North America
နေတိုးအဖွဲ့ မဟာမိတ်များအား ထရမ့် ထပ်မံဝေဖန်ပြောကြား၊ နေတိုးအဖွဲ့ထံမှ မည်သည့်အရာမျှမလိုအပ်ဟု ဆို
ဝါရှင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က မတ် ၂၆ ရက်တွင် နေတိုးအဖွဲ့ မဟာမိတ်များအား ထပ်မံဝေဖန်ပြောကြားခဲ့ရာ နေတိုးအဖွဲ့ဝင် နိုင်ငံများသည် အီရန်အပေါ် အမေရိကန်၏စစ်ရေးလှုပ်ရှားမှုအတွင်း “မည်သည့်ကူညီမှုမျှ ပေးခဲ့ခြင်း လုံးဝမရှိ” ကြောင်း၊ “အမေရိကန်အနေဖြင့် နေတိုးအဖွဲ့ထံမှ မည်သည့်အရာမျှ မလိုအပ်” ကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် လူမှုမီဒီယာ၌ ပို့စ်တင်၍ အီရန်သည် စစ်ရေးအရ ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်းခံရပြီးဖြစ်ကြောင်း၊ အီရန်အား အမေရိကန် တိုက်ခိုက်မှုအတွက် ကူညီရန် နေတိုးအဖွဲ့ မဟာမိတ်များက မည်သည့်လှုပ်ရှားမှုမျှ လုပ်ဆောင်ခြင်း လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။
ထရမ့်က မတ် ၂၀ ရက်တွင်လည်း လူမှုမီဒီယာ၌ နေတိုးအဖွဲ့ကို ဝေဖန်ပြောကြားခဲ့ရာ နေတိုးအဖွဲ့ မဟာမိတ်များသည် အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ်စစ်ပွဲအတွင်း ပါဝင်လိုခြင်းမရှိသလို ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားလာမှုကို အာမခံပေးရန်အတွက် အမေရိကန်အား ကူညီပေးလိုခြင်းလည်း မရှိကြောင်း၊ ယနေ့တွင်မူ ၎င်းတို့က မြင့်မားသောရေနံဈေး ပေးချေနေရမှုအတွက် ညည်းတွားနေကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်မရှိရင် နေတိုးအဖွဲ့က စက္ကူကျားပဲ” ၊ “ငကြောက်တစ်အုပ်ပဲ၊ ကျုပ်တို့ မှတ်ထားတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
အီရန်အား အမေရိကန်တိုက်ခိုက်မှုတွင် ကူညီပေးရန်အတွက် မဟာမိတ်အချို့က “အားတက်သရောမရှိခြင်း” အပေါ် ထရမ့်က အကြိမ်များစွာ ပြစ်တင်ညည်းတွားခဲ့ပြီးဖြစ်သည်။ ၎င်းသည် မတ် ၁၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ နေတိုးမဟာမိတ်အများစုက အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန်ဆန္ဒမရှိကြောင်း အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နေတိုးအဖွဲ့နိုင်ငံနှင့် အခြားနိုင်ငံများ၏ ကူညီမှုလည်း မလိုအပ်တော့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
特朗普再次抨击北约盟友 称不需要北约的任何东西
新华社华盛顿3月26日电 美国总统特朗普26日再次抨击北约盟友,称北约国家在美国对伊朗军事行动中“绝对没有提供任何帮助”“美国不需要北约的任何东西”。
特朗普在社交媒体上发文宣称,伊朗已在军事上遭到重创,北约盟友绝对没有采取任何行动来帮助美国打击伊朗。
特朗普20日也曾在社交媒体上抨击北约,称北约盟友不愿加入美国和以色列对伊朗的战事,也不愿协助美国保障霍尔木兹海峡的通行,如今他们却抱怨被迫支付高油价。特朗普表示,“没有美国,北约就是纸老虎”。“一群懦夫!我们会记住的!”
特朗普已多次抱怨一些盟友对协助美国打击伊朗“不热衷”。他17日在社交媒体发文称,大多数北约盟友已通知美国不愿参与美国和以色列对伊朗的军事行动,美国不再需要北约国家和其他国家的帮助。(完)
图说:2025年6月25日,在荷兰海牙,美国总统特朗普(前)在北约峰会后出席记者会新华社记者 赵丁喆 摄
