North America
အမေရိကန် တိုက်လေယာဉ်ပစ်ချခံရမှုက အီရန်နှင့်ဆွေးနွေးမှုအပေါ် သက်ရောက်မည်မဟုတ်ဟု ထရမ့် ပြောကြား
ဝါရှင်တန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
အမေရိကန် တိုက်လေယာဉ်ကို အီရန်ပစ်ချလိုက်ခြင်းက အမေရိကန်နှင့် အီရန် ဆွေးနွေးမှုအပေါ် သက်ရောက်မည်မဟုတ်ဟု အမေရိကန် သမ္မတ ထရမ့်က ဧပြီ ၃ ရက်တွင် NBC သတင်းဌာန သတင်းထောက်၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။မေးမြန်းမှုတွင် ထရမ့်က အီရန်နယ်နိမိတ်အတွင်း အမေရိကန်စစ်တပ် ရှာဖွေကယ်ဆယ်ရေးလှုပ်ရှားမှု လုပ်ဆောင်သည့် အသေးစိတ်အခြေအနေကို ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း NBC သတင်းတွင် ဖော်ပြထားသည်။ သို့သော် ထို “အပူတပြင်းဖြစ်ပြီး အကဲဆတ်” သည့် ရှာဖွေကယ်ဆယ်ရေးလှုပ်ရှားမှုနှင့်စပ်လျဉ်း၍ မီဒီယာအချို့၏ သတင်းဖော်ပြမှုအပေါ် ၎င်းအနေဖြင့် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်သည် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးမှုအပေါ် ရိုက်ခတ်မှုရှိနိုင်မည်လောဟု မေးမြန်းရာတွင် ထရမ့်က “မရှိပါဘူး၊ လုံးဝ မရှိနိုင်ပါဘူး။ မရှိဘူး၊ ဒါက စစ်ပွဲပဲ၊ ကျုပ်တို့က စစ်ဖြစ်တဲ့ အခြေအနေမှာလေ” ဟု ထရမ့်က ဆိုသည်။
endent သတင်းစာ၏ ဧပြီ ၃ ရက် သတင်းများအရ ယင်းသတင်းစာ၏ ခေတ္တမေးမြန်းမှုများတွင် ထရမ့်က အကယ်၍ ပစ်ချခံရသည့် လေယာဉ်မှူးများကို အီရန် ဖမ်းဆီးထားသည်ဆိုပါက အမေရိကန်အနေဖြင့် မည်သို့လှုပ်ရှားမှုများ ဆောင်ရွက်မည်ကို ၎င်းအနေဖြင့် လက်ရှိ ပြော၍မရသေးကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့အစောပိုင်းက အမေရိကန်လေတပ် F-15 တိုက်လေယာဉ်သည် အီရန်ဝေဟင်ထက်တွင် ပစ်ချခံခဲ့ရသည်။ အမေရိကန်စစ်တပ်၏ ကယ်ဆယ်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်သည် အီရန်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခဲ့ရာ လေယာဉ်အမှုထမ်းတစ်ဦးကို တွေ့ရှိ၍ ကယ်ဆယ်ခဲ့ပြီး အခြား လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေခဲ့သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ယင်းတိုက်လေယာဉ်ပစ်ချခံရသည့် သတင်းကို ထရမ့်လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————
(Chinese Version)
特朗普称美战机被击落不会影响与伊朗谈判
新华社华盛顿4月3日电 美国总统特朗普3日接受美国全国广播公司记者电话采访时称,伊朗击落美军战机不会影响美国与伊朗的谈判。
全国广播公司报道,特朗普在采访中拒绝谈论美军在伊朗境内进行搜救行动的具体情况。不过,对一些媒体关于这场“紧张且敏感”的搜救行动的报道,他表露沮丧。
被问及这起事件是否会影响美国与伊朗的谈判,特朗普说:“不,完全不会。不,这就是战争。我们正处于战争中。”
另据英国《独立报》3日报道,特朗普在接受该报简短采访时表示,如果被击落战机的机组人员被伊朗捕获,他目前无法谈论美国将采取何种行动。
当天早些时候,美军空军一架F-15战斗机在伊朗上空被击落。美军搜救飞机和直升机进入伊朗境内,发现并救起一名机组成员,并寻找另一名机组成员。白宫新闻秘书莱维特说,特朗普已听取这架战机被击落的简报。(完)
1. 这张视频截图显示,4月1日,美国总统特朗普在首都华盛顿白宫发表讲话。 新华社发
