International Organizations
နှလုံးရောဂါကြောင့် ဘောလုံးသမားဘဝမှ အော်စကာ အနားယူ
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ချဲလ်ဆီးအသင်းနှင့် ဘရာဇီးအသင်း ကွင်းလယ်လူဟောင်း အော်စကာမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို ၁၈ နှစ်နီးပါး ဖြတ်သန်းခဲ့ပြီးနောက် ဘောလုံးလောကမှ အနားယူသွားပြီဖြစ်သည်။ဆော်ပေါ်လိုအသင်းနှင့် စာချုပ်မှာ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းအနေဖြင့် နှလုံးရောဂါခံစားနေရကြောင်း ဆေးစစ်ချက်ထွက်လာပြီးနောက် အသင်းနှင့်စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၄ နှစ်အရွယ် အော်စကာက ပြောကြားခဲ့သည်။\
“ကျွန်တော် ဆော်ပေါ်လိုအသင်းအတွက် ဒီထက်ပိုပြီး စွမ်းဆောင်ပြချင်ပါသေးတယ်။ အသင်းအတွက် ကစားပေးချင်ပါသေးတယ်” ဟု အော်စကာက ဧပြီ ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။”ကျွန်တော့်မှာ ဘောလုံးပညာနဲ့ ဘောလုံးဆက်ကစားနိုင်တဲ့ အသက်အရွယ်မှာ ရှိနေသေးပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုလို အကြောင်းဖန်လာခဲ့တာပါ။ အခု ကျွန်တော် အနားယူတော့မှာဖြစ်ပြီး ဆော်ပေါ်လိုအသင်းကို ကျွန်တော့်ဘဝတစ်လျှောက်လုံး ပရိသတ်တစ်ယောက်အနေနဲ့ ဆက်ပြီးအားပေးသွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။
အော်စကာမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက အသင်း၏ ဘာရာဖွန်ဒါ လေ့ကျင့်ရေးစင်တာ၌ ကြံ့ခိုင်မှုစစ်ဆေးနေစဉ် သတိမေ့လဲကျသွားပြီးနောက် ၎င်းအား ဆော်ပေါ်လိုမြို့ရှိ အဲလ်ဘတ် အိုင်းစတိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်၌ အပါအဝင် အဆိုပါဆေးရုံ၌ ၎င်းအား ငါးရက်ကြာ စောင့်ကြည့်စစ်ဆေးခဲ့သည်။
ထို့နောက် ၎င်းမှာ သွေးပေါင်နှင့် နှလုံးခုန်နှုန်း ကျဆင်းမှုကြောင့် ယာယီသတိလစ်တတ်သည့် Vasovagal Syncope ရောဂါဖြစ်ပွားနေကြောင်း နောက်ပိုင်းတွင် ဆေးစစ်ချက်ထွက်လာခဲ့ခြင်းဖြစ်သည်။”ကျွန်တော့်ကို နေရာတော်တော်များများနဲ့ တစ်ကမ္ဘာလုံးနီးပါးကို ခေါ်ဆောင်သွားခဲ့တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို အဆုံးသတ်ရပါတော့မယ်။ ကျွန်တော် ဒီကိုပြန်ရောက်လာကတည်းက ကျွန်တော့်ကို ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးခဲ့တဲ့၊ အခုလို ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေရချိန်မှာ အားပေးခဲ့တဲ့ ဆော်ပေါ်လို ပရိသတ်အားလုံးကို ကျေးဇူးတင်စကား ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အော်စကာမှာ ၂၀၀၈ ခုနှစ်တွင် ဆော်ပေါ်လိုအသင်း၌ ၎င်း၏ကစားသမားဘဝကို စတင်ခဲ့ပြီးနောက် ပြည်ပသို့ထွက်ကာ ချဲလ်ဆီးအသင်းနှင့် ရှန်ဟိုင်းပို့ထ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆော်ပေါ်လိုအသင်းထံ တစ်ကျော့ပြန်ရောက်ရှိလာခဲ့ကာ အသင်းနှင့်အတူ ဒုတိယမြောက်ကာလကို ဖြတ်သန်းစဉ်အတွင်း ၂၃ ပါဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့သည်။နိုင်ငံလက်ရွေးစင်အဆင့်၌လည်း အော်စကာမှာ ၄၈ ပွဲ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် ဘရာဇီးအသင်းတွင် ပါဝင်ခဲ့သလို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့စဉ်ကလည်း အသင်း၌ ပါဝင်ခဲ့သူဖြစ်သည်။ (Xinhua)
………………………………………………..
(English Version)
Oscar retires with heart condition
RIO DE JANEIRO, April 4 (Xinhua) — Former Chelsea and Brazil midfielder Oscar has retired from football after a professional career spanning almost 18 years.
The 34-year-old said his contract with Sao Paulo, due to expire in December 2027, had been terminated by mutual consent after he was diagnosed with a heart condition.
“I wanted to do more for Sao Paulo, I wanted to play more,” Oscar said in a statement on Saturday.
“I think I still had both the football and the age to keep playing, but unfortunately, this happened. Now I will retire and continue supporting Sao Paulo, continue my life as a fan.”
Oscar collapsed during a fitness test at the club’s Barra Funda training center last November and was taken to the Albert Einstein Hospital in Sao Paulo, where he spent five days under observation, including time in an intensive care unit.
He was later diagnosed with vasovagal syncope, a temporary loss of consciousness caused by a drop in blood pressure and heart rate.
“I am ending a career that took me to several places and practically crossed the world. I want to thank everyone for the affection, all the Sao Paulo fans who supported me since my return and during this difficult moment I am going through,” he added.
Oscar began his career at Sao Paulo in 2008 before spells at Internacional, Chelsea and Shanghai Port. He returned to Sao Paulo at the end of 2024, playing 23 matches and scoring two goals in his second spell with the club.
At the international level, Oscar earned 48 caps and was part of the Brazil team that won the 2013 Confederations Cup and reached the semifinals of the 2014 World Cup on home soil.
English Caption
Oscar (L) of Shanghai Port FC in action in a 2021 CSL match against Dalian Professional FC in Suzhou, east China’s Jiangsu Province, May 16, 2021. (Xinhua/Yang Lei)
