Connect with us

Asia

အစိုးရ၏ တာဝေးပစ်ဒုံးကျည်များ အတင်းအကျပ် ဖြန့်ကြက်ထားမှုကို ဂျပန်နိုင်ငံ ဒေသအများအပြားမှ ပြည်သူများ ကန့်ကွက်ခဲ့ကြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ရှေ့တွင် အစိုးရက Kumamoto နှင့် Shizuoka ခရိုင်များတွင် “ရန်သူအခြေစိုက်စခန်းအား တိုက်ခိုက်မှုစွမ်းရည်” ရှိသော တာဝေးပစ်ဒုံးကျည်များကို ဖြန့်ကြက်ထားခြင်းကို ကန့်ကွက်ကြသည့် ပြည်သူလူထုအား ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဒေသအများအပြားမှ ပြည်သူများသည် အစိုးရ၏ တာဝေးပစ်ဒုံးကျည်များ အတင်းအကျပ် ဖြန့်ကြက်ထားမှုကို ကန့်ကွက်ရန် မတ် ၃၁ ရက် ညပိုင်းတွင် စုဝေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ဂျပန်နိုင်ငံ Kumamoto နှင့် Shizuoka ခရိုင်များတွင် “ရန်သူအခြေစိုက်စခန်းအား တိုက်ခိုက်မှုစွမ်းရည်” ရှိသော တာဝေးပစ်ဒုံးကျည်များကို ဖြန့်ကြက်ထားပြီဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ထိုနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် အဆိုပါနေ့တွင် Kumamoto ခရိုင်ရှိ Kengun အခြေစိုက်စခန်းနှင့် နှင့် Shizuoka ခရိုင်ရှိ Fuji အခြေစိုက်စခန်းတွင် “Type 25 မြေပြင်မှ သင်္ဘောသို့ ပစ်လွှတ်သည့် ဒုံးကျည်” နှင့် “Type 25 မြန်နှုန်းမြင့်လေဟုန်စီးဒုံးကျည်” တို့ကို အသီးသီးဖြန့်ကြက်ထားကြောင်း ဂျပန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ယင်းမှာ ဂျပန်နိုင်ငံက ပထမဆုံးအကြိမ် ဤကဲ့သို့သော ဒုံးကျည်များကို ဖြန့်ကြက်ခဲ့ခြင်းဖြစ်ပြီး ယခင်က ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” အခြေခံမူကို လက်ကိုင်ထားခဲ့သည့် ဂျပန်၏ ကာကွယ်ရေးမူဝါဒသည် ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ဂျပန်မီဒီယာများက မှတ်ချက်ပြုခဲ့ကြသည်။ (Xinhua)


……………………………..
(Chinese Version)
日本多地民众抗议政府强行部署远程导弹
新华社照片,东京,2026年3月31日
31日晚间,日本多地民众举行集会,抗议政府强行部署远程导弹。日本防卫大臣小泉进次郎当日在记者会上宣布,在熊本县和静冈县部署了具备“对敌基地攻击能力”的远程导弹。据日本媒体报道,日本防卫省当天在熊本县健军驻屯地和静冈县富士驻屯地分别部署了“25式地对舰导弹”和“25式高速滑翔弹”。
日本媒体评论称,这是日本首次部署此类导弹,标志着曾经奉行“专守防卫”原则的日本防卫政策已经发生转变。
图说:3月31日,民众在日本东京的日本防卫省门前集会抗议政府在熊本县和静冈县部署具备“对敌基地攻击能力”的远程导弹。 新华社记者 岳晨星 摄