Connect with us

China

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ လက်ယာယိမ်းမှုနှင့် ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကို ဓားဖြင့် ဝင်ရောက်တိုက်ခဲ့သော ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးအား ဂျပန်ရဲတပ်ဖွဲ့က တရားလိုရှေ့နေရုံးသို့ ပေးပို့ခဲ့ကြောင်း သတင်းများအရ သိရသည်။
ယင်းဖြစ်ရပ်သည် ဂျပန်နိုင်ငံ လက်ယာယိမ်းအတွေးအခေါ်နှင့် ပုံပျက်မှားယွင်းနေသော သမိုင်းအမြင်များ၏ အဆိပ်သင့်မှု နက်ရှိုင်းခြင်း၊ အန္တရာယ်ကြီးမားခြင်းကို ဖော်ထုတ်လိုက်ကြောင်း၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ (SDF) လက်ယာယိမ်းမှုနှင့် ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၃၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် ယာဆူကူနီဂူဗိမာန်သို့ နှစ်စဉ် စုပေါင်းသွားရောက်ဂါရဝပြုသည့် “အစဉ်အလာ” ရှိပြီး ၂၀၂၄ ခုနှစ်တွင် ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိဟောင်းတစ်ဦးကို ယာဆူကူနီဂူဗိမာန်၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ရာ ယင်းမှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးက ယာဆူကူနီဂူဗိမာန်၏ အမြင့်ဆုံးရာထူးကို ပထမဆုံးအကြိမ် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ SDF သည် အစွန်းရောက်တရုတ်ဆန့်ကျင်ရေး လက်ယာယိမ်းအဖွဲ့ဝင်များကို သင်ကြားရေးတွင် ပါဝင်ရန် ကာလရှည်ကြာစွာ ဖိတ်ခေါ်ခဲ့ပြီး လေ့ကျင့်သင်ကြားသည့် သင်ရိုးများတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျူးကျော်မှုသမိုင်းကို ပုံပြောင်းတန်ဆာဆင်ထားသော အကြောင်းအရာများဖြင့် ပြည့်နှက်နေကြောင်း သတင်းများအရ သိရသည်ဟု မော်နင်က ပြောကြားခဲ့သည်။

“တရုတ်သံရုံးထဲကို တရားမဝင် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ SDF အရာရှိဟာ သူ့ရဲ့ ဇာတိမြို့မှာ ပညာသင်ကြားတဲ့ကာလအတွင်းမှာ အစွန်းရောက်အပြုအမူတွေ မရှိခဲ့ဘူး၊ သူဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကိုလဲ မသိဘူးလို့ သူ့ရဲ့ မိဘတွေက ဆိုခဲ့တယ်။ ဒီလူဟာ SDF မှာ ကိုးလကြာ အရန်အရာရှိသင်တန်းတက်ရောက်ခဲ့ပြီး အဲဒီကာလအတွင်း SDF က သူ့ကို ဘယ်လိုအတွေးအခေါ်တွေ ထည့်သွင်းပေးလိုက်ပြီး ဘာတွေ သင်ကြားပေးလိုက်ပါသလဲ။ ဒါဟာ အာရုံစိုက်၊ စုံစမ်းစစ်ဆေးပြီး နက်နက်နဲနဲ စဉ်စားသင့်တဲ့အရာပါ” ဟု မော်နင်က ပြောကြားခဲ့သည်။
SDF ၏ လက်ယာယိမ်းမှုနှင့် ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ယင်းဖြစ်ရပ်ကို အလုံးစုံ စုံစမ်းစစ်ဆေးပြီး ထိုကဲ့သို့သောဖြစ်ရပ်များ ထပ်မံဖြစ်ပွားမှုကို အခြေခံမှ ဖယ်ရှားရှင်းလင်းရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
外交部:日本自卫队右倾化、日本“再军事化”值得国际社会高度警惕
新华社北京3月31日电(记者万倩仪、马卓言)据报道,持刀闯入中国驻日本大使馆的自卫队官员已被日本警方送检。外交部发言人毛宁3月31日在例行记者会上答问时说,事件暴露出日本右翼思想和扭曲历史观流毒之深、为害之大。自卫队右倾化、日本“再军事化”值得国际社会高度警惕。
毛宁说,据报道,日本防卫大学每年有集体参拜靖国神社的“惯例”,2024年前海上自卫队高官居然出任靖国神社宫司,这是靖国神社首次由退役自卫队将领出任最高职位。自卫队长期邀请极端仇华的极右翼分子参与教学,培训教材中充斥歪曲美化二战侵略历史的内容。
“非法闯入中国使馆的自卫队官员的父母称其在家乡成长学习期间并没有极端表现,完全不知道他为什么要这么做。此人在自卫队接受9个月的后备干部培训课程,在这一过程中,自卫队到底向其灌输了什么思想,进行了什么教育?值得关注、调查和深思。”毛宁说,自卫队右倾化、日本“再军事化”值得国际社会高度警惕。中方再次敦促日方彻查事件,从根本上杜绝此类事件再次发生。(完)