Latin America
အမေရိကန်က မုသားစကားဖန်တီး၍ အီရန်အပေါ် စစ်ပွဲဆင်နွှဲသည်ဟု ဘရာဇီးသမ္မတ ပြစ်တင်ပြောကြား
ဘရာဇီးလီးယား၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
အမေရိကန်က အီရန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်သည် သို့မဟုတ် ထုတ်လုပ်ရန် ကြိုးပမ်းနေသည် ဟူသော “မုသားစကား” ဖန်တီး၍ အီရန်အပေါ် မလိုအပ်သော စစ်ပွဲတစ်ခု ဆင်နွှဲခဲ့သည်ဟု ဘရာဇီးနိုင်ငံ သမ္မတ လူလာက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။
“အမေရိကန်က မလိုအပ်တဲ့ စစ်ပွဲတစ်ခုကို ဆင်နွှဲလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တယ် သို့မဟုတ် နျူကလီးယားလက်နက် ဖန်တီးနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါက မုသားစကားပါ” ဟု လူလာက ထိုနေ့တွင် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဆီအာရာပြည်နယ်၌ တွေ့ဆုံမေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။ အစ္စရေးနှင့် အီရန်အကြား သို့မဟုတ် အမေရိကန်နှင့် အီရန်အကြား သဘောထားကွဲလွဲမှု ရှိသည့်တိုင် စစ်ပွဲဆင်နွှဲရန်မလိုအပ်ကြောင်း၊ အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် စစ်ပွဲဆင်နွှဲခြင်းသည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူလာက တွေ့ဆုံမေးမြန်းမှုအတွင်း၌လည်း အမေရိကန်က မုသားစကား အကြိမ်များစွာ ဖန်တီး၍ စစ်ပွဲစတင်ခဲ့သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ အမေရိကန်က အီရတ်တွင် လူအများအပြား သေစေလောက်သည့်လက်နက် ပိုင်ဆိုင်ထားသည် ဟူသော အကြောင်းပြချက်ဖြင့် အီရတ်အား စစ်ပွဲဆင်နွှဲခဲ့ကြောင်း၊ သို့သော် ယနေ့တိုင် အဆိုပါလက်နက်များအား တွေ့ရှိခြင်းမရှိသေးကြောင်း၊ ယင်းသည် စစ်ပွဲစတင်ရန်အတွက် ဖန်တီးထားသော အကြောင်းပြချက်ပင်ဖြစ်ရာ စစ်ပွဲသည် မည်သည့်အခါကမျှ မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါစစ်ပွဲကြောင့် တစ်ကမ္ဘာလုံး စွမ်းအင်ဈေးနှုန်းများ မြင့်တက်သွားစေခဲ့ကြောင်း၊ ဘရာဇီး၏ ဒီဇယ် ၃၀ ရာခိုင်နှုန်းသည် တင်သွင်းမှုကို အားကိုးရကြောင်း၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပြီးနောက် ဘရာဇီးသည် ဒီဇယ်ဈေးနှုန်း မြင့်တက်လာသည့် ဖိအားနှင့် ရင်ဆိုင်နေရကြောင်း၊ အီရန်အခြေအနေကြောင့် ဘရာဇီးနိုင်ငံ စီးပွားရေးအပေါ် သက်ရောက်မှုအား လျှော့ချရန်အတွက် ဘရာဇီးအစိုးရအနေဖြင့် လောင်စာအခွန်လျှော့ချပေး၍ ဈေးကွက်ကြီးကြပ်ကွပ်ကဲမှု မြှင့်တင်ခြင်း၊ လုပ်ငန်းကုမ္ပဏီများက အခွင့်ကောင်းယူ၍ ဈေးနှုန်းမြှင့်တင်မှုကို ကာကွယ်ခြင်း စသည်တို့ အပါအဝင် အစီအမံများ လုပ်ဆောင်ပြီးဖြစ်ကြောင်း လူလာက ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
巴西总统指责美国编造谎言对伊朗发动战争
新华社巴西利亚4月1日电(记者吴昊)巴西总统卢拉1日说,美国编造伊朗拥有或试图制造核武器的“谎言”,对其发动了一场不必要的战争。
“美国发动了一场不必要的战争,理由是伊朗拥有核武器或正在制造核武器。这是谎言,”卢拉当天在巴西东北部塞阿拉州接受采访时说,即便以色列和伊朗之间、或美国和伊朗之间存在分歧,也不必发动战争。美以向伊朗宣战解决不了任何问题。
卢拉在采访中还指责美国多次编造谎言发动战争。他说,美国曾以伊拉克拥有大规模杀伤性武器为由向伊拉克宣战,但时至今日这些武器都未被发现。这完全是为了开战编造的借口,而战争从来都解决不了任何问题。
卢拉说,这场战争导致全球能源价格上涨。巴西30%的柴油依赖进口,霍尔木兹海峡被封锁后,巴西面临柴油价格上涨压力。巴西政府已采取措施降低伊朗局势对巴西经济的影响,包括降低燃料税并加大市场监管、防止企业借机涨价等。(完)
图说:2025年11月10日,巴西总统卢拉在巴西北部城市贝伦举行的《联合国气候变化框架公约》第三十次缔约方大会(COP30)开幕式上发表讲话。新华社发
