အကြီးဆုံး ရေနံစိမ်းတင်ပို့သည့်အခြေစိုက်စခန်းဖြစ်သလို အီရန်၏ ရေနံစိမ်း ၉၀ ရာခိုင်နှုန်းကို ယင်းနေရာမှ တင်ပို့ခြင်း ဖြစ်သည်။ အမေရိကန် စစ်တပ်သည် မတ် ၁၃ ရက်တွင် အဆိုပါကျွန်းကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美媒:五角大楼考虑调三千空降兵支援对伊朗战事
新华社华盛顿3月23日电 据美国《纽约时报》23日报道,五角大楼正考虑从陆军第82空降师抽调一个约3000人的作战旅,支援对伊朗军事行动,可能会用于夺取伊朗石油出口枢纽哈尔克岛。
五角大楼官员说,这支部队将来自第82空降师下辖的“即时反应部队”,具备在18小时内部署至全球任何地点的能力。 报道援引美官员的话说,美国军方还在考虑另一项夺取哈尔克岛的方案,由正在开赴中东地区的第31海军陆战队远征队约2500人发起进攻。对该岛发起首轮攻击之后,来自第82空降师的作战旅可用于接替和轮换。
报道说,五角大楼和美军中央司令部尚未就夺岛下达任何相关命令。
据美国广播公司等美国媒体20日报道,包括“拳师”号两栖攻击舰在内的3艘军舰和约2200名海军陆战队员在内的第11海军陆战队远征队已从加利福尼亚州港城圣迭戈启程,预计抵达中东至少需要三周。数天前,五角大楼已从日本调派美军“的黎波里”号两栖攻击舰运载第31海军陆战队远征队前往中东,预计本周晚些时候抵达。
哈尔克岛位于波斯湾西北部,距离伊朗海岸大约25公里,长约6公里、宽约3公里,是伊朗最大原油出口基地,伊朗90%的原油都从这里出口。美军13日对该岛军事目标实施了打击。(完)
1. 这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄
