Europe
အီရန်အပေါ် စစ်ရေး တိုက်ခိုက်မှုတွင် ပြင်သစ်နိုင်ငံ “ပါဝင်မည်မဟုတ်” ဟု မက်ခရွန် ဆို
ပဲရစ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုတွင် ပြင်သစ်နိုင်ငံ “ပါဝင်မည်မဟုတ်ကြောင်း” လက်ရှိတွင် ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်ဟု ပြင်သစ်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့တွင် ဂျပန်မီဒီယာများ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် မက်ခရွန်က အမေရိကန်သမ္မတ ထရမ့်၏ ပြင်သစ်နိုင်ငံအား “အလွန်ပင် ပူးပေါင်းဆောင်ရွက်မှုမရှိ” ဟူသော စွပ်စွဲပြောကြားချက်ကို တုံ့ပြန်သောအနေဖြင့် ၎င်းက အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့ စစ်ရေးတိုက်ခိုက်မှု စတင်ရာတွင် ပြင်သစ်နိုင်ငံအား ကြိုတင်တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့သလို ပြင်သစ်နိုင်ငံသည်လည်း ပါဝင်ခဲ့ခြင်း မရှိသောကြောင့် ပြင်သစ်နိုင်ငံသည် “ဤစစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း” အလေးပေးပြောကြားခဲ့သည်ဟု ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ပြင်သစ်နိုင်ငံသည် စစ်ဘက်သုံး ထောက်ပံ့ပစ္စည်းများ သယ်ဆယ်ထားသော အစ္စရေးသို့ ပျံသန်းမည့် လေယာဉ်အား ၎င်း၏ နယ်မြေပိုင်နက်မှ ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း၊ “အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတွေမှာ ပြင်သစ်ရဲ့ အလွန်အမင်း ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကို အမေရိကန်က မှတ်ထားမယ်” ဟူ၍ ထရမ့်က မတ် ၃၁ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ပြင်သစ်သမ္မတအိမ်တော်ဖြစ်သော Élysée နန်းတော်က ထိုနေ့တွင် ထရမ့်၏ အဆိုပါပြောကြားချက်များအပေါ် “အံ့အားသင့်ကြောင်း” ဖော်ပြခဲ့ပြီး ပြင်သစ်နိုင်ငံသည် ၎င်းရပ်တည်ချက်ကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ကြောင်း မီဒီယာများထံ ဖော်ပြခဲ့သည်။ (Xinhua)
…………….
(Chinese Version)
马克龙说法国“不参与”对伊朗军事打击
新华社巴黎4月1日电(记者孙毅)据法国媒体报道,正在日本访问的法国总统马克龙4月1日表示,法国“不参与”美国和以色列对伊朗发动的军事打击。
据法国媒体报道,马克龙当天接受日本媒体采访时回应美国总统特朗普指责法国“极不配合”的言论,他强调说,美以对伊朗发起军事打击,法国事先“没有被征询意见”,也未参与其中,因此法国“不参与这场战争”。
特朗普3月31日在社交媒体上发文说,法国不允许装载军用物资、飞往以色列的飞机飞越其领土。“法国在对伊朗的军事行动上表现得极不配合,美国会记住的!”法国总统府爱丽舍宫当天对特朗普这番言论表示“惊讶”,并向媒体表示法国自始至终都没有改变立场。(完)
图说:12月5日下午,法国总统马克龙在成都访问四川大学。 新华社发(刘宇宸摄)
