International Organizations
ဆီဗီလာအသင်းနည်းပြသစ်အဖြစ် လူးဝစ် ဂါစီယာ ပလာဇာကို ခန့်အပ်
မက်ဒရစ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဆီဗီလာအသင်းက လူးဝစ် ဂါစီယာ ပလာဇာကို ပထမအသင်းနည်းပြသစ်အဖြစ် ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ စာချုပ်ဖြင့် မတ် ၂၄ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဆီဗီလာအသင်းအား ၂၉ ပွဲတွင် ၃၁ မှတ်ဖြင့် စပိန်လာလီဂါ၌ အဆင့် ၁၅ နေရာ၌ ရပ်တည်စေခဲ့ပြီး တန်းဆင်းဇုန်ထက် သုံးမှတ်သာ ကွာဟစေတော့မည်ဖြစ်ကာ ဗလင်စီယာအသင်းကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မတ် ၂၃ ရက်၌ ကလပ်မှ ထုတ်ပယ်ခံခဲ့ရသည့် မာတီးယက်စ် အယ်လ်မီဒါ၏ နေရာတွင် ဂါစီယာ ပလာဇာက ဝင်ရောက်ခြင်းဖြစ်သည်။
အသက် ၅၃ နှစ်အရွယ် နည်းပြ ဂါစီယာ ပလာဇာမှာ စပိန်လာလီဂါတွင် အတွေ့အကြုံများစွာရှိပြီး လီဗန်တေး၊ ဂီတာဖေး၊ ဗီလာရီးရဲရ်၊ မာလော့ကာနှင့် အလာဗက်စ်အသင်းတို့၌ နည်းပြလုပ်ခဲ့ဖူးပြီး အလာဗက်စ်အသင်းအား တန်းဆင်းဇုန်တွင် မရှိစေခဲ့သော်လည်း လွန်ခဲ့သည့်ရာသီတွင် အသင်းမှ ထုတ်ပယ်ခံခဲ့ရသည်။
၎င်း၏ ကစားသမားဘဝတစ်လျှောက်တွင် လီဗန်တေး၊ မာလော့ကာနှင့် အလာဗက်စ်အသင်းတို့ကို တန်းတက်အောင် ဦးဆောင်ခဲ့သည်။ တရုတ်နိုင်ငံရှိ Beijing Renhe အသင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံရှိ အယ်လ်ရှာဘတ်အသင်းတို့နှင့်လည်း လက်တွဲလုပ်ကိုင်ခဲ့သည်။
ဆီဗီလာအသင်းနည်းပြအဖြစ် ၎င်း၏ပထမဆုံးပွဲစဉ်မှာ ဧပြီ ၅ ရက်၌ အိုဗီဒိုအသင်းနှင့် အဝေးကွင်းပွဲစဉ်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းနောက်သီတင်းပတ်တွင် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Luis Garcia Plaza named as new Sevilla coach
MADRID, March 24 (Xinhua) — Sevilla on Tuesday appointed Luis Garcia Plaza as its new first-team coach on a contract running until the end of June 2027.
Garcia Plaza replaces Matias Almeyda, who was sacked by the club on Monday after a 2-0 home defeat to Valencia left Sevilla 15th in La Liga with 31 points from 29 matches, just three points above the relegation zone.
The 53-year-old has extensive experience in La Liga, having previously coached Levante, Getafe, Villarreal, Mallorca and Alaves, which dismissed him last season despite the club not being in the relegation zone.
During his career, he has led Levante, Mallorca and Alaves to promotion. He has also worked with Beijing Renhe in China and Al-Shabab in Saudi Arabia.
