Connect with us

China

(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံက သမားရိုးကျ စက်မှုလုပ်ငန်းများအား AI နည်းပညာဖြင့် ပေါင်းစပ်ပံ့ပိုးမှုကို ပိုမိုဟန်ချက်ညီညီ လုပ်ဆောင်သွားမည်ဟု ကျွမ်းကျင်သူ ပြောကြား

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ အပိုင်း ၂၉ တွင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍစုံ၌ သမားရိုးကျ စက်မှုလုပ်ငန်းများအား ဉာဏ်ရည်တု (AI) နည်းပညာဖြင့် အားဖြည့်ပံ့ပိုးပေးရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အထောက်အကူပေးသွားမည်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောက်ယန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သမားရိုးကျ ကုန်ထုတ်လုပ်ငန်း၌ AI နည်းပညာ အသုံးပြုမှုကို လတ်တလောတွင် ရှေ့ပြေးအဆင့်ဖြစ်သော သုတေသနနှင့် တီထွင်ထုတ်လုပ်မှု၌လည်းကောင်း၊ နောက်ဆုံးအဆင့်ဖြစ်သော ဝန်ဆောင်မှုနှင့် ဈေးကွက်မြှင့်တင်မှု၌လည်းကောင်း အဓိကလုပ်ဆောင်လျက်ရှိကာ ပင်မထုတ်လုပ်မှု အဆင့်မှာမူ လုပ်ငန်းစဉ်တစ်ခုလုံး၌ စနစ်တကျ ထိုးဖောက်အောင်မြင်မှုများ မရရှိသေးကြောင်း ကျန်းက ပြောကြားခဲ့သည်။
ထိပ်တန်းကုမ္ပဏီကြီးအချို့မှာ “AI 2.0” အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း SMEs လုပ်ငန်းအများအပြားမှာမူ ငွေကြေးအင်အား၊ ကျွမ်းကျင်မှုနှင့် နည်းပညာတို့တွင် အကန့်အသတ်များ ရှိနေသည့်အတွက် နောက်ကျကျန်ရစ်နေသည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
အထွေထွေသုံးနှင့် စက်မှုလုပ်ငန်း၌ သီးသန့်အသုံးပြုသော အကြီးစား AI မော်ဒယ်များ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်း၊ အချက်အလက်ရရှိမှုနှင့် SMEs လုပ်ငန်းများ AI နည်းပညာ အသုံးပြုရာတွင် စံသတ်မှတ်ချက် လျှော့ချမည့် အခြားသော အဓိကအကြောင်းအရာများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် AI နည်းပညာ ပံ့ပိုးမှုကို ပိုမိုအားဖြည့်လုပ်ဆောင်ရန်လည်း ကျန်းက တိုက်တွန်းခဲ့သည်။
စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် AI နည်းပညာကို ထိထိရောက်ရောက် အသုံးချနိုင်ရေး၊ ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းစေရေး၊ ငွေကြေးနှင့် ကျွမ်းကျွင်မှု အရင်းအမြစ်များ ဖြန့်ခွဲသတ်မှတ်မှု ကောင်းမွန်ပြည့်စုံစေရေးအတွက် အရည်အသွေးမြင့် လုပ်ငန်းဆိုင်ရာ အချက်အလက်ကွန်ရက် တည်ဆောက်မည့် အစီအမံတစ်ရပ်ကို မတ်လ၌ စတင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် AI နှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်း အရေအတွက်မှာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၆,၂၀၀ ကျော် ရှိခဲ့ရာ ပင်မ AI လုပ်ငန်းနယ်ပယ်မှာလည်း တန်ဖိုးအားဖြင့် ယွမ် ၁.၂ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇၄ ဘီလီယံခန့်) ရှိလာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးကွမ်းချွမ်း ပြပွဲစင်တာတွင် ပုံမှန်ပြသနေကျ ပြပွဲသို့ လာရောက်လေ့လာနေသည့် အမျိုးသမီးတစ်ဦးအား ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………………….
(English Version)
(China Economic Roundtable) China to empower traditional industries with AI in more balanced way: expert
BEIJING, April 1 (Xinhua) — China will step up efforts to empower traditional industries with artificial intelligence (AI) across all sectors and assist small and medium-sized enterprises (SMEs) in their digital transformation, an expert said.
Zhang Xiaoyan, deputy director of the China Center for Information Industry Development, made the remarks during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
AI adoption in traditional manufacturing currently concentrates on front-end R&D and back-end services and marketing, while the core production stage has yet to see full-chain and systematic breakthroughs, according to Zhang.
She also noted that while some leading companies have entered the “AI 2.0” stage, a vast number of SMEs still lag behind, held back by constraints in funding, talent and technology.
Zhang called for strengthening AI technology supply by continuously improving the performance of general-purpose and industry-specific large models, and enhancing the availability of data and other key factors to lower the threshold for SMEs to adopt AI.
The Ministry of Industry and Information Technology launched an initiative in March to build high-quality industry datasets for AI empowerment, strengthen ecosystem development, and optimize the allocation of financial and talent resources.
By the end of 2025, the number of AI-related enterprises in China had exceeded 6,200, with the core AI industry surpassing 1.2 trillion yuan (about 174 billion U.S. dollars), official data showed.
English Caption 1
Guests attend the 29th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Yin Gang)
English Caption 2
A woman visits the permanent exhibition at the Zhongguancun Exhibition Center in Beijing, capital of China, March 25, 2026. (Xinhua/Ju Huanzong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.