Connect with us

China

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်မြို့ကို ဆက်သွယ်ပေးသော တိုက်ရိုက်ခရီးသည်တင် လေကြောင်းလမ်းကြောင်းသစ် စတင်ပြေးဆွဲ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်သို့ ပြေးဆွဲပျံသန်းသည့် China Eastern လေကြောင်းလိုင်း၏ ပထမဆုံးလေယာဉ်ခရီးစဉ်အတွက် မြေပြင်ဝန်ထမ်းများနှင့် လေယာဉ်အမှုထမ်းများက တက်ရှ်ကန့်မြို့တွင် ယင်းလေယာဉ်ရှေ့၌ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်နေကြသည်ကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ရှန်ဟိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့ ရှန်ဟိုင်းနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်ကို ဆက်သွယ်ပေးသော တိုက်ရိုက်ခရီးသည်တင် လေကြောင်းလမ်းကြောင်းသစ်တစ်ခုကို မတ် ၃၀ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။
China Eastern လေကြောင်းလိုင်းမှ ပြေးဆွဲသည့် အဆိုပါဝန်ဆောင်မှုက သီတင်းပတ်တစ်ပတ်လျှင် အသွားအပြန် လေယာဉ်ခရီးစဉ် လေးကြောင်း ပြေးဆွဲပြီး ခရီးစဉ်တစ်ကြောင်းလျှင် ပျံသန်းချိန် ရှစ်နာရီခန့် ကြာမြင့်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်သို့ ပြေးဆွဲပျံသန်းသည့် China Eastern လေကြောင်းလိုင်း၏ ပထမဆုံးလေယာဉ်ခရီးစဉ်မှ ဆင်းလာကြသည့် ခရီးသည်များကို တက်ရှ်ကန့်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်သို့ ပြေးဆွဲပျံသန်းသည့် China Eastern လေကြောင်းလိုင်း၏ ပထမဆုံးလေယာဉ်ခရီးစဉ်အား ပြေးဆွဲနေသည့် ခရီးသည်တင်လေယာဉ်တစ်စင်း‌ကို တက်ရှ်ကန့်မြို့၏ မြေပေါ်တွင် ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
New direct passenger air route connecting Shanghai, Tashkent launched
SHANGHAI, March 31 (Xinhua)
A new direct passenger air route connecting the eastern Chinese city of Shanghai and the Uzbek capital of Tashkent was launched Monday.
Operated by China Eastern Airlines, the service offers four round-trip flights a week, with a one-way flight time of around eight hours.
English Caption 1
Ground staff members and crew members for the inaugural flight of China Eastern Airlines from Shanghai to Tashkent pose for a group photo in front of the plane in Tashkent, Uzbekistan, March 30, 2026. (Photo by Zafar Khalilov/Xinhua)
English Caption 2
Passengers disembark from the inaugural flight of China Eastern Airlines from Shanghai to Tashkent in Tashkent, Uzbekistan, March 30, 2026. (Photo by Zafar Khalilov/Xinhua)
English Caption 3
A passenger aircraft of China Eastern Airlines carrying out the inaugural flight from Shanghai to Tashkent lands in Tashkent, Uzbekistan, March 30, 2026. (Photo by Zafar Khalilov/Xinhua)