Connect with us

China

Air China လေကြောင်းလိုင်းက ပေကျင်းနှင့် ပြုံယမ်းကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းသို့ ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော်ဘရပ်ဆဲလ်မှ ပြေးဆွဲသည့် Air China လေကြောင်းလိုင်း၏ ပထမဆုံးတိုက်ရိုက်လေကြောင်းခရီးစဉ်အား ဘရပ်ဆဲလ်မြို့ရှိ ဘရပ်ဆဲလ်လေဆိပ်၌ ရေပက်ဖျန်းကာ ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Air China/Handout via Xinhua)

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းနှင့် မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များကို Air China လေကြောင်းလိုင်းက မတ် ၃၀ ရက်၌ ပြန်လည်စတင်၍ ပြေးဆွဲလိုက်ကြောင်း သိရသည်။
လေယာဉ်ခရီးစဉ်အမှတ် CA121 က မတ် ၃၀ ရက်၌ ပေကျင်းစံတော်ချိန် နံနက် ၈:၀၅ နာရီတွင် ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ပြုံယမ်းလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီဝန်းကျင်တွင် ရောက်ရှိရန် စီစဉ်ထားကြောင်း Air China လေကြောင်းလိုင်းက ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ (Xinhua)

……………….
(English Version)
Air China resumes direct flights between Beijing and Pyongyang
BEIJING, March 30 (Xinhua) — Air China resumes direct flights between Beijing and Pyongyang on Monday.
According to Air China’s website, flight CA121 departed Beijing Capital International Airport at 8:05 a.m. Beijing time on Monday and is scheduled to arrive at Pyongyang airport at around 11:00 a.m. local time. ■
English Caption
The inaugural direct flight of Air China from Brussels to Beijing gets a water salute at Brussels Airport in Brussels, Belgium, March 24, 2026. (Air China/Handout via Xinhua)