Connect with us

North America

အရှေ့အလယ်ပိုင်းသို့ မြေပြင်တပ်ဖွဲ့ အင်အား ၁ သောင်း ထပ်တိုးစေလွှတ်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စဉ်းစားနေဟု အမေရိကန်မီဒီယာ ဖော်ပြ

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တဂွန်စစ်ဌာနချုပ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းသို့ မြေပြင်တပ်ဖွဲ့ အင်အား ၁ သောင်း ထပ်တိုးစေလွှတ်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စဉ်းစားနေသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း The Wall Street Journal ၏ မတ် ၂၆ ရက် သတင်းများအရ သိရသည်။

အဆိုပါတပ်ဖွဲ့တွင် ခြေလျင်တပ်ဖွဲ့ဝင်နှင့် သံချပ်ကာယာဉ်များ ပါဝင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိတွင် ၎င်းတပ်ဖွဲ့အား အရှေ့အလယ်ပိုင်း၏ မည်သည့်နေရာတွင် ဖြန့်ကြက်ထားမည်ကိုမူ အသေးစိတ် မသိရှိရသေးကြောင်း၊ သို့သော် ၎င်းဖြန့်ကြက်မည့်နေရာမှာ အီရန်နှင့် အီရန်၏ရေနံတင်ပို့ရာ အချက်အချာ Kharg ကျွန်းကို တိုက်ခိုက်နိုင်သည့် အတိုင်းအတာအတွင်း၌ ဖြစ်နိုင်ကြောင်း သတင်းအရ သိရသည်။
အဆိုပါသုံးသပ်ချက်အပေါ် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းပယ်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
အိမ်ဖြူတော် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Anna Kelly က “တပ်ဖွဲ့ဖြန့်ကြက်မှုနဲ့စပ်လျဉ်းတဲ့ ကြေညာချက်အကုန်လုံးကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါမယ်။ စစ်ရေးရွေးချယ်မှုအားလုံးကို သမ္မတ ထရမ့်က အမြဲလက်ကိုင်ထားတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က အမေရိကန်နှင့် အီရန် ဆွေးနွေးနေသည်ဟု အစဉ်တစိုက် ပြောကြားနေစေကာမူ အမေရိကန်စစ်တပ်က ယခုကာလများတွင် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့များ အဆက်မပြတ် ထပ်တိုးစေလွှတ်လျက်ရှိကြောင်း၊ ဂျပန်နှင့် အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှ မရိန်းတပ် ခြေလျင်တပ်ဖွဲ့နှစ်ဖွဲ့၏ ခရီးဝေးနှင်တပ်သား အင်အား ၅,၀၀၀ ခန့်အပြင် အမေရိကန်ကြည်းတပ် အမှတ် ၈၂ လေထီးတပ်မမှ အင်အား ၂,၀၀၀ ခန့်ကိုလည်း အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
美媒:国防部正考虑向中东增派1万人地面部队
新华社华盛顿3月26日电 据美国《华尔街日报》26日报道,美国防部官员透露,国防部正考虑向中东增派多达1万人的地面部队。
报道说,这支部队预计包括步兵和装甲车辆,目前尚不清楚这支部队在中东的具体部署地点,但其位置很可能处于能够对伊朗及其石油出口枢纽哈尔克岛实施打击的范围内。
报道说,美军中央司令部发言人拒绝就此发表评论。白宫副新闻秘书安娜·凯利表示:“所有关于部队部署的公告都将由国防部发布。特朗普总统始终掌握着所有的军事选项。”
尽管美国总统特朗普一直表示美国和伊朗正在谈判,但美军近期不断向中东地区增派部队,除从日本和美国加利福尼亚州调派两支海军陆战队远征队约5000人外,还调动美陆军第82空降师约2000名士兵前往中东。(完)
1. 这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。 新华社记者 刘杰 摄