Connect with us

Myanmar

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဇန်နဝါရီမှ မတ်လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၂၆ ဦး သေဆုံးပြီး အခြားသူ ၄၆ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွါးခဲ့သော ယာဉ်မတော်တဆမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ်လ ၁၉ ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မတ် ၂၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၂ မှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလတွင် ၁၆ မှု၊ ဖေဖော်ဝါရီလတွင် ၁၆ မှုနှင့် မတ်လ ၁ ရက်မှ ၁၉ ရက်အထိ ၁၀ မှု ဖြစ်ပွါးခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှု အများစုသည် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကြောင့် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း အဆိုပါ အမြန်လမ်းပေါ်၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၁၈၀ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၃၄၁ ဦး ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၅၈၇ ကီလိုမီတာ ရှည်လျားပြီး နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တို့ကို ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ (Xinhua)

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွါးခဲ့သော ယာဉ်မတော်တဆမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွါးခဲ့သော ယာဉ်မတော်တဆမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.