North America
အမေရိကန်ဒေသများစွာတွင် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်၍ ထရမ့်အစိုးရ၏မူဝါဒအား ဆန့်ကျင်ကန့်ကွက်
နယူးယောက် (အမေရိကန်)၊ မတ် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန် ဒေသများစွာတွင် မတ် ၂၈ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့သည်။ ပြည်သူပေါင်းသန်းချီက လမ်းမထက်သို့တက်၍ ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးမှု စသည့် မူဝါဒများအပေါ် မကျေနပ်ကြောင်း ဖော်ပြကာ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုအား အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြသည်။
ယခုအကြိမ် ဆန္ဒပြလှုပ်ရှားမှုသည် “No Kings” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ ဆန္ဒပြလှုပ်ရှားမှုပေါင်း ၃,၁၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြည်နယ်ပေါင်း ၅၀ နှင့် ဝါရှင်တန်၊ နယူးယောက်၊ လော့စ်အိန်ဂျလိစ် စသည့် အဓိကမြို့များကို လွှမ်းခြုံထားခဲ့ကြောင်း လှုပ်ရှားမှုစီစဉ်သူဘက်က ခန့်မှန်းထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Long Beach မြို့၌ “No Kings” ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူများက ချထားသော စစ်ပွဲဆန့်ကျင်သည့် စာသား စသည့် ပစ္စည်းများကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————
(Chinese Version)
美国多地举行抗议示威反对特朗普政府政策
新华社照片,纽约(美国),2026年3月29日
美国多地3月28日爆发示威抗议活动。数百万民众走上街头,针对特朗普政府的移民执法等一系列政策表达不满,呼吁结束对伊朗的军事打击。此次抗议活动以“不要国王”为主题。组织方预计,当天全美共举办超过3100场抗议活动,覆盖50个州,以及华盛顿、纽约、洛杉矶等主要城市。
1、3月28日,人们在美国纽约参加“不要国王”抗议活动。 新华社记者 张凤国 摄
2、这是3月28日在美国加利福尼亚州长滩市拍摄的参加“不要国王”抗议活动的人们摆放的反战标语等物品。新华社发(邱晨摄)
