Africa & Middle East
အီရန်နိုင်ငံ တောင်ပိုင်း လေပိုင်နက်အတွင်း အမေရိကန်၏ F-16 တိုက်လေယာဉ်နှင့် MQ-9 ဒရုန်းတို့ကို ပစ်ချခဲ့ဟု အီရန်၏ IRGC တပ်ဖွဲ့ အခိုင်အမာပြောကြား
တီဟီရန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက နိုင်ငံတောင်ပိုင်း လေပိုင်နက်အတွင်း အမေရိကန်၏ F-16 Fighting Falcon တိုက်လေယာဉ်တစ်စင်းနှင့် MQ-9 Reaper ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က မတ် ၂၈ ရက်၌ အခိုင်အမာပြောကြားခဲ့သည်။အမေရိကန်နှင့် အစ္စရေးတို့ ပိုင်ဆိုင်သော အကြီးစားစက်မှုလုပ်ငန်းများကို မိမိတို့၏ ရေတပ်နှင့် လေကြောင်းနှင့် အာကာသတပ်ဖွဲ့က ဒုံးကျည်များ၊ ဒရုန်းများဖြင့် လက်တုံ့ပြန်တိုက်ခိုက်သည့် စစ်ဆင်ရေးများအတွင်း အဆိုပါ အမေရိကန် ဂျက်တိုက်လေယာဉ်နှင့် ဒရုန်းတို့ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း IRGC က ယင်း၏ တရားဝင်သတင်းဌာန Sepah News တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) ကလည်း ၎င်းတို့၏ F-16 Fighting Falcon တိုက်လေယာဉ် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း ဝန်ခံခဲ့သည်ဟု အဆိုပါ ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
CENTCOM က “အမေရိကန်လေတပ်ရဲ့ F-16 Fighting Falcon တိုက်လေယာဉ်တစ်စင်းဟာ Epic Fury စစ်ဆင်ရေးအတွက် အထောက်အကူပေးဖို့ တိုက်ပွဲဝင်ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသက စစ်အခြေစိုက်စခန်းတစ်ခုဆီ ဆင်းသက်ခဲ့တယ်” ဟု X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ပို့စ်တင်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အား ပူးတွဲတိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ရာ အီရန်နှင့် ၎င်း၏ ဒေသတွင်းမဟာမိတ်များကလည်း အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် အမေရိကန်တို့၏ အကျိုးစီးပွားများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးနောက် တင်းမာမှုများ အရှိန်မြင့်တက်နေစဉ် ယခုအခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။ (Xinhua)
……………………………………………………….
(English Version)
Iran’s IRGC claims downing of U.S. F-16, MQ-9 drone in southern airspace
TEHRAN, March 28 (Xinhua) — Iran’s Islamic Revolution Guard Corps (IRGC) claimed on Saturday its air defense has struck a U.S. F-16 Fighting Falcon and an MQ-9 Reaper drone in the country’s southern airspace.
Making the announcement in a statement on its official news outlet Sepah News, the IRGC said the U.S. fighter jet and drone were hit during joint retaliatory missile and drone operations by its Navy and Aerospace Division against heavy industries belonging to the United States and Israel.
It added that the U.S. Central Command (CENTCOM) has also confessed that its F-16 Fighting Falcon was targeted.
In a post on social media platform X, CENTCOM said, “A U.S. Air Force F-16 Fighting Falcon lands at a base in the Middle East after a combat flight in support of Operation Epic Fury.”
The development came amid heightened tensions following joint U.S.-Israeli strikes on Iran starting on Feb. 28, to which Iran and its regional allies responded with attacks on Israeli and U.S. interests across the Middle East.
English Caption
An F-16 fighter jet performs at the air show in Houston, the United States, on Oct. 10, 2020. (Photo by Lao Chengyue/Xinhua)
