International Organizations
အမျိုးသမီး ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲတွင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့တက်ရောက်
မက်ဒရစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ဧပြီ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အမျိုးသမီးချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း၌ ၆ ဂိုးပြတ် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ပထမအကျော့ အဝေးကွင်းပွဲစဉ်၌ ၆-၂ ဂိုးဖြင့် အနိုင်ရရှိထားသည့်အတွက် နောက်တစ်ဆင့်တက်နိုင်ရန် သေချာသလောက်နီးပါးရှိသည့် ဘာစီလိုနာအနေဖြင့် အိမ်ကွင်းနူးကမ့်၌ ပရိသတ် ၆၀,၀၀၀ ကျော်ရှေ့မှောက်တွင် ပွဲကိုစိတ်ကြိုက်စိုးမိုးထားနိုင်ခဲ့သည်။
အသင်းအတွက် ပွဲ ၅၀၀ ပြည့်မြောက်ခဲ့သည့် အလက်စီယာ ပူတဲလက်စ်က ပွဲချိန် ၈ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့ပြီး အီဝါ ပါဂျာ ဂိုးရရှိရန် ကြိုးပမ်းမှုကို ရီးရဲလ်မက်ဒရစ်ဂိုးသမား မီဆာ ရော့ဒရီဂက်ဇ် ပုတ်ထုတ်ကာကွယ်ရာမှ ပြန်ထွက်လာစဉ် ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၁၅ မိနစ်တွင် ပူတဲလက်စ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကာရိုလိုင်း ဂရေဟမ် ဟန်ဆန်က ယခုပွဲစဉ်၌ ၎င်း၏ပထမဂိုးကို သွင်းယူခဲ့ပြီးနောက် ပွဲချိန် ၂၇ မိနစ်တွင် အိုင်ရင်း ပါရီဒက်စ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ကာ ၃-၀ ဂိုး ဖြစ်စေခဲ့သည်။
ထို့နောက် ပွဲချိန် ၃၄ မိနစ်တွင် ဗစ်ကီ လိုပက်ဇ်၏ ဖြတ်တင်ဘောပေးပို့မှုကို ပါဂျာက အဝေးတိုင်ဆီသို့ ကန်သွင်း၍ စတုတ္ထဂိုးသွင်းယူခဲ့ကာ အိမ်ရှင်ဘာစီလိုနာအသင်းက အင်ပြည့်အားပြည့် high press ကစားဟန်ဖြင့် ရီးရဲလ်မက်ဒရစ်ကို ကစားကွက်တည်မရအောင် လုပ်နိုင်ခဲ့သည်။
ဒုတိယပိုင်း ၅၅ မိနစ်တွင် ပူတဲလက်စ်နှင့် ဂရေဟမ် ဟန်ဆန်တို့၏ တွဲလုံးမှတစ်ဆင့် နော်ဝေကစားသမား ဟန်ဆန်က အမြောက်ဘောကန်သွင်း၍ ပဥ္စမဂိုးသွင်းယူခဲ့သလို ပွဲပြီးရန် ၁၅ မိနစ်ကျော်အလိုတွင် အက်စ်မီ ဘရက်စ်က အဝေးတိုင်ဆီသို့ ကန်သွင်း၍ ဆဋ္ဌမဂိုးသွင်းယူခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Spotify Camp Nou အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ အမျိုးသမီး ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ အီဝါ ပါဂျာ (အလယ်) ဂိုးကန်သွင်းနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Spotify Camp Nou အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ အမျိုးသမီး ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ကာရိုလိုင်း ဂရေဟမ် ဟန်ဆန် (ယာ) နှင့် ရီးရဲလ်မက်ဒရစ်အသင်းမှ ယက်စ်မင် ရီဘယ်ရိုတို့ ဘောလုံးယှဉ်လုနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




……………..
(English Version)
Barcelona thrashes Real Madrid to reach Women’s Champions League semis
MADRID, April 2 (Xinhua) — FC Barcelona advanced to the semifinals of the Women’s Champions League with a commanding 6-0 home win over Real Madrid in the second leg on Thursday.
More than 60,000 fans at Camp Nou watched Barcelona underline its dominance in a tie that had already been effectively decided by a 6-2 first-leg victory away from home.
Alexia Putellas, making her 500th appearance for the club, opened the scoring after eight minutes, finishing after Misa Rodriguez had parried an initial effort from Ewa Pajor.
Putellas then set up Caroline Graham Hansen for the first of her two goals in the 15th minute, before Irene Paredes headed in from a corner to make it 3-0 after 27 minutes.
Vicky Lopez provided the cross for Pajor to score Barcelona’s fourth at the far post in the 34th minute, as the hosts overwhelmed Real Madrid with an aggressive high press.
Putellas and Graham Hansen combined again for the fifth goal 10 minutes into the second half, with the Norwegian finishing into the roof of the net, before Esmee Brugts added a sixth with another far-post finish with just over 15 minutes remaining.
English Caption 1
FC Barcelona’s players celebrates the second score of Caroline Graham Hansen during UEFA Women’s Champions League match between FC Barcelona and Real Madrid in Spotify Camp Nou Stadium, Barcelona, Spain, on April 2, 2026. (Photo by Joan Gosa/Xinhua)
English Caption 2
FC Barcelona’s Ewa Pajor (C) shoots during UEFA Women’s Champions League match between FC Barcelona and Real Madrid in Spotify Camp Nou Stadium, Barcelona, Spain, on April 2, 2026. (Photo by Joan Gosa/Xinhua)
English Caption 3
FC Barcelona’s Caroline Graham Hansen (R) vies with Yasmim Ribeiro of Real Madrid during UEFA Women’s Champions League match between FC Barcelona and Real Madrid in Spotify Camp Nou Stadium, Barcelona, Spain, on April 2, 2026. (Photo by Joan Gosa/Xinhua)
