Africa & Middle East
ထိုင်းနိုင်ငံက ရေယာဉ်များ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းခွင့်ရရှိ
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကြားမှ စွမ်းအင်ပြတ်တောက်မည့် အလားအလာအပေါ် စိုးရိမ်ပူပန်မှုများ ပြေလျော့ရေးအထောက်အကူဖြစ်စေရန် ဒေသတွင်း မိတ်ဖက်များနှင့်အတူ သံတမန်ရေး ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံ၏ ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းခွင့် အောင်မြင်စွာရရှိခဲ့ကြောင်း ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနထံမှ သိရသည်။
ထိုင်းကုန်တင်သင်္ဘော Mayuree Naree မှာ မတ် ၁၁ ရက်က ဟော်မုဇ်ရေလက်ကြားတွင် ခုတ်မောင်းနေစဉ် တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား သုံးဦး ပျောက်ဆုံးသွားချိန်မှစ၍ ပဋိပက္ခအတွင်း ထိုင်းရေယာဉ်များ ပါဝင်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံဘက်က တိုက်ရိုက်သံတမန်ရေးဆက်သွယ်ရာ၌ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က ထုတ်ပြန်ခဲ့သည်။
MFA ဘက်က အဆိုပါ ဗျူဟာမြောက်ရေလက်ကြားမှတစ်ဆင့် ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် တောင်းဆိုခဲ့သလို အီရန်အာဏာပိုင်များဘက်ကလည်း တောင်းဆိုချက်ကို ချက်ချင်း လက်ခံပြောကြားခဲ့ပြီး ယင်းဧရိယာအား ဖြတ်သန်းသွားမည့် ရေယာဉ်များ၏ အသေးစိတ်အကြောင်းအရာများကို မေးမြန်းခဲ့သည်။
အစိုးရအနေဖြင့် လတ်တလောဖြစ်ပွားနေသော ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြောင့် ဖိအားများ မြင့်တက်လာခိုက် စွမ်းအင်ဖူလုံမှုရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က မတ် ၂၈ ရက်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Thailand secures safe Hormuz Strait passage for vessels
BANGKOK, March 28 (Xinhua) — Thailand has successfully secured safe passage for its oil tankers through the Strait of Hormuz following diplomatic coordination with regional partners, helping ease concerns over potential energy supply disruptions amid the ongoing tensions in the Middle East, according to the government’s public relations department.
According to the Ministry of Foreign Affairs (MFA), Thailand has engaged in direct diplomatic communication to clarify that Thai vessels are not involved in the conflict since the Thai cargo ship Mayuree Naree came under attack on March 11 while sailing in the Strait of Hormuz, leaving three crew members unaccounted for.
The MFA also requested safe navigation through the strategic waterway, while Iranian authorities subsequently acknowledged the request and asked for details of the vessels transiting the area.
The government is accelerating efforts to strengthen energy security amid mounting pressure from the ongoing global energy crisis, Thai Prime Minister Anutin Charnvirakul told a press conference on Saturday.
Photo: A fire breaks out on a Thai cargo ship after it was struck in the Strait of Hormuz on March 11, 2026. (Royal Thai Navy/Handout via Xinhua)
