Connect with us

Africa & Middle East

ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့်စပ်လျဉ်းသည့် တရုတ်-ပါကစ္စတန် အဆိုပြုချက်အား အာဖရိကသမဂ္ဂ ကြိုဆို

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီရှက်ဒါတို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

အဒစ်အာဘာဘာ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက်ရည်ရွယ်၍ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံမှ အဆိုပြုခဲ့သည့် အချက် ၅ ချက်ပါအဆိုပြုချက်အား ကြိုဆိုကြောင်း အာဖရိကသမဂ္ဂကော်မရှင်က ဧပြီ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Mahamoud Ali Youssouf က ယင်းအဆိုပြုချက်သည် ဒေသတွင်း တင်းမာမှုအခြေအနေ ပြေလျော့စေရန်၊ နိုင်ငံရေးနှင့် သံတမန်ရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် အချိန်မီအခါမီ၊ အပြုသဘောဆောင်မှုရှိသော ပံ့ပိုးမှု လုပ်ဆောင်ပေးလိုက်ကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။ အဆိုပြုချက်တွင် ရန်လိုသည့်လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အရပ်သားများကို ကာကွယ်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် ပင်လယ်ရေကြောင်းလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် အလေးထားပြောကြားခဲ့ရာ လက်ရှိ အကျပ်အတည်းကို စီမံထိန်းချုပ်ရန် လိုအပ်သည့် အရေးကြီးအကြောင်းရင်းများကို ထင်ဟပ်ပြသခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အာဘာဘာရှိ အာဖရိကသမဂ္ဂရုံးချုပ်တွင် ၃၉ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းတွင်ပင် Mahamoud Ali Youssouf က ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေအရှိန် ဆက်တိုက်မြင့်တက်နေသည့်အပေါ် “အထူး စိုးရိမ်ကြောင်း” ထပ်လောင်းပြောကြားခဲ့သသည်။ ပဋိပက္ခသည် စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်၊ စားနပ်ရိက္ခာစနစ်နှင့် စီးပွားရေးတည်ငြိမ်မှု စသည့်ကဏ္ဍများအပါအဝင် တစ်ကမ္ဘာလုံးကို ဂယက်ရိုက်ခတ်နေပြီဖြစ်ကြောင်း၊ အထူးသဖြင့် အာဖရိကအပေါ်တွင် ဖြစ်စေကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဖရိကသည် မူလကပင် စိန်ခေါ်မှုအထပ်ထပ်နှင့် ရင်ဆိုင်နေရသည့်ကုန်းမြေဖြစ်ကြောင်း ၎င်းက ယူဆသည်။

ပဋိပက္ခဖြစ်ပွားသူအသီးသီးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် အခြေအနေ အမြန်ဆုံးပြေလျော့စေရေး လုပ်ဆောင်ရန်နှင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းထားရန် Mahamoud Ali Youssouf က တိုက်တွန်းခဲ့ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် ဘက်အသီးသီးအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေအတိုင်း မဖြစ်မနေ အပြည့်အဝ ဆောင်ရွက်ကြ အလေးထားပြောကြားခဲ့သည်။ (Xinhua)
———————————-
(Chinese Version)
非盟欢迎中巴关于恢复海湾和中东地区和平稳定的倡议
新华社亚的斯亚贝巴4月4日电(记者刘方强)非洲联盟委员会3日发布声明,对中国和巴基斯坦提出的旨在恢复海湾和中东地区和平稳定的五点倡议表示欢迎。
非盟委员会主席优素福在声明中指出,该倡议为缓解地区紧张局势、推动政治外交进程作出及时和建设性贡献。倡议强调立即停止敌对行动、保护平民、遵守国际人道法和维护海上安全,体现了管控当前危机所需的关键要素。
优素福同时重申对海湾和中东地区局势持续升级的“深切担忧”。他认为,冲突的影响已波及全球,包括能源供应链、粮食系统和经济稳定等领域——尤其是对于非洲,因为非洲本就是一个面临多重挑战的大陆。
优素福呼吁冲突各方保持克制,尽快缓和局势,并持续保持接触,强调各方必须完全按照联合国宪章和国际法行事,以维护国际和平与安全。(完)
1. 3月31日,中共中央政治局委员、外交部长王毅在北京同巴基斯坦副总理兼外长达尔举行会谈。 新华社记者 才扬 摄
2.  这是2月14日在埃塞俄比亚首都亚的斯亚贝巴的非盟总部拍摄的第39届非洲联盟峰会现场。新华社发(迈克尔·特韦尔德摄)