Connect with us

International Organizations

ဘရာဇီးအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ် အသင်းအပေါ် ယုံကြည်မှုရှိကြောင်း ရီဗယ်ဒို ပြော

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် Daye မြို့၌ ကျင်းပသည့် ၂၀၂၃ World Super Footballer Games ပြိုင်ပွဲ၏ အခမ်းအနားတစ်ခုသို့ တက်ရောက်နေသည့် ဘရာဇီး ဂန္ထဝင်ကစားသမား ရီဗယ်ဒိုအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော်လန်ဒို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမတိုင်မီ ဘရာဇီးလက်ရွေးစင်အသင်းအပေါ် နည်းပြ ကာလို အန်ဆယ်လော့တီ၏ ထိရောက်သော အကျိုးသက်ရောက်မှုများကို ကမ္ဘာ့ဖလားဆုရှင် ဘရာဇီး ဘောလုံးအကျော်အမော်ဟောင်း ရီဗယ်ဒိုက ချီးကျူးပြောဆိုခဲ့သည်။
ဘရာဇီးအသင်းအနေဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကာ လာမည့်သီတင်းပတ်တွင် ပြင်သစ်၊ ခရိုအေးရှားအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
“နည်းပြရဲ့ လုပ်ရည်ကိုင်ရည်အပေါ် ကျွန်တော် တော်တော်လေး ယုံကြည်ပါတယ်။ သူ ကောင်း‌ကောင်းလုပ်နေပါတယ်” ဟု ရီဗယ်ဒိုက မှတ်ချက်ပြုခဲ့ကြောင်း မတ် ၂၄ ရက်က ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ခြေစမ်းပွဲနှစ်ပွဲဆိုပေမဲ့ အဲဒီပွဲစဉ်တွေက ကမ္ဘာ့ဖလားနဲ့ အချိန်နီးကပ်နေတာမို့ အဲဒီနှစ်ပွဲမှာ‌ ခြေစွမ်းပြပြီး ပရိသတ်တွေအတွက်ရော ကစားသမားတွေကိုယ်တိုင်နဲ့ နည်းပြအဖွဲ့ဝင်တွေအတွက်ပါ ယုံကြည်မှု ရစေတာထက် ပိုကောင်းတဲ့အရာ မရှိနိုင်ပါဘူး။ ပွဲကောင်းနှစ်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဘာစီလိုနာနှင့် အေစီမီလန် တိုက်စစ်မှူးဟောင်းက ဆိုသည်။
ယမန်နှစ် မေလတွင် ဘရာဇီးအသင်းကို အန်ဆယ်လော့တီ စတင်ကိုင်တွယ်ခဲ့ပြီးနောက် လေးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။

ဘရာဇီးအသင်းမှာ မတ် ၂၆ ရက်၌ ဘော်စတွန်မြို့တွင် ပြင်သစ်အသင်းနှင့်လည်းကောင်း၊ မတ် ၃၁ ရက်၌ အော်လန်ဒိုမြို့တွင် ခရိုအေးရှားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အန်ဆယ်လော့တီအဖို့ ကမ္ဘာ့ဖလားလူစာရင်းကို အပြီးသတ်မရွေးချယ်မီ ကစားသမားများကို စမ်းသပ်အသုံးပြုရန် နောက်ဆုံးအခွင့်အရေး ဖြစ်လာမည်ဖြစ်သည်။
မတ် ၂၄ ရက်က အော်လန်ဒိုမြို့တွင် ပြုလုပ်သည့် ဘရာဇီးအသင်း၏ လေ့ကျင့်ခန်းအစီအစဉ်၌ CBF ၏ ဧည့်သည်တော်အဖြစ် ပါဝင်ခဲ့သည့် ရီဗယ်ဒိုက ဘရာဇီးအသင်း၏ စခန်းဝင်လေ့ကျင့်မှုမှာ စိတ်အားတက်ကြွလျက်ရှိသည်ဟု ဆိုသည်။
“အဲဒါက အတိတ်ကို ပြန်သတိရစေတယ်” ဟု ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဘရာဇီးအသင်း၏ ကစားသမားတစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ရီဗယ်ဒိုက ပြောသည်။
“ကျွန်တော် ကစားသမားတွေရဲ့ အခြေအနေကို ကြည့်ဖို့နဲ့ မီလန်မှာတုန်းက ကျွန်တော့်ရဲ့နည်းပြဖြစ်ခဲ့တဲ့ အန်ဆယ်လော့တီကို နှုတ်ဆက်ဖို့ လာခဲ့တာပါ။ အဲဒါက တကယ့်ကိုကောင်းမွန်ပြီး ဘရာဇီးအသင်းရဲ့ ပတ်ဝန်းကျင်ကလည်း သိပ်ကိုကြည်နူးစရာကောင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘရာဇီးအသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု-C အဖွင့်ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနှင့် စတင်ကစားရမည်ဖြစ်ကာ ထို့နောက် ဇွန် ၁၉ ရက်တွင် ဟေတီအသင်းနှင့်လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် စကော့တလန်အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာ အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ ဘရာဇီးအသင်း၏ ပွဲထွက်ကစားသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာ အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဘရာဇီးအသင်းနည်းပြချုပ် ကာလို အန်ဆယ်လော့တီ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Rivaldo confident as Brazil prepares for World Cup
ORLANDO, March 24 (Xinhua) — World Cup winner Rivaldo has praised the impact of manager Carlo Ancelotti on Brazil’s national team ahead of this year’s FIFA World Cup.
Brazil will step up its preparations for the tournament in the United States, Mexico and Canada with friendlies against France and Croatia over the next week.
“I’m very confident in the coach’s work, he’s doing a good job,” Rivaldo said in comments published on the Brazilian Football Confederation’s (CBF) website on Tuesday.
“These are two friendly matches, but they come close to the World Cup. There’s nothing better than putting in two good performances to give confidence to the fans, the players themselves and the coaching staff. I believe they will be two good games,” the former Barcelona and AC Milan forward added.
Since taking charge of Brazil last May, Ancelotti has overseen four wins, two draws and two losses.
Brazil will face France in Boston on Thursday and Croatia in Orlando next Tuesday in Ancelotti’s final chance to test his players before naming his World Cup squad.
Rivaldo, a guest of the CBF at Brazil’s training session in Orlando on Tuesday, said the mood in Brazil’s camp was buoyant.
“It brings back memories,” said the 53-year-old, part of the Brazil team that won the 2002 World Cup in Japan and South Korea.
“I came to see the players and say hello to Ancelotti, who was my coach at Milan. It’s really nice and the atmosphere in the Brazilian national team is very enjoyable.”
Brazil will begin its World Cup campaign against Morocco in Group C on June 13 before facing Haiti on June 19 and Scotland on June 24.
English Caption 1
Brazilian football legend Rivaldo attends an event for 2023 World Super Footballer Games in Daye, central China’s Hubei Province, Oct. 26, 2023. (Xinhua/Xiao Yijiu)
English Caption 2
Starting players of Brazil cheer up before the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)
English Caption 3
Carlo Ancelotti (L), head coach of Brazil, reacts during the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)