Connect with us

International Organizations

နိုင်ငံတကာ လူငယ်တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် တရုတ် ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်း သရေ ရလဒ်ထွက်ပေါ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တရုတ် ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ နိုင်ငံတကာ လူငယ်တံခွန်စိုက် ဘောလုံးပြိုင်ပွဲ မစတင်မီ တရုတ်အသင်း၏ ပွဲထွက်ကစားသမားများ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ရှီးအန်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် မတ် ၂၅ ရက်က တရုတ် ယူ-၂၃ အမျိုးသားဘောလုံးအသင်းနှင့် ထိုင်း ယူ-၂၃ အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ နိုင်ငံတကာ လူငယ်တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် တရုတ် ယူ-၂၃ အသင်းက ၂ ဂိုး ရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ ချေပဂိုးများ သွင်းယူနိုင်ခဲ့သဖြင့် ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလတွင် ၂၀၂၆ ယူ-၂၃ အာရှဖလား အုပ်စုအဆင့်ပွဲစဉ်၌ အဆိုပါနှစ်သင်း တွေ့ဆုံခဲ့စဉ်က ဂိုးမရှိသရေကျခဲ့သည်။ တရုတ် ယူ-၂၃ အသင်းမှ ကစားသမားအချို့အား လက်ရွေးစင်အသင်းက ခေါ်ယူထားသည့်အတွက် ယခုပွဲစဉ်၌ ပွဲထွက်လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ထားရသည်။
ပွဲချိန် ၂၂ မိနစ်တွင် ဂျက်ဟာနာဖီ မာမားက အားပါသည့် မြေမကျကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့သဖြင့် ထိုင်းအသင်းက ၁ ဂိုးအသာဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၃၅ မိနစ်တွင် ပေါက်စစ်မုန်၏ အမှားမှတစ်ဆင့် ချာဝမ်ဝစ် ဆီလောင်က ဧည့်သည်အသင်းအတွက် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။
သို့သော်လည်း ရှန့်ယွီဝမ့်က ပွဲချိန် ၄၉ မိနစ်တွင် အိမ်ရှင်အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ကာ ၁၈ မိနစ်အကြာတွင် လူစားဝင်တိုက်စစ်မှူး လီရှင်းရှန်က ချန်ကျယ်စိ၏ အဝေးဘောပေးပို့မှုမှတစ်ဆင့် အနီးကပ်ပိတ်သွင်းကာ ချေပဂိုးသွင်းယူခဲ့သဖြင့် ၂-၂ ဂိုး ဖြစ်သွားခဲ့သည်။
“ကျွန်တော်တို့ ပထမပိုင်းမှာ အရှိန်အဟုန်နဲ့ မကစားနိုင်ခဲ့ဘဲ တိုက်စစ်စွမ်းရည်တချို့လည်း ပျောက်ဆုံးနေခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အများကြီး ခြေစွမ်းတိုးတက်လာခဲ့တယ်” ဟု တရုတ်အသင်းနည်းပြချုပ် အန်တိုနီယို ပူးချေး ဗီဆန်တေးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒီရလဒ်အပေါ်မှာပဲ အာရုံစိုက်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ မျက်နှာသစ် ကစားသမားတွေ အများကြီးပါဝင်လို့ ပြိုင်ပွဲမှာ သူတို့ကို ပိုပြီးလေ့လာအကဲခတ်ဖို့ လိုပါတယ်။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း လာမယ့် အာရှအားကစားပြိုင်ပွဲမှာ တရုတ်အသင်းကို ကိုယ်စားပြုမယ့် အပြိုင်အဆိုင်ရှိတဲ့ အသင်းတစ်သင်းကို ဖွဲ့စည်းရမှာပါ” ဟု အဆိုပါ စပိန်နိုင်ငံသားနည်းပြက ဆိုသည်။
တရုတ်အသင်းအနေဖြင့် မတ် ၂၅ ရက် အစောပိုင်းပွဲစဉ်၌ ဗီယက်နမ်အသင်းနှင့် ၁ ဂိုးစီ သရေကျခဲ့သည့် မြောက်ကိုရီးယားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တရုတ် ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ နိုင်ငံတကာ လူငယ်တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် တရုတ်အသင်းကို အားပေးနေသည့် ပရိသတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တရုတ် ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ နိုင်ငံတကာ လူငယ်တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် တရုတ်အသင်းမှ ရှန့်ယွီဝမ့် (အလယ်) အမြင့်‌ဘောယှဉ်လုနေစဉ် (ဆင်ဟွာ)

…………………..
(English Version)
China U-23 football team draws with Thailand at International Youth Tournament
XI’AN, March 25 (Xinhua) — China U-23 men’s football team came from 2-0 down to draw with Thailand U-23 team 2-2 at 2026 International Youth Tournament here on Wednesday.
In January, the two sides played out a goalless tie at 2026 U23 Asian Cup’s group stage. China made massive changes in the starting line-up as some key players were called up by the senior side.
In the 22nd minute, Jehhanafee Mamah gave Thailand a 1-0 lead through a powerful volley. In the 35th minute, Bao Shimeng’s error allowed Chawanwit Sealao to make it 2-0 for the away side.
Xiang Yuwang pulled one back for the home side in the 49th minute. 18 minutes later, substitute striker Li Xinxiang leveled the game from a close range on Chen Zeshi’s long pass.
“We didn’t find our pace in the first half, and lacked some attacking strength, in the second half, we have improved a lot,” said Antonio Puche Vicente, head coach of China.
“We won’t stay focused on the result. We have many new faces, I need to observe them more in the tournament. We have to establish a competitive team representing China in the upcoming Asian Games through playing the tournament,” The Spanish added.
China will next play against Democratic People’s Republic of Korea who tied with Vietnam 1-1 in an earlier fixture on Wednesday.
English Caption 1
Starters of China pose for photos before the football match between China U-23 and Thailand U-23 at 2026 CFA Team China International Youth Tournament in Xi’an, northwest China’s Shaanxi Province, March 25, 2026. (Xinhua/Zou Jingyi)
English Caption 2
Fans cheer for team China during the football match between China U-23 and Thailand U-23 at 2026 CFA Team China International Youth Tournament in Xi’an, northwest China’s Shaanxi Province, March 25, 2026. (Xinhua/Zou Jingyi)
English Caption 3
Xiang Yuwang (C) of China vies for a header during the football match between China U-23 and Thailand U-23 at 2026 CFA Team China International Youth Tournament in Xi’an, northwest China’s Shaanxi Province, March 25, 2026. (Xinhua/Zou Jingyi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.