Connect with us

International Organizations

ဖော်မြူလာဝမ်း ဂျပန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် အန်တိုနယ်လီ အနိုင်ရဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံ အမှတ်ပေးဇယားတွင် ဦးဆောင်

ဂျပန်နိုင်ငံ ဆုဇုကာမြို့ရှိ ဆုဇုကာ ကားပြိုင်ကွင်း၌ ကျင်းပသည့် ဖော်မြူလာဝမ်း ဂျပန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲ အရည်အချင်းစစ်ပွဲအပြီးတွင် မာစီဒီးစ်အသင်းမှ အီတလီဒရိုင်ဘာ ကီမီ အန်တိုနယ်လီအား ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆုဇုကာ၊ ဂျပန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ဂျပန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် မာစီဒီးစ်အသင်း၏ ဒရိုင်ဘာ ကီမီ အန်တိုနယ်လီက တာထွက်ချိန်၌ အားနည်းချက်များရှိခဲ့သော်လည်း အချိန်မီပြန်လည်ကုစားနိုင်ခဲ့ပြီး safety car ထွက်လာချိန်ကို အချိန်ကိုက်အခွင့်အရေးယူကာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ဖော်မြူလာဝမ်းပြိုင်ပွဲ နှစ်ခုတွင် ဆက်တိုက်အောင်ပွဲခံနိုင်ခဲ့သည်။
အဆိုပါ အီတလီသား ဒရိုင်ဘာအနေဖြင့် မတ် ၂၈ ရက် အရည်အချင်းစစ်ပွဲတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲနှစ်ကြိမ်ဆက် ရှေ့ဆုံးမှတာထွက်ခွင့်ရခဲ့သော်လည်း ပြိုင်ပွဲအစတွင် ထပ်မံ အထနှေးနေသည့်အတွက် ဆဋ္ဌမနေရာသို့ ရောက်ရှိသွားကာ မက္ကလာရင်အသင်းမှ အော်စကာ ပီယာစထရီက တာလွှတ်မျဉ်း၏ တတိယနေရာမှ တစ်ဟုန်ထိုးကျော်တက်ကာ ပထမအကွေ့တွင် ဦးဆောင်သူနေရာသို့ ရောက်ရှိလာခဲ့သည်။
အန်တိုနယ်လီ၏ မာစီဒီးစ်အသင်းဖော် ဂျော့ဂျ်ရက်ဆဲလ်မှာလည်း ပထမအကွေ့တွင် အခက်ကြုံခဲ့ရပြီး ဒုတိယနေရာမှ စတုတ္ထနေရာသို့ ရောက်ရှိသွားသော်လည်း အပတ်ရေ လေးပတ်မြောက်တွင် ဒုတိယနေရာကို ပြန်လည်ရယူနိုင်ခဲ့ကာ ဦးဆောင်သူနေရာအတွက် ပီယာစထရီကို စိန်ခေါ်နိုင်မည့် အခြေအနေတစ်ရပ်ကို ရရှိသွားခဲ့သည်။
ရက်ဆဲလ်က ရှစ်ပတ်မြောက်တွင် မြွေလိမ်မြွေကောက်ပုံသဏ္ဌာန် အကွေ့၌ ပီယာစထရီကို ကျော်တက်နိုင်ခဲ့သော်လည်း ၎င်း၏ဘက်ထရီကို အကုန်သုံးမိခဲ့သည့်အတွက် အကြီးအကျယ် အခက်ကြုံခဲ့ရပြီး ပီယာစထရီ၏ ချက်ချင်းကျော်တက်ခြင်းကို ခံခဲ့ရသည်။
အန်တိုနယ်လီမှာ တာယာမလဲမီတွင် စတုတ္ထနေရာသို့ ပြန်ရောက်လာအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အနိုင်ရဗိုလ်စွဲနိုင်ရန် အခွင့်အလမ်းနည်းနေဆဲဖြစ်သည်။ သို့သော် ဇွန်းပုံသဏ္ဌာန်အကွေ့၌ အော်လီ ဘဲမန်း ပြင်းပြင်းထန်ထန် ဝင်တိုက်မိသည့်အတွက် safety car တစ်စီး ထွက်လာချိန်တွင် ပွဲ၏အလှည့်အပြောင်း ဖြစ်လာခဲ့သည်။ ပီယာစထရီ၊ ရက်ဆဲလ်နှင့် ဖာရာရီအသင်းမှ ချားလ်စ် လက်ကလက်ခ်တို့ ကားရပ်ထားချိန်တွင် အန်တိုနယ်လီက အချိန်မီ Pit ဝင်နိုင်ခဲ့ပြီး ပွဲပြန်စချိန်တွင် ဦးဆောင်သူနေရာမှ ထွက်ပေါ်လာခဲ့သည်။
ပြိုင်ကွင်း ၂၇ ပတ်မြောက်တွင် ပွဲပြန်လည်စတင်ပြီးနောက် တာယာလဲရန်နှင့် ပြင်ဆင်ချိန်ညှိမှု လုပ်ဆောင်ရန်အတွက် Pit ဝင်ရန်မလိုတော့သည့် အန်တိုနယ်လီက ပွဲကိုအပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး Pit ဝင်ပြီး ဒုတိယအကြိမ် ပြန်ထွက်ချိန်တွင် အမှားအယွင်းမရှိခဲ့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် အထိအခိုက်မရှိအောင် မောင်းနှင်နိုင်ခဲ့ကာ ပီယာစထရီထက် ၁၃.၇ စက္ကန့်အသာဖြင့် ပန်းဝင်နိုင်ခဲ့သည်။
“ကျွန်တော် သိပ်ပျော်ပါတယ်။ တကယ်တော့ ချန်ပီယံရှစ်အတွက် စဉ်းစားဖို့ စောလွန်းနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်နေပါပြီ” ဟု ဖော်မြူလာဝမ်း ဒရိုင်ဘာ ကမ္ဘာ့ချန်ပီယံ အမှတ်ပေးဇယားတွင် အသက်အငယ်ဆုံးဖြင့် ဦးဆောင်သူဖြစ်လာသည့် အန်တိုနယ်လီက ဆိုသည်။
“ကျွန်တော် တာထွက်မှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ကျွန်တော် အဲဒီအဖြစ်အပျက်ကို ပြန်ဆန်းစစ်ဖို့လိုပါတယ်။ နောက်တော့ safety car ကြောင့် ကံကောင်းထောက်မစွာနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပေမဲ့ အရှိန်နှုန်းက မယုံနိုင်လောက်အောင်ပါပဲ” ဟု အန်တိုနယ်လီက ပြောသည်။
“တကယ့်ကိုကောင်းမွန်ပါတယ်။ ဒုတိယအကြိမ် ပြန်ထွက်ချိန်မှာ ကျွန်တော့်ကားကို တော်တော်လေး အားရမိတယ်။ အဲဒါကို တော်တော်လေးကျေနပ်မိတယ်” ဟုလည်း ၎င်းက ဆိုသည်။
“Safety Car ထွက်မလာခဲ့ဘူးဆိုရင် ဘယ်လိုရလဒ်မျိုး ဖြစ်လာမလဲဆိုတာ မသိပေမဲ့ အဲဒါက ကျွန်တော့်ကို အများကြီးလွယ်ကူသွားစေတယ်” ဟု အန်တိုနယ်လီက ဆက်လက်ပြောသည်။
၂၀၂၆ ခုနှစ် ဖော်မြူလာဝမ်းရာသီတွင် ပြိုင်ပွဲသုံးပွဲ ယှဉ်ပြိုင်ခဲ့ပြီးနောက် အန်တိုနယ်လီက ရမှတ် ၇၂ မှတ်ဖြင့် ဒရိုင်ဘာ အမှတ်ပေးဇယားတွင် ပထမဆုံးအကြိမ် ဦးဆောင်ထားနိုင်ခဲ့သည်။ ရက်ဆဲလ်က ရမှတ် ၆၃ မှတ်ဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ လက်ကလက်ခ်က ၄၉ မှတ်ဖြင့် တတိယနေရာတွင်လည်းကောင်း အသီးသီးရပ်တည်နေသည်။
အသင်းလိုက် အမှတ်ပေးဇယားတွင် မာစီဒီးစ်အသင်းက ရမှတ် ၁၃၅ မှတ်ဖြင့် ဦးဆောင်နေကာ ယင်းနောက်တွင် ဖာရာရီအသင်းက ရမှတ် ၉၀ ဖြင့်လည်းကောင်း၊ မက္ကလာရင်အသင်းက ရမှတ် ၄၆ မှတ်ဖြင့်လည်းကောင်း ရပ်တည်လျက်ရှိသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဘာရိန်းနှင့် ဆော်ဒီအာရေဗျ ဂရင်းပရီပြိုင်ပွဲတို့ကို ဖျက်သိမ်းခဲ့ရသည့်အတွက် ဖော်မြူလာဝမ်းပြိုင်ပွဲ ရာသီမှာ မိုင်ယာမီတွင် ကျင်းပမည့် ပြိုင်ပွဲမတိုင်မီအထိ သီတင်းပတ်ငါးပတ်ကြာ အနားရထားမည်ဖြစ်သည်။ (Xinhua)

ဂျပန်နိုင်ငံ ဆုဇုကာမြို့ရှိ ဆုဇုကာ ကားပြိုင်ကွင်း၌ ကျင်းပသည့် ဖော်မြူလာဝမ်း ဂျပန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲ အရည်အချင်းစစ်ပွဲအပြီးတွင် မာစီဒီးစ်အသင်းမှ ဗြိတိန်ဒရိုင်ဘာ ဂျော့ဂျ် ရက်ဆဲလ် (ဝဲ)၊ မာစီဒီးစ်အသင်းမှ အီတလီဒရိုင်ဘာ ကီမီ အန်တိုနယ်လီ (အလယ်) နှင့် မက္ကလာရင်အသင်းမှ ဩစတြေးလျ ဒရိုင်ဘာ အော်စကာ ပီယာစထရီတို့ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဆုဇုကာမြို့ရှိ ဆုဇုကာ ကားပြိုင်ကွင်း၌ ကျင်းပသည့် ဖော်မြူလာဝမ်း ဂျပန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲ အရည်အချင်းစစ်ပွဲအပြီးတွင် အောင်ပွဲခံနေသည့် မာစီဒီးစ်အသင်းမှ အီတလီဒရိုင်ဘာ ကီမီ အန်တိုနယ်လီအား ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

………………
(English Version)
Antonelli wins F1 Japanese GP to take championship lead
SUZUKA, Japan, March 29 (Xinhua) — Mercedes’ Kimi Antonelli recovered from a poor start to win back-to-back Formula 1 races, taking victory at the Japanese Grand Prix after capitalizing on a well-timed safety car.
The Italian started from his second straight pole position after a strong showing in Saturday’s qualifying session, but made another slow getaway and dropped to sixth, as McLaren’s Oscar Piastri surged from third on the grid into the lead at Turn 1.
Antonelli’s teammate George Russell was also squeezed at the first corner, falling from second to fourth, but climbed back to second by lap four and looked set to challenge Piastri for the lead.
Russell passed Piastri at the chicane on lap eight but left himself exposed after using all his battery deployment, allowing Piastri to repass the Mercedes on the following straight.
Antonelli had worked his way back up to fourth before the pit window, but appeared out of contention for victory. However, the race turned decisively when Ollie Bearman crashed heavily at Spoon Curve, prompting a safety car. With Piastri, Russell and Ferrari’s Charles Leclerc having already stopped, Antonelli was able to pit under the neutralization and emerge in the lead for the restart.
With no further pit stops required after racing resumed on lap 27, Antonelli was in complete control, producing a faultless second stint and steadily pulling clear before taking the chequered flag 13.7 seconds ahead of Piastri.
“It feels pretty good! Of course, it’s too early to think about the championship but we are on a good way,” said Antonelli, who becomes the youngest person to lead the F1 drivers’ standings.
“I had a terrible start. I need to check what happened. Then I was lucky with the safety car to be in the lead but then the pace was incredible.
“It was really nice. The second stint I felt very good with the car. I’m very pleased with that.
“I don’t know what the outcome would have been without the Safety Car but it made my life a lot easier.”
After three rounds of the 2026 season, Antonelli leads the drivers’ championship for the first time with 72 points. Russell is second on 63, with Leclerc third on 49.
Mercedes leads the constructors’ standings with 135 points, ahead of Ferrari on 90 and McLaren on 46.
With the Bahrain and Saudi Arabian Grands Prix canceled due to the conflict in the Middle East, Formula 1 now faces a five-week break before the next round in Miami.
English Caption 1
Mercedes’ Kimi Antonelli of Italy reacts after the Qualifying Session of Formula One Japanese Grand Prix at Suzuka Circuit in Suzuka, Japan, March 28, 2026. (Photo by Li Chao/Xinhua)
English Caption 2
Mercedes’ George Russell (L) of Britain, Mercedes’ Kimi Antonelli (C) of Italy and McLaren’s Oscar Piastri of Australia pose after the Qualifying Session of Formula One Japanese Grand Prix at Suzuka Circuit in Suzuka, Japan, March 28, 2026. (Photo by Li Chao/Xinhua)
English Caption 3
Mercedes’ Kimi Antonelli of Italy celebrates after the Qualifying Session of Formula One Japanese Grand Prix at Suzuka Circuit in Suzuka, Japan, March 28, 2026. (Photo by Li Chao/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.