China
နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် တွန်းအားသစ်များ ဖြည့်တင်းပေးခဲ့သည်ဟု တရုတ်နိုင်ငံမှ ကျင်းပခဲ့သော လက်နက်ထိန်းချုပ်မှု သံတမန်ရေး မြှင့်တင်ခြင်းဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ မြှင့်တင်ခြင်းနှင့် လက်နက်ထိန်းချုပ်မှု သံတမန်ရေး မြှင့်တင်ခြင်း” ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲနှင့် လည်ပတ်ခြင်းမရှိတော့သည့် နျူကလီးယားအဆောက်အဦများသို့ သွားရောက်လည်ပတ်ခြင်း လှုပ်ရှားမှုများကို မတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည်။
ဘက်အသီးသီးက လက်နက်ထိန်းချုပ်ရေးနယ်ပယ်တွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ လက်တွေ့ကျင့်သုံးခြင်းနှင့်စပ်လျဉ်း၍ နက်ရှိုင်းသော ဖလှယ်မှုများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် တွန်းအားသစ်များ ဖြည့်တင်းပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယင်းလှုပ်ရှားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အခြေအနေအျားကို မိတ်ဆက်ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော နိုင်ငံခြားကိုယ်စားလှယ်များသည် တရုတ်နျူကလီးယားစက်မှုလုပ်ငန်း ကုမ္ပဏီများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ချုံချင့်မြို့ရှိ လည်ပတ်ခြင်းမရှိတော့သည့် နျူကလီးယားအဆောက်အဦများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) တို့အား အကောင်အထည်ဖော် မြှင့်တင်ခြင်းဖြစ်သလို လက်နက်ထိန်းချုပ်ရေးနယ်ပယ်တွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ထောက်ခံရေးနှင့် နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးစနစ်ကို ကာကွယ်ရေးအတွက် အရေးပါသော သံတမန်ရေး လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဘက်အသီးသီးက လက်နက်ထိန်းချုပ်ရေးနယ်ပယ်မှာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ လက်တွေ့ကျင့်သုံးခြင်း၊ ‘နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်’ စိစစ်ရေးညီလာခံ၊ ထွန်းသစ်စ သိပ္ပံနည်းပညာ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ငြိမ်းချမ်းစွာ သိပ္ပံနည်းပညာ အသုံးချခွင့် စတာတွေကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြတယ်။ ဒါဟာ အပြန်အလှန် လက်နက်ထိန်းချုပ်ရေး မူဝါဒများအပေါ် နားလည်မှုကို ထိရောက်စွာ မြှင့်တင်ပေးသလို မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေပြီး နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် တွန်းအားသစ်တွေ ဖြည့်တင်းပေးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
外交部谈中方举办促进军控外交活动:为国际军控进程注入新动力
新华社北京3月30日电(记者冯歆然、万倩仪)24日至27日,外交部举办“弘扬多边主义,促进军控外交”国际研讨会暨退役核设施参访活动。外交部发言人毛宁30日在例行记者会上介绍了有关情况,表示各方围绕在军控领域践行多边主义等进行深入交流,为国际军控进程注入新动力。
毛宁表示,出席研讨会的外方代表走访中国核工业企业,并赴重庆参观考察了中国退役核设施。这是中方推动落实全球治理倡议、全球安全倡议,在军控领域支持发挥联合国作用、维护国际军控体系的一次重要外交活动。
“各方围绕在军控领域践行多边主义、《不扩散核武器条约》审议大会、新兴科技治理、发展中国家和平利用科技权利等进行深入交流,有效增进对彼此军控政策理解,深化战略互信,为国际军控进程注入新动力。”她说。(完)
