Politics, Law & Military
မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်က ဧပြီ ၃ ရက်၌ သမ္မတ ရွေးချယ်တင်မြှောက်မည်
နေပြည်တော်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရန် ဒုတိယသမ္မတ သုံးဦးကို အရည်အချင်းစိစစ်မှု အတည်ပြုပြီးဖြစ်ရာ ဧပြီ ၃ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတအား ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း ယနေ့ (ဧပြီ ၂ ရက်) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။အဆိုပါ ဒုတိယသမ္မတ သုံးဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေးနှင့် ဦးညိုစော တို့ဖြစ်သည်။

မြန်မာနိုင်ငံ နေပြည်တော်တွင် ယနေ့ (ဧပြီ ၂ ရက်) ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ တက်ရောက်လာသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် ယနေ့ (ဧပြီ ၂ ရက်) ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ တက်ရောက်လာသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဆင်ဟွာ)
ရွေးကောက်ခံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေး တို့အား ဒုတိယသမ္မတများအဖြစ် မတ် ၃၁ ရက်ကအသီးသီး ရွေးချယ်ခဲ့ကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ဦးညိုစောအား ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် အဆိုပါ ဒုတိယသမ္မတ သုံးဦးထဲမှ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ကြမည် ဖြစ်သည်။ (Xinhua)
…….
(English Version)
Myanmar’s Union Parliament to elect president on April 3
NAY PYI TAW, April 2 (Xinhua) — Myanmar’s Union Parliament announced on Thursday that it will elect the country’s president on Friday, with three vice presidents having passed the scrutiny of presidential candidate qualifications.
The vice presidents are Min Aung Hlaing, Nan Ni Ni Aye, and U Nyo Saw.
The elected representatives of Pyithu Hluttaw (Lower House) and Amyotha Hluttaw (Upper House) on Tuesday elected Min Aung Hlaing and Nan Ni Ni Aye as vice presidents, respectively. U Nyo Saw was elected as a vice president by the group of military representatives from both houses of Myanmar’s Union Parliament later that day.The presidencomposed of all representatives of the Union Parliament, will elect the president from among the three vice presidents. ■
