Connect with us

Africa & Middle East

အစ္စရေးလွှတ်တော်က ဘတ်ဂျက်အဆိုပြုချက် အတည်ပြု၊ ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက် စံချိန်သစ်တင်ခဲ့

လက်ဘနွန်နိုင်ငံ တောင်ပိုင်း Qasmiyeh ရှိ တံတားတစ်စင်းအား တိုက်ခိုက်ခဲ့သော မြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အစ္စရေး လွှတ်တော်သည် မတ် ၃၀ ရက်တွင် ၂၀၂၆ ခုနှစ် ဘတ်ဂျက်အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်သည် စံချိန်သစ်တင်ခဲ့ကြောင်း “The Times of Israel” သတင်းဌာန၏ အဆိုပါနေ့ သတင်းဖော်ပြချက်အရ သိရသည်။
လွှတ်တော်သည် အစ္စရေးရှီးကယ် ၈၅၀.၆ ဘီလီယံ (ကန်ဒေါ်လာ ၂၇၁ ဘီလီယံခန့်) တန်ဖိုးရှိ အသုံးစရိတ်ဥပဒေကြမ်းကို ထောက်ခံမဲ ၆၂ မဲနှင့် ကန့်ကွက်မဲ ၅၅ မဲဖြင့် အတည်ပြုခဲ့ပြီး “အစိုးရပြိုလဲမှုနှင့် ရွေးကောက်ပွဲ ကြိုတင်ကျင်းပခြင်း ဖြစ်နိုင်ခြေများကို ရှောင်ရှားခဲ့သည်” ဟု သတင်းတွင်ဖော်ပြထားသည်။
ယင်းသည် အစ္စရေးသမိုင်းတွင် ပမာဏအားဖြင့် အကြီးမားဆုံးသော ဘတ်ဂျက်ဖြစ်ကြောင်း၊ ယင်းအနက် ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်သည် စံချိန်သစ်တင်ခဲ့ပြီး အစ္စရေးရှီကယ် ၁၄၂ ဘီလီယံ (ကန်ဒေါ်လာ ၄၅.၃ ဘီလီယံခန့်) ကျော်လွန်ရန် ခန့်မှန်းရကြောင်း သတင်းတွင်ဖော်ပြထားသည်။
အစ္စရေးလွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပရန် ခန့်မှန်းရကြောင်း သတင်းတွင်ဖော်ပြထားသည်။ (Xinhua)
…………………..
(Chinese Version)
以色列议会批准预算案 国防预算创新高
新华社耶路撒冷3月30日电 据《以色列时报》30日报道,以色列议会当天批准2026年预算案,国防预算创历史新高。
报道说,议会以62票赞成、55票反对,通过了8506亿新谢克尔(约合2710亿美元)的支出法案,“避免了可能的政府垮台和提前大选”。
报道称,这是以色列史上规模最大的预算案。其中,国防部预算创历史新高,预计超过1420亿新谢克尔(约合453亿美元)。
报道说,以色列议会选举预计于2026年10月举行。(完)
图说:这是3月22日在黎巴嫩南部卡西米耶拍摄的桥梁遭袭画面。新华社发(阿里·哈希绍摄)