Connect with us

International Organizations

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေး ဆားဘီးယားအသင်းနှင့် ခြေစမ်းပွဲအတွက် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရဖွယ်ရှိ

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က ဆားဘီးယားအသင်းနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၄-၂၀၂၅ ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် ဘောလုံးပွဲစဉ်၌ စပိန်အသင်းနည်းပြချုပ် လူးဝစ်စ် ဒယ်လာဖွန်တေး အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးအနေဖြင့် ယခုနွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်းကို အပြီးသတ်ရွေးချယ်ခြင်းမပြုမီ မတ် ၂၇ ရက်၌ ဆားဘီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲအတွက် အရေးကြီးဆုံးဖြတ်ချက်များကို ချမှတ်ရဖွယ်ရှိသည်။
ကာတာနိုင်ငံတွင် စပိန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် “Finalissima” ပွဲစဉ်အား အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖျက်သိမ်းခဲ့ရပြီးနောက် ယခုခြေစမ်းပွဲကို အလျင်အမြန် စီစဉ်ခဲ့ရခြင်းဖြစ်သည်။
နည်းပြဒယ်လာဖွန်တေးက လွန်ခဲ့သော နွေရာသီ၌ အက်စပန်ညိုမှ ပြောင်းရွှေ့လာပြီးနောက် အကောင်းဆုံးလက်စွမ်းပြနေသည့် ဘာစီလိုနာဂိုးသမား ယိုအန် ဂါစီယာ အပါအဝင် ဂိုးသမားလေးဦးကို အသင်းလူစာရင်း၌ ထည့်သွင်းရွေးချယ်ထားသည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လူးဝစ်စ် အန်နရီကေး၏နေရာကို ဒယ်လာဖွန်တေး အစားထိုးတာဝန်ယူခဲ့ချိန်မှစ၍ အူနိုင်း ဆီမွန်မှာ စပိန်အသင်း၏ ပထမဦးစားပေးဂိုးသမား ဖြစ်လာခဲ့သလို ဒေးဗစ် ရာယာကလည်း ယခုရာသီတွင် အာဆင်နယ်အသင်း၌ လက်စွမ်းပြလျက်ရှိသည်။
ထို့အတူ ရီးရဲလ်ဆိုစီဒက်ဂိုးသမား အဲလက်စ် ရီမီရိုမှာ စပိန်အသင်းအတွက် နှစ်ပွဲသာကစားထားသော်လည်း လူကြိုက်များသည့် ကစားသမားတစ်ဦးဖြစ်ကာ အသင်း၏ အဝတ်လဲခန်း၌လည်း အပြုသဘော သက်ရောက်မှုများ ဖြစ်ပေါ်စေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
နီကို ဝီလီယမ်စ် တင်ပါးဆုံရိုးဒဏ်ရာ ရရှိနေခြင်းကြောင့် ဒယ်လာဖွန်တေးက အန်ဒါ ဘာရန်နယ်တီယာနှင့် ဗစ်တာ မူနော့ဇ်တို့ကို ရွေးချယ်ထားရာ ၎င်းတို့နှစ်ဦးအနေဖြင့် ဘာရန်နယ်တီယာ၏ ရီးရဲလ်ဆိုစီဒက်အသင်းဖော် ကားလို့စ် ဆိုလာနှင့်အတူ ပွဲထွက်ခွင့်ရလာဖွယ်ရှိသည်။
အာဆင်နယ်နောက်ခံလူ ခရစ်စ်သီယန် မော့စ်ကယ်ရာသည်လည်း ယူ-၂၁ အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သလို ပရီးမီးယားလိဂ်တွင်လည်း ခြေစွမ်းပြကစားနေသည့်အတွက် အခွင့်အရေးရလာဖွယ်ရှိသည်။ (Xinhua)

စပိန်နိုင်ငံ အယ်လ်ချီမြို့ရှိ မာနူအယ် မာတီနက်ဇ် ဗယ်လာရိုအားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ စပိန်အသင်းမှ ပက်ဒရီ (ဝဲ) နှင့် ဂျော်ဂျီယာအသင်းမှ အိုတာ ကစ်တီရှဗီလီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်အသင်းမှ ဖယ်ရန် တောရက်စ် (ဝဲ-အရှေ့) ၏ ယှဉ်ပြိုင်ကစားပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Spain coach De la Fuente faces tough decisions for Serbia friendly
MADRID, March 26 (Xinhua) — Spain coach Luis de la Fuente faces several important decisions when his side plays Serbia in a friendly on Friday ahead of naming his squad for this summer’s World Cup.
The game was hastily arranged after the “Finalissima”, which had been due to be played between Spain and Argentina in Qatar, was canceled because of the conflict in the Middle East.
De la Fuente has named four goalkeepers in his squad, including FC Barcelona’s Joan Garcia, who has been in excellent form since joining from Espanyol last summer.
Unai Simon has been De la Fuente’s first-choice goalkeeper since he replaced Luis Enrique after the 2022 World Cup, while David Raya has also been in fine form for Arsenal this season.
Despite making only two appearances for Spain, Real Sociedad goalkeeper Alex Remiro is reported to be a popular figure and a positive presence in the dressing room.
Because of Nico Williams’ ongoing pelvic problem, De la Fuente called up Ander Barrenetxea and Victor Munoz, and the duo could get their chance along with Barrenetxea’s Real Sociedad teammate Carlos Soler.
Arsenal defender Cristhian Mosquera will also get an opportunity after captaining the under-21 side and enjoying an excellent season in the Premier League.
English Caption 1
Spain’s head coach Luis de la Fuente gestures during UEFA Nations League 2024/25 match between Serbia and Spain in Belgrade, Serbia, Sept. 5, 2024. (Photo by Predrag Milosavljevic/Xinhua)
English Caption 2
Pedri (L) of Spain vies with Otar Kiteishvili of Georgia during their 2026 FIFA World Cup UEFA qualifier at Manuel Martinez Valero Stadium, Elche, Spain, on Oct. 11, 2025. (Photo by Stinger/Xinhua)
English Caption 3
Ferran Torres (front L) of Spain in action during the match. (Photo by Stinger/Xinhua)