Connect with us

Asia

ဝန်ကြီးချုပ် အနူတင် ထပ်မံရွေးကောက်ခံရပြီးနောက် ထိုင်းဘုရင်က အစိုးရအဖွဲ့သစ်ကို အတည်ပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘွန်ဂျိုင်ထိုင်းပါတီရုံးချုပ်တွင် ကျင်းပသော အခမ်းအနား၌ ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်း၏ ဓာတ်ပုံအား ဂါရဝပြုနေသော အနူတင် ချန်ဗီရာကူးလ်အား ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Thai Government House/Handout via Xinhua)

ဘန်ကောက်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာ လောင်ကွန်းက ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် ဦးဆောင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့သစ်အား အတည်ပြုကြောင်း မတ် ၃၁ ရက်၌ တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။
အနူတင်အနေဖြင့် ယခုလအစောပိုင်းက ဒုတိယသက်တမ်းအတွက် ထပ်မံရွေးကောက်ခံရပြီးနောက် ၎င်း ရွေးချယ်အဆိုပြုထားသည့် ဒုတိယဝန်ကြီးချုပ် ၇ ဦးနှင့် အခြားဝန်ကြီးများ အပါအဝင် အဖွဲ့ဝင် ၃၅ ဦး ပါဝင်သော အစိုးရအဖွဲ့အား ထိုင်းဘုရင်က အတည်ပြုခန့်အပ်ကြောင်း အဆိုပါ တော်ဝင်အမိန့်ပြန်တမ်းအရ သိရသည်။
ဘွန်ဂျိုင်ထိုင်းပါတီက ညွန့်ပေါင်းအစိုးရကို ဦးဆောင်မည်ဖြစ်ကာ အစိုးရအဖွဲ့၏ နေရာအများစုကို ထိန်းချုပ်ထားပြီး ယင်းပါတီ၏ ခေါင်းဆောင်ဖြစ်သူ အနူတင်က ပြည်ထဲရေးဝန်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ယူမည်ဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့တွင် ဘွန်ဂျိုင်ထိုင်းပါတီ၏ အဓိက မိတ်ဖက်ဖြစ်သော ဖြူထိုင်းပါတီက ဝန်ကြီးနေရာ ၈ နေရာကို တာဝန်ယူသွားမည်ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီး အက်နီတီ နီတီထန်ပရာပက်စ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီ ဆုသွန်းပန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ စသည့် ယခင်အစိုးရ၏ အဓိကဝန်ကြီးများမှာမူ မူလရာထူးအတိုင်း ဆက်လက်ထမ်းဆောင်မည်ဖြစ်သည်။
ယခုအတည်ပြုချက်ကြောင့် အစိုးရသစ်အနေဖြင့် တရားဝင် စတင်တာဝန်မယူမီ နောက်ဆုံးအဆင့်အနေဖြင့် ထိုင်းဘုရင်၏ ရှေ့မှောက်တွင် ကတိသစ္စာပြုရန်နှင့် ပါလီမန်သို့ မူဝါဒကြေညာချက် တင်သွင်းနိုင်ရန် လမ်းပွင့်သွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပါလီမန်အဆောက်အအုံ၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရပြီးနောက် အောင်ပွဲခံနေသည့် ဘွန်ဂျိုင်ထိုင်းပါတီ ကိုယ်စားလှယ်လောင်း အနူတင် ချန်ဗီရာကူးလ် (အလယ်) အား ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Thai King endorses new cabinet after PM Anutin re-election
BANGKOK, March 31 (Xinhua) — Thai King Maha Vajiralongkorn has endorsed a new cabinet under the leadership of Prime Minister Anutin Charnvirakul, a royal command said on Tuesday.
According to the official Royal Gazette, the king appointed the 35-member cabinet as selected by Anutin, including seven deputy prime ministers and other ministers, following his re-election for a second term earlier this month.
The Bhumjaithai Party, whose leader, Anutin, also serves as interior minister, will lead the coalition government, holding the majority of cabinet seats. Its main coalition partner, the Pheu Thai Party, will command eight ministerial posts.
Key ministers from the previous administration remain in place, including Finance Minister Ekniti Nitithanprapas, Commerce Minister Suphajee Suthumpun, and Foreign Affairs Minister Sihasak Phuangketkeow.
The endorsement paves the way for the new cabinet to take an oath of allegiance before the king and present its policy statement to parliament, a final step required before a new administration officially takes office.
English Caption 1
Anutin Charnvirakul salutes the portrait of Thai King Maha Vajiralongkorn during a ceremony held at the Bhumjaithai Party headquarters in Bangkok, Thailand, on March 20, 2026. (Thai Government House/Handout via Xinhua)
English Caption 2
Anutin Charnvirakul (C), a candidate from the Bhumjaithai Party, celebrates after being re-elected Thailand’s prime minister at the parliament building in Bangkok, Thailand, March 19, 2026. (Xinhua/Rachen Sageamsak)