China
တရုတ်အမျိုးသမီးဘော်လီဘောလိဂ်တွင် ၂၅ နှစ်ကြာ ချန်ပီယံဆုဝေးကွာမှုကို ရှန်ဟိုင်းအသင်း အဆုံးသတ်
ရှန်ဟိုင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းအသင်းက အကောင်းဆုံးသုံးပွဲ ဗိုလ်လုပွဲ၏ တတိယပွဲစဉ်တွင် ကျန်းဆူးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ၂၅ နှစ်အတွင်း ၎င်းတို့၏ ပထမဆုံးတရုတ်အမျိုးသမီးဘော်လီဘောလိဂ်ချန်ပီယံဆုကို ဧပြီ ၁ ရက်၌ ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
Luwan အားကစားရုံတွင် အနိုင်ရရှိခဲ့သည့် အဆိုပါအောင်ပွဲက ရှန်ဟိုင်းအသင်းအား ၂၀၀၀-၂၀၀၁ ရာသီမှစ၍ ကလပ်အသင်း၏ ပထမဆုံးလိဂ်ချန်ပီယံဆုကို ရရှိစေခဲ့ခြင်းဖြစ်သည်။
ပထမဆုံးနှစ်ပွဲတွင် နှစ်သင်းစလုံးက အိမ်ကွင်းအသီးသီး၌ ၃-၀ ဂိုး ရလဒ်များဖြင့် အနိုင်ရရှိပြီးနောက် ရှန်ဟိုင်းအသင်းက ချန်ပီယံဆု ဆွတ်ခူးရန် အိမ်ကွင်း၌ သေသပ်၍ အမှားနည်းသော စွမ်းဆောင်ချက်ဖြင့် ကစားခဲ့သည်။
အဖွင့်ပွဲ၌ ရှန်ဟိုင်းအသင်းက အစောပိုင်းတွင် ဘောလုံးအား လက်ခံထိန်းချုပ်ရာ၌ ရုန်းကန်ခဲ့ရပြီး ကျန်းဆူးအသင်းက ၉-၃ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ အိမ်ရှင်အသင်းဖြစ်သော ရှန်ဟိုင်းအသင်းက ပြန်လည်စုစည်းရန် ခဏနားချိန်ယူခဲ့ရပြီး တဖြည်းဖြည်းချင်း စည်းချက်မှန်လာကာ ပြန်လည်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၂၅-၂၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ရှန်ဟိုင်းအသင်းက ထိုအရှိန်အဟုန်ကို ဒုတိယပွဲ၌လည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ အသင်းနှစ်သင်းစလုံး ၉-၉ ရလဒ်ဖြင့် သရေကျနေခဲ့ပြီး ရှန်ဟိုင်းအသင်းက ခိုင်မာသော ခံစစ်ကစားပုံ၊ မြန်ဆန်သော တိုက်စစ်ဆင်ပုံနှင့် အားကောင်းသော ကစားချက်များကြောင့် ၂၅-၁၉ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
တတိယပွဲ၌လည်း ရှန်ဟိုင်းအသင်းက ပွဲစချိန်ကတည်းက လွှမ်းမိုးထားနိုင်ခဲ့သည်။ အိမ်ရှင်အသင်းဖြစ်သည့် ရှန်ဟိုင်းအသင်းက အစောပိုင်း ၆-၂ ရမှတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲအလယ်တွင် ၁၅-၇ ရမှတ်အထိ အားသာချက်ရရှိခဲ့သည်။ ကျန်းဆူးအသင်းအနေဖြင့်မူ ခဏနားချိန်ယူခဲ့သော်လည်း ရှန်ဟိုင်းအသင်းကပင် ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲအား ၂၅-၁၉ ရလဒ်ဖြင့် အဆုံးသတ်ကာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းသည့် ၂၀၂၅-၂၆ တရုတ်အမျိုးသမီး ဘော်လီဘောလိဂ် ဗိုလ်လုပွဲ၏ တတိယပွဲ၌ အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည့် ရှန်ဟိုင်းအသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Shanghai ends 25-year title drought in Chinese women’s volleyball league
SHANGHAI, April 1 (Xinhua) — Shanghai claimed its first Chinese women’s volleyball league title in 25 years on Wednesday after sweeping Jiangsu 3-0 in the decisive third match of the best-of-three finals.
The victory at Luwan Gymnasium gave Shanghai a 2-1 series win and secured the club’s first league championship since the 2000-01 season.
After the two sides traded 3-0 home wins in the first two matches, Shanghai delivered a clinical performance on home court to seal the title.
In the opening set, Shanghai struggled in reception early as Jiangsu raced to a 9-3 lead. The home side called a timeout to regroup and gradually found its rhythm before fighting back to take the set 25-23.
Shanghai carried that momentum into the second set. The two teams were tied at 9-9 before Shanghai pulled away with a string of solid defensive plays, quick attacks and powerful spikes to claim the set 25-19.
The third set was dominated by Shanghai from the start. The hosts built an early 6-2 lead and extended the advantage to 15-7 midway through the set. Jiangsu called a timeout, but Shanghai remained in control and closed out the set 25-19 to complete the sweep. ■
English Caption 1
Shanghai players celebrate after winning the 2025-26 Chinese women’s volleyball league title in Shanghai, China, April 1, 2026. (Xinhua/Chen Haoming)
English Caption 2
Shanghai players celebrate after winning Game 3 of the Finals. (Xinhua/Chen Haoming)
