Connect with us

International Organizations

ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည့် ဥရုဂွေးအသင်းတွင် ဗယ်လ်ဗာဒီနှင့် အာရူဟိုတို့ ပါဝင်

ဥရုဂွေးနိုင်ငံ မွန်တီဗီဒီယိုမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ပီရူးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဥရုဂွေးအသင်းမှ ရိုဒရီဂို အာဂီရေ ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Photo courtesy of FIFA)

မွန်တီဗီဒီယို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အင်္ဂလန်၊ အယ်လ်ဂျီးရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲများအတွက် ဥရုဂွေးအသင်း၏ ကစားသမား ၂၈ ဦး စာရင်းကို မတ် ၂၃ ရက်က ကြေညာခဲ့ရာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖက်ဒရီကို ဗယ်လ်ဗာဒီနှင့် ဘာစီလိုနာနောက်ခံလူ ရော်နယ် အာရူဟိုတို့လည်း ပါဝင်လျက်ရှိသည်။
ထို့ပြင် အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ ဟိုဆေး မာရီယာ ဂျီမီနက်ဇ်၊ ဖလာမင်ဂို ကွင်းလယ်လူ ဂျော်ဂျီယန် ဒီအာရာစကေတာနှင့် အယ်လ်-ဟီလာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်တို့လည်း အဆိုပါလူစာရင်း၌ ပါဝင်လျက်ရှိသည်။
ဥရုဂွေးအသင်းမန်နေဂျာ မာဆယ်လို ဘီရယ်လ်ဆာက ၂၀၂၂ ခုနှစ် ဇွန်လကတည်းက အသင်းအတွက် ပါဝင်ကစားခွင့် မရတော့သည့် ဝါရင့်ဂိုးသမား ဖာနန်ဒို မူစ်လယ်ရာကိုလည်း ပြန်လည်ခေါ်ယူခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဥရုဂွေးအသင်းအတွက် စတင်ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးနောက် ၁၃၃ ပွဲ ပါဝင်ကစားထားသည့် အဆိုပါ အသက် ၃၉ နှစ်အရွယ် အက်စတူဒီယန်တေးစ် ကစားသမားက ဘောလုံးလောက၏ ထိပ်တန်းပြိုင်ပွဲကြီးဖြစ်သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ငါးကြိမ်မြောက် ပါဝင်နိုင်ရေးအတွက် ဥရုဂွေးလက်ရွေးစင်အသင်း၌ ရွေးချယ်ခံရရန် မျှော်လင့်နေသည်။
ဥရုဂွေးအသင်းမှာ မတ် ၂၇ ရက်တွင် ဝင်ဘာလေကွင်း၌ အင်္ဂလန်အသင်းနှင့်လည်းကောင်း၊ ထို့နောက် လေးရက်အကြာတွင် တူရင်မြို့၌ အယ်လ်ဂျီးရီးယားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်များသည် နည်းပြ ဘီရယ်လ်ဆာအနေဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်း ရွေးချယ်ခြင်းမပြုမီ ၎င်း၏ကစားသမားများကို စမ်းသပ်နိုင်မည့် နောက်ဆုံးအခွင့်အရေး ဖြစ်လာမည်ဖြစ်သည်။
ဥရုဂွေးအသင်းမှာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု- H အဖွင့်ပွဲစဉ်အဖြစ် ဆော်ဒီအာရေဗျအသင်းနှင့် ဇွန် ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဥရုဂွေးအသင်း၏ လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂိုး- ဆန်တီယာဂို မယ်လီ၊ ဖာနန်ဒို မူစ်လယ်ရာ၊ ဆာဂျီယို ရိုချက်
နောက်တန်း- ဟိုဆေး လူးဝစ်စ် ရော့ဒရီဂက်ဇ်၊ ဂွီလာမို ဗာရယ်လာ၊ ဆီဘက်ရှန် ကာဆာရက်စ်၊ ရော်နယ် အာရူဟို၊ ဟိုဆေး မာရီယာ ဂျီမီနက်ဇ်၊ ဆန်တီယာဂို ဘွယ်နို၊ မာသီးယက်စ် အိုလီဗီရာ၊ မာတီးယက်စ် ဗီနာ၊ ဟွာကင်း ပီကယ်ရက်ဇ်
အလယ်တန်း- ဟွမ်မာနူရယ် ဆာနာဘရီယာ၊ မာနူရယ် အူဂါတီနက်ဇ်ကေတေး၊ အမ်မီလီယာနို မာတီနက်ဇ်၊ ဂျော်ဂျီယန် ဒီအာရာစကေတာ၊ ဖယ်ကွန်ဒို တောရက်စ်၊ ဖယ်ကွန်ဒို ပယ်လစ်စထရီ၊ မက်ဆီမီလီယာနို အာရူဟို၊ နစ်ကိုးလပ်စ် ဒယ်လာခရုဇ်၊ ဘရိုင်ယန် ရော့ဒရီဂက်ဇ်၊ အော်ဂက်စတင် ကာနော့ဘီယို၊ နစ်ကိုးလပ်စ် ဖွန်ဆီကာ၊ ဖက်ဒရီကို ဗယ်လ်ဗာဒီ
ရှေ့တန်း- အော်ဂက်စတင် အယ်လ်ဗာရက်ဇ် မာတီနက်ဇ်၊ ရိုဒရီဂို အာဂီရေ၊ ဒါဝင် နူနက်ဇ်၊ ဖက်ဒရီကို ဗီနက်စ်
(Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ဖက်ဒရီကို ဗယ်လ်ဗာဒီ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ အယ်လ်ဘာစီတီမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က အယ်လ်ဘာစီတီအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ရော်နယ် အာရူဟို (ယာ) အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

……………………………………….
(English Version)
Uruguay names Valverde, Araujo for World Cup warm-ups
MONTEVIDEO, March 23 (Xinhua) — Real Madrid midfielder Federico Valverde and Barcelona defender Ronald Araujo were among 28 players named in Uruguay’s squad on Monday for friendlies against England and Algeria.
The squad also includes Atletico Madrid defender Jose Maria Gimenez, Flamengo midfielder Giorgian de Arrascaeta and Al-Hilal striker Darwin Nunez.
Manager Marcelo Bielsa recalled veteran goalkeeper Fernando Muslera, who has not played for his country since June 2022.
The 39-year-old Estudiantes player, who has been capped 133 times since his international debut in 2009, is hoping to join a select group of players to appear in five editions of football’s showpiece tournament.
Uruguay will play England at Wembley on March 27 and Algeria in Turin four days later.
The matches will provide the last chance for Bielsa to test his players before finalizing his squad for the World Cup in the United States, Mexico and Canada.
Uruguay will begin its campaign against Saudi Arabia in Group H on June 15.
Uruguay squad:
Goalkeepers: Santiago Mele, Fernando Muslera and Sergio Rochet.
Defenders: Jose Luis Rodriguez, Guillermo Varela, Sebastian Caceres, Ronald Araujo, Jose Maria Gimenez, Santiago Bueno, Mathias Olivera, Matias Vina and Joaquin Piquerez.
Midfielders: Juan Manuel Sanabria, Manuel Ugarte, Emiliano Martinez, Giorgian de Arrascaeta, Facundo Torres, Facundo Pellistri, Maximiliano Araujo, Nicolas de la Cruz, Brian Rodriguez, Agustin Canobbio, Nicolas Fonseca and Federico Valverde.
Forwards: Agustin Alvarez Martinez, Rodrigo Aguirre, Darwin Nunez and Federico Vinas.
English Caption 1
Rodrigo Aguirre of Uruguay celebrates scoring with teammates during their 2026 FIFA World Cup CONMEBOL qualifier against Peru in Montevideo, Uruguay, on Sept. 4, 2025. (Photo courtesy of FIFA)
English Caption 2
Real Madrid’s Federico Valverde celebrates his goal during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 3
Ronald Araujo (R) of Barcelona celebrates during the Copa del Rey quarterfinal match between Albacete and Barcelona in Albacete, Spain, Feb. 3, 2026. (Str/Xinhua)