Connect with us

Asia

အိန္ဒိယဝန်ကြီးချုပ်နှင့် သီရိလင်္ကာသမ္မတက စွမ်းအင်လုံခြုံရေးဆွေးနွေး

သီရိလင်္ကာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းကဏ္ဍ‌ပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) ထိပ်သီးဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီက အွန်လိုင်းမှ တက်ရောက်ပါဝင်သည်ကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် သီရိလင်္ကာနိုင်ငံသမ္မတ Anura Kumara Dissanayake တို့က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးဆိုင်ရာ အမြင်များကို မတ် ၂၄ ရက်၌ ဖုန်းဖြင့် ဆွေးနွေးမှုမှတစ်ဆင့် ဖလှယ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ခေါင်းဆောင်နှစ်ဦးက အနောက်အာရှတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးအား ထိခိုက်စေသော အနှောင့်အယှက်များကို အသားပေးဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ နှစ်ဦးစလုံးက ကမ္ဘာတစ်ဝန်းလုံး၏ အကျိုးစီးပွားအတွက် သင်္ဘောလိုင်းများကို ဖွင့်လှစ်ထားရန်နှင့် လုံခြုံစွာထားရှိရန် အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့ကြသည်။
အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် ဒေသတွင်းလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် အမျိုးမျိုးသော စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများကို ခေါင်းဆောင်နှစ်ဦးက ပြန်လည်သုံးသပ်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။
ဘုံစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် သီရိလင်္ကာနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ၏ ခိုင်မာသော ကတိကဝတ်ကို မိုဒီက ထပ်မံအတည်ပြုခဲ့သည်ဟုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Indian PM, Sri Lankan president discuss energy security
NEW DELHI, March 25 (Xinhua) — Indian Prime Minister Narendra Modi and Sri Lankan President Anura Kumara Dissanayake on Tuesday exchanged views on global energy security over the phone, India’s Ministry of External Affairs said.
According to the ministry, the two leaders discussed the evolving situation in West Asia with an emphasis on disruptions affecting global energy security. Both reiterated the importance of keeping shipping lines open and secure in the interest of the whole world.
The ministry also noted that the two leaders reviewed progress on various initiatives aimed at strengthening energy cooperation between India and Sri Lanka and enhancing regional security.
Modi reiterated India’s firm commitment to work closely together with Sri Lanka in addressing shared challenges, the ministry said. ■
English Caption
Indian Prime Minister Narendra Modi participates virtually in the 5th Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) Summit hosted by Sri Lanka on March 30, 2022. (Photo by Ajith Perera/Xinhua)