Connect with us

International Organizations

ဆွစ်ဇာလန်အသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ်၌ ဂျာမနီအသင်းမှ ဖလော်ရီယန် ဗက်ဇ် အထူးခြေစွမ်းပြနိုင်ခဲ့

ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၈ ရက်က ဂျာမနီအသင်းနှင့် ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် A ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ၌ ဂျာမနီအသင်းမှ ဖလော်ရီယန် ဗက်ဇ် (ဝဲ) နှင့် ပြင်သစ်အသင်းမှ လူးကက်စ် ဟာနန်ဒက်ဇ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဘေဆယ်အသင်း၏အိမ်ကွင်း စိန့်ဂျာကက်ဘ်ပါ့ခ်၌ လက်ခုပ်ဩဘာသံများကြား ဖလော်ရီယန် ဗက်ဇ်မှာ ရှိုးတိုးရှန့်တန့် အမူအရာဖြင့် ပြုံးရယ်လျက်ရှိသည်။ပရိသတ်ပေါင်းများစွာက အဆိုပါ အသက် ၂၂ နှစ်အရွယ် လီဗာပူးလ် တိုက်စစ်ကစားသမားကို သောင်းသောင်းဖြဖြ အားပေးခဲ့ကြပြီး ဗက်ဇ်အနေဖြင့် အဆိုပါပွဲစဉ်၌ သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၁၈ နှစ်အတွင်း ဆွစ်ဇာလန်အသင်းအား ပထမဆုံးအကြိမ် အနိုင်ရရှိအောင် ဂျာမနီအသင်းကို ကူညီစွမ်းဆောင်ပေးခဲ့ပြီးနောက် ၎င်းက ပွဲပြီးရုပ်သံအင်တာဗျူး၌ အလေးအနက် သုံးသပ်ပြောဆိုခဲ့သည်။

ကမ္ဘာ့အဆင့် ခြေစွမ်းအဖြစ် ဂုဏ်ပြုပြောဆိုမှုများ၊ ချီးကျူးမှုများ တစ်ခဲနက် ထွက်ပေါ်လာခြင်းက ယမန်နှစ် နွေရာသီတွင် ဘေယာ လေဗာကူဆင်အသင်းမှ ပြောင်းရွှေ့ကာ လီဗာပူးလ် ကစားသမားဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရသည့် အဆိုပါ တိုက်စစ်ကစားသမားအဖို့ စိတ်ဓာတ်မြှင့်တင်ပေးသည့် ကုထုံးတစ်ခုပမာ ဖြစ်ခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်၌ ဂိုးသွင်းခွင့်လွဲချော်ခဲ့ပြီးနောက် စိတ်ပျက်နေသည့် လီဗာပူးလ်အသင်းမှ ဖလော်ရီယန် ဗက်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)

“သူဟာ ခက်ခဲနေတဲ့ အခြေအနေမှာတောင် အကျိုးပြုနိုင်ပါတယ်။ အဲဒါက အခြေအနေတွေ အမြဲတမ်း တစ်သမတ်တည်း ရှိမနေတတ်တဲ့ လူငယ်ကစားသမားတစ်ယောက်ရဲ့ ပင်ကိုစရိုက်လက္ခဏာတွေကို ပုံဖော်ပေးပါတယ်” ဟု ဂျာမနီအသင်းနည်းပြ ဂျူလီယန် နာဂယ်စ်မန်းက ဆိုသည်။
နိုင်ငံတကာမီဒီယာများက ဗက်ဇ်၏ စွမ်းဆောင်ရည်အပေါ် ချီးကျူးနေစဉ် နာဂယ်လ်စမန်းက ၎င်း၏ အဓိက တိုက်စစ်ကစားသမားနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ဗက်ဇ်အနေဖြင့် ယူရို ၁၂၅ သန်းတန် ပြောင်းရွှေ့ကြေး၏ ဖိအားသက်ရောက်မှုနှင့်အတူ ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသည်။

ဂျာမနီနိုင်ငံ ဆင်န်ရှိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ဂျာမနီအသင်းနှင့် လူဇင်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ဂျာမနီအသင်းနည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်း အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ ပြီးခဲ့တဲ့လတွေမှာ ပိုပြီးရင်းနှီးလာကြတယ်။ သူက လုံးဝကိုပွင့်လင်းတယ်။ သူက သိပ်ကိုဉာဏ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်လို့ သူ့ဆီကနေ အရေးပါတဲ့ တုံ့ပြန်မှုတွေ အများကြီးရနိုင်တယ်” ဟု နာဂယ်စ်မန်းက ပြောသည်။
ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်လာရန် ကြိုးစားနေသည့် ကစားသမားတစ်ဦးအဖို့ ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် တည်ဆောက်ခြင်းမှာ အလွန်အရေးပါကြောင်း၊ မွေးချင်း ညီအစ်ကိုမောင်နှမ ၁၀ ဦးရှိသည့် ဗက်ဇ်အနေဖြင့်လည်း ယင်းနှင့်ပတ်သက်၍ တိုးတက်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နာဂယ်စ်မန်းက ဆက်လက်ပြောသည်။

လီဗာပူးလ်အသင်း၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းမှာ ပုံမှန်သဘောသဘာဝသာဖြစ်ကြောင်း၊ ဗက်ဇ်အနေဖြင့် ထိုမျှပြင်းထန်သည့် ဖိအားများနှင့် အကျွမ်းတဝင်မရှိသေးကြောင်း ဂျာမနီနည်းပြက ဆိုသည်။
ဗက်ဇ်က ထိုပွဲစဉ်မှာ ဂျာမနီအသင်းဂျာစီ ဝတ်ဆင်ကစားခဲ့သမျှ ပွဲစဉ်များအနက် ၎င်း၏ အကောင်းဆုံးစွမ်းဆောင်ရည် ဖြစ်သည်ဟု ပြောကြားခဲ့ကာ ဘေဆယ်မြို့၌ ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ၎င်း၏ မိဘနှစ်ဦးဖြစ်သည့် ကာရင်နှင့် ဟန်စ်တို့လည်း ပွဲကြည့်စင်ပေါ်မှ လာရောက်အားပေးခဲ့သည်။
ဂျာမနီ ဂန္ထဝင်နှင့် ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူ လိုသာ မက်သီးယက်စ်က ဗက်ဇ်၏ခြေစွမ်းမှာ အလွန်ထူးခြားကောင်းမွန်သည်ဟု ညွှန်းဆိုခဲ့သည်။
“အဲဒါက သိပ်ကိုထူးခြားကောင်းမွန်ပါတယ်” ဟု ၁၉၉၀ ကမ္ဘာ့ဖလားဆုရှင် မက်သီးယက်စ်က ပြောကြားခဲ့သည်။ “သူ့ရဲ့ရင်သပ်ရှုမောဖွယ် သွင်းဂိုးတွေတင်မကပါဘူး။ အသင်းဖော်တွေကလည်း သူ့ကို ဦးဆောင်သူတစ်ယောက်အနေနဲ့ အားကိုးတကြီး မျှော်လင့်ထားကြတယ်။ သူက ခံစစ်ကိုဝင်ကူနိုင်သလို ဇွဲလုံ့လလည်းရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဗက်ဇ်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြန်ရလာပြီဟုလည်း မက်သီးယက်စ်က ဆိုသည်။ဂျာမနီအသင်း၏ မောင်းနှင်အားအဖြစ် ပေါ်ထွက်လာသည့် ဗက်ဇ်မှာ ယခုအခါ စိတ်ဓာတ်တက်ကြွမှုများ ဖြစ်ပေါ်လာပုံရသည်။
“ကျွန်တော်တို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်ပြီး ဆုဖလားကိုင်မြှောက်ချင်ပါတယ်။ အဲဒါကို ဘယ်သူ့ကိုမှ ဖုံးကွယ်စရာအကြောင်းမရှိပါဘူး” ဟု ဗက်ဇ်က ပြောသည်။
ဂျာမနီ နေ့စဉ်သတင်းစာ Sueddeutsche Zeitung ဗက်ဇ်၏ စွမ်းဆောင်ရည်အား “ဗိုလ်လုပွဲပမာ ယှဉ်ပြိုင်မှု” ဟူ၍လည်းကောင်း၊ “တစ်ကိုယ်တော် အစွမ်းပြမှု” ဟူ၍လည်းကောင်း သုံးနှုန်းဖော်ပြခဲ့သည်။ ဆွစ်ဇာလန် ရုပ်သံကလည်း ၎င်းအား “မှော်ဆရာတစ်ဦး” အဖြစ် ညွှန်းဆိုခဲ့သလို စပိန်သတင်းစာ AS ကလည်း ဗက်ဇ်မှာ လီဗာပူးလ်အသင်း ပေးချေခဲ့ရသည့် ယူရို ၁၂၅ သန်းနှင့် ထိုက်တန်သည်ဟု ဆိုသည်။

နာဂယ်စ်မန်းက ဗက်ဇ်မှာ ပွဲရလဒ်ကို ပြောင်းလဲနိုင်သူဖြစ်သည်ဟု ပြောကြားခဲ့ပြီး No. 10 နေရာမှ ၎င်း၏အခန်းကဏ္ဍကိုလည်း ချီးကျူးခဲ့သည်။”သူ့နာမည်က ကမ္ဘာ့ဘောလုံးလောကမှာ လူသိများနေပါပြီ။ သူ့အနေနဲ့ ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဘောလုံးအားကစားရဲ့ ထိပ်ဆုံးကို ရောက်လာပါလိမ့်မယ်” ဟု နည်းပြ နာဂယ်စ်မန်းက ဆိုသည်။ဗက်ဇ်အနေဖြင့် ထိုနေ့ည နှောင်းပိုင်းတွင် ၎င်း၏မိဘများကို ပွေ့ဖက်၍ အောင်ပွဲခံခဲ့ခြင်းမှာ ၎င်းအတွက် အဓိပ္ပာယ်အပြည့်ဝဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။ (Xinhua)
#Germany #FlorianWirtz #ဂျာမနီအသင်း #ဖလော်ရီယန်ဗက်ဇ်
……………………………………………..
(English Version)
Germany’s Wirtz delivers statement display in Switzerland win
BERLIN, March 28 (Xinhua) — Wearing a shy smile, Florian Wirtz soaked in the applause at Basel’s St. Jakob Park.
Dozens of fans cheered the 22-year-old Liverpool forward as he reflected in post-match television interviews on his two goals and two assists, which helped Germany secure a 4-3 victory over Switzerland, its first win over the host nation in 18 years.
The outpouring of praise, hailing a world-class display, felt almost therapeutic for the Liverpool attacker after a difficult start following his move from Bayer Leverkusen last summer.
“He can benefit from a difficult situation. It shapes your personality as a young footballer when things don’t always go in one direction,” Germany coach Julian Nagelsmann said.
While international media lauded Wirtz’s performance, Nagelsmann revealed he had held multiple discussions with his leading forward, who has struggled in the Premier League under the weight of a reported 125 million euro transfer fee.
“We grew closer over the months,” Nagelsmann said. “He completely opened up. He is a very smart person, you get a lot of valuable responses.”
Developing resilience is essential for a player on the path to world-class level, Nagelsmann added, noting that Wirtz, one of 10 siblings, is making that progression.
The coach described the challenges in Liverpool as natural, saying Wirtz “wasn’t used to this amount of headwinds.”
Wirtz himself called it his best performance in a Germany shirt, with his parents, Karin and Hans, watching from the stands in Basel.
Germany great and television pundit Lothar Matthaus described the display as outstanding.
“This was cum laude,” the 1990 World Cup winner said. “It’s not only his breathtaking goals. Teammates look to him as a leading force. He is diligent, including in defensive work.”
Matthaus added that Wirtz’s self-confidence had returned.
Emerging as Germany’s driving force, Wirtz appeared swept up in the moment.
“We want to reach the World Cup final and win the trophy. There is no reason to hide behind anyone,” he said.
German daily Sueddeutsche Zeitung called his performance “final-like” and “a personal show.” Swiss television labeled him “a magician,” while Spanish newspaper AS said Wirtz is worth the 125 million euros Liverpool paid.
Nagelsmann called him a game-changer, praising his interpretation of the No. 10 role.
“His name is known in world football. If he stays on this path, he will be at the top of the game,” the coach said.
For Wirtz, the most meaningful moment came later that night, when he embraced his parents.
English Caption 1
Florian Wirtz (L) of Germany vies with Lucas Hernandez of France during the UEFA Nations League A third-place match between Germany and France in Stuttgart, Germany, June 8, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Liverpool’s Florian Wirtz reacts after missing a chance to score during the English Premier League match between Crystal Palace FC and Liverpool FC in London, Britain, on Sept. 27, 2025. (Xinhua)
English Caption 3
Julian Nagelsmann, head coach of Germany, celebrates during the 2026 World Cup European Qualifiers football match between Germany and Luxembourg in Sinsheim, Germany, Oct. 10, 2025. (Photo by Ulrich Hufnagel/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.