Africa & Middle East
အီရန်က ကုလသမဂ္ဂထံ စာလွှာပေးပို့၍ အီရန်အပေါ် စစ်ရေးကျူးကျော်မှုတွင် ယူကရိန်းပါဝင်ကြောင်း ပြစ်တင်ပြောကြား
တီဟီရန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Amir Saeid Iravani သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီထံ စာလွှာပေးပို့ကာ ယူကရိန်းအနေဖြင့် အီရန်အား အတိုက်အခံပြုလုပ်ရန် အရှေ့အလယ်ပိုင်းဒေသသို့ “ကျွမ်းကျင်ပညာရှင်ရာနှင့်ချီ” စေလွှတ်လိုက်ကြောင်း ဝန်ခံခဲ့သည်ဟု ထောက်ပြခဲ့ပြီး ထိုလုပ်ရပ်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးမှဦးဆောင်သော စစ်ရေးကျူးကျော်မှုတွင် ရုပ်ဝတ္ထုပိုင်းနှင့် လှုပ်ရှားမှုအရ ထောက်ခံအားပေးမှု ပံ့ပိုးပေးခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်ဟု အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) က မတ် ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ယူကရိန်း၏ တရားမဝင်စွက်ဖက်မှုလုပ်ရပ်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ သူတစ်ပါးနိုင်ငံက အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအပေါ် လက်နက်အင်အား တရားမဝင်အသုံးပြုခြင်းတွင် တက်ကြွစွာပါဝင်၍ ကူညီပေးသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ယင်းသည် ကျူးကျော်မှုမြောက်ပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ လက်နက်အင်အား အသုံးပြုမှုအား တားမြစ်သည့် အခြေခံမူကို ချိုးဖောက်နေကြောင်း Amir Saeid Iravani က စာလွှာတွင် ဖော်ပြထားသည်။ နိုင်ငံတကာဥပဒေအရ ယူကရိန်းအနေဖြင့် သက်ဆိုင်ရာနိုင်ငံတကာတာဝန်ကို မဖြစ်မနေ တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
ယူကရိန်းက အဓိကအခြေခံအဆောက်အဦများအား တိုက်ခိုက်သည့်လုပ်ရပ်သည် သဘောထား လျော်ကန်သော သို့မဟုတ် ပုံမှန်ဖြစ်သော အသွင်ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သေးရာ ယင်းသည် များစွာစိုးရိမ်ပူပန်မှုဖြစ်စေပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၏ အခြေခံမူနှင့်လည်း ဆန့်ကျင်နေကြောင်း Amir Saeid Iravani က အလေးထားပြောကြားခဲ့သည်။
ယူကရိန်းသည် လတ်တလောကာလတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ယူအေအီးနိုင်ငံ စသည့် နိုင်ငံများထံသို့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များစေလွှတ်ခဲ့ပြီး ၎င်း၏ ဒရုန်းအားတုံ့ပြန်သောအတွေ့အကြုံဖြင့် အီရန်ဒရုန်းများကို အဆိုပါနိုင်ငံများက တားဆီးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့သည်။
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက မတ် ၃၀ ရက်တွင် အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်ပြီးဆုံး၍ နိုင်ငံသို့ ပြန်ရောက်ချိန်တွင် ယူကရိန်းအနေဖြင့် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာနိုင်ငံတို့နှင့် လုံခြုံရေး သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးမီဒီယာ၏ သတင်းဖော်ပြချက်အရ အစ္စရေးအနေဖြင့် ယူကရိန်းဘက်သို့ ဒရုန်းကဏ္ဍဆိုင်ရာ အကူအညီတောင်းခံမှု လုပ်ဆောင်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
伊朗致信联合国 指责乌克兰参与对伊军事侵略
新华社德黑兰3月30日电 据伊朗伊斯兰共和国广播电视台30日报道,伊朗常驻联合国代表伊拉瓦尼已致信联合国秘书长和安理会,指出乌克兰承认向中东地区派遣“数百名专家”对抗伊朗,认为这种行径是向由美国和以色列主导的对伊军事侵略提供物质和行动支持。
伊拉瓦尼在信中说,乌克兰的非法干预行为并非偶然,是积极参与并协助他国对一个主权国家非法使用武力的行为,构成参与侵略行为,违反了《联合国宪章》关于禁止使用武力的基本原则。他指出,根据国际法,乌克兰须承担相应国际责任。
伊拉瓦尼还强调,乌克兰试图将攻击关键基础设施的行为合理化或常态化,这令人深感担忧,也与国际人道主义法的基本原则相悖。
乌克兰近期向沙特阿拉伯、阿联酋等国派遣军事人员,利用其应对无人机的经验,协助这些国家拦截伊朗无人机。乌克兰总统泽连斯基30日在结束对中东地区的访问回国后称,乌方与沙特、阿联酋和卡塔尔达成安全协议。按照以媒的说法,以色列尚未向乌方提出应对无人机方面的援助请求。(完)
图说:3月3日,伊朗首都德黑兰响起数次巨大的爆炸声,城市上空升起浓烟。新华社记者 沙达提 摄
