Connect with us

International Organizations

တော့တင်ဟမ်အသင်းကို ၄၄ ရက်ကြာ ကိုင်တွယ်ပြီးနောက် အီဂေါ တူဒေါ အသင်းမှထွက်ခွာ

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ တော့တင်ဟမ် ဟော့စပါးနည်းပြချုပ် အီဂေါ တူဒေါ အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တော့တင်ဟမ် ဟော့စပါးအသင်း၏ ယာယီနည်းပြချုပ်ဖြစ်သူ အီဂေါ တူဒေါအနေဖြင့် အသင်းအား ၄၄ ရက်အတွင်း ၇ ပွဲ ကိုင်တွယ်ခဲ့ပြီးနောက် ရာထူးမှထွက်ခွာသွားပြီဖြစ်ကြောင်း တော့တင်ဟမ်အသင်းက မတ် ၂၉ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အသင်းအနေဖြင့် အဆိုပါ ခရိုအေးရှားနိုင်ငံသားနည်းပြနှင့် လမ်းခွဲရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း တော့တင်ဟမ်အသင်းက ကြေညာခဲ့ပြီး ထိုကြေညာချက်မှာ ချက်ချင်းအသက်ဝင်လာမည်ဟု သိရသည်။
မတ် ၂၂ ရက်က နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း၌ ၃ ဂိုးပြတ် ရှုံးနိမ့်ကာ ၇ ပွဲကစားရန် ကျန်ရှိနေစဉ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် တန်းဆင်းဇုန်အထက် တစ်မှတ်အကွာ၊ အဆင့်-၁၇ ၌ ရောက်ရှိနေခဲ့ပြီးနောက် အသင်းဘက်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တူဒေါအနေဖြင့် ထုတ်ပယ်ခံခဲ့ရသည့် သောမတ်စ် ဖရန့်ခ်၏နေရာကို ဆက်ခံရန် ရာသီကုန်အထိ ကာလတိုစာချုပ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် တော့တင်ဟမ်အသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အသင်း၏ရလဒ်များမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ တော့တင်ဟမ်အနေဖြင့် ၎င်း၏လက်ထက်တွင် ပြိုင်ပွဲစုံ ၇ ပွဲ ကစားခဲ့ရာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့သည်။
အချိန်တန်ပါက နည်းပြချုပ်အသစ်နှင့် ပတ်သက်၍ နောက်ဆုံးရသတင်းများကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စပါးစ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် တော့တင်ဟမ် ဟော့စပါးအသင်း နည်းပြချုပ် အီဂေါ တူဒေါ (ယာ) နှင့် လီဗာပူးလ်အသင်း နည်းပြချုပ် အာနယ် ဆလော့တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် တော့တင်ဟမ် ဟော့စပါးအသင်း နည်းပြချုပ် အီဂေါ တူဒေါ (ယာ) နှင့် လီဗာပူးလ်အသင်း နည်းပြချုပ် အာနယ် ဆလော့တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ

……………….
(English Version)
Tottenham Hotspur parts ways with Tudor after 44-day interim spell
LONDON, March 29 (Xinhua) — Tottenham Hotspur confirmed on Sunday that Igor Tudor had left his position as interim head coach after just 44 days and seven matches in charge.
The club announced that it had “mutually agreed” with the Croatian to part ways with “immediate effect”.
The decision followed a heavy 3-0 home defeat to Nottingham Forest on March 22, a result that left Spurs 17th in the table, just one point above the relegation zone with seven games remaining.
Tudor took over from the dismissed Thomas Frank on February 14 on a short-term deal running until the end of the season. However, results failed to improve, with Tottenham losing five of their seven matches in all competitions during his tenure.
In a statement, Spurs said: “An update on a new head coach will be provided in due course.”
English Caption 1
Tottenham Hotspur’s head coach Igor Tudor gestures during the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)
English Caption 2
Tottenham Hotspur’s head coach Igor Tudor (R) shakes hands with Liverpool’s head coach Arne Slot after the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)
English Caption 3
Tottenham Hotspur’s Micky van de Ven (L) celebrates after the English Premier League match between Everton FC and Tottenham Hotspur FC in Liverpool, Britain, on Oct. 26, 2025. (Xinhua)