Connect with us

Asia

အာဆီယံထိပ်သီးအစည်းအဝေးကို မေလ လဆန်းပိုင်းတွင် သတ်မှတ်ထားသည့်အတိုင်း ကျင်းပမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် ကျင်းပသည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဧည့်သည်တော်များက အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မေ ၈ ရက်မှ ၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူးပြည်နယ်၌ ကျင်းပသွားမည်ဟု ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်က မတ် ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ဖိလစ်ပိုင်သတင်းဌာန၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
မားကို့စ်သည် ထိုနေ့တွင် Cavite ပြည်နယ် Silang မြို့၌ မီဒီယာများ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် သက်ဆိုင်သည့် ရေနံအကျပ်အတည်းက ဆက်လက်ဖြစ်ပွားနေသော်လည်း အခြားအရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးအား သတ်မှတ်ထားသည့်အတိုင်း ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ပမာဏကိုလျှော့ချသွားမည်ဖြစ်ပြီး လက်ရှိစိန်ခေါ်မှုနှင့် အုပ်စုလိုက်ကိုင်တွယ်စီမံမည့်အစီအမံများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဓိကဆွေးနွေးမည့် အကြောင်းအရာများတွင် ရေနံနှင့် ရေနံထုတ်ကုန်များ ပံ့ပိုးပေးမှု၊ စားသောက်ကုန် ပံ့ပိုးမှုနှင့် ဈေးနှုန်း၊ အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းများ ရွှေ့ပြောင်းသွားလာမှု စသည်တို့ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ထမ်းဆောင်သွားမည်ဖြစ်သည်။ (Xinhua)

——————-
(Chinese Version)
菲律宾总统:东盟峰会将于5月上旬如期举行
新华社马尼拉3月27日电(记者赵晨捷 张怡晟)据菲律宾通讯社27日报道,菲总统马科斯当天称,第48届东盟峰会及系列会议将于5月8日至9日在菲律宾中部宿务省举行。
马科斯当天在甲米地省锡朗市接受媒体采访时说,尽管与中东战事相关的石油危机仍在持续,但与其他东南亚国家领导人磋商后,决定东盟峰会将如期举行。
他表示,此次东盟峰会及系列会议将缩减规模,讨论当前挑战和集体应对措施,主要议题包括石油和石油产品的供应、食品的供应和价格、流动务工人员等。
2026年,菲律宾担任东盟轮值主席国。(完)
图说:2025年10月26日,在马来西亚首都吉隆坡,嘉宾在第47届东盟峰会及系列会议开幕式上合影。新华社记者 岑云鹏 摄