Africa & Middle East
ကြားဝင်ညှိနှိုင်းပေးသူများက အမေရိကန်-အီရန် ၄၅ ရက်ကြာ အပစ်ရပ်စဲရေးအတွက် “နောက်ဆုံးကြိုးပမ်းမှုများ လုပ်ဆောင်လျက်ရှိသည်” ဟု အမေရိကန်မီဒီယာ ဆို
ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
အီရန်အရေး ကြားဝင်ညှိနှိုင်းပေးသူများက ၄၅ ရက်ကြာ အပစ်ရပ်သဘောတူညီချက် ရရှိရေးအတွက် “နောက်ဆုံးကြိုးပမ်းမှုများ လုပ်ဆောင်လျက်ရှိသည်” ဟု အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ဧပြီ ၅ ရက်တွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန်၊ အီရန်နှင့် သက်ဆိုင်ရာ ဒေသတွင်း ကြားဝင်ညှိနှိုင်းပေးသူများသည် “၄၅ ရက်ကြာ ဖြစ်နိုင်ခြေရှိသော အပစ်ရပ်စဲရေး သဘောတူညီချက် စည်းကမ်းချက်များ” ကို ဆွေးနွေးလျက်ရှိပြီး အဆိုပါသဘောတူညီချက်သည် စစ်ပွဲအား အပြည့်အဝအဆုံးသတ်ရေး တွန်းအားပေးရန် ရည်ရွယ်ကြောင်း ယင်းကိစ္စနှင့် ရင်းနှီးသော အမေရိကန်၊ အစ္စရေး စသည့်နိုင်ငံများမှ သတင်းရင်းမြစ် ၄ ဦး၏ အဆိုအရ သိရသည်။
သို့သော်လည်း သတင်းတွင် သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကား၍ “လာမယ့် ၄၈ နာရီအတွင်း အချို့သော သဘောတူညီချက် ရရှိရန် ဖြစ်နိုင်ခြေမှာ နည်းလွန်းတယ်” ၊ အကယ်၍ သက်ဆိုင်ရာ ကြိုးပမ်းမှုများ မအောင်မြင်ပါက အီရန် အရပ်ဘက်သုံး အခြေခံအဆောက်အအုံများအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေနိုင်သလို ပင်လယ်ကွေ့နိုင်ငံများရှိ စွမ်းအင်နှင့် ရေချိုစက်ရုံများအပေါ် အီရန်၏ လက်စားချေတိုက်ခိုက်မှုများကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။
“အမေရိကန် အရှေ့ပိုင်းစံတော်ချိန် အင်္ဂါနေ့ (ဧပြီ ၇ ရက်) ည ၈ နာရီ” ဟူ၍ အမေရိကန် ထရမ့်က ဧပြီ ၅ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ယင်းမှာ အီရန်စွမ်းအင်အဆောက်အအုံများအား ဖျက်ဆီးရေး လှုပ်ရှားမှုများအတွက် ၎င်းသတ်မှတ်ထားသော နောက်ဆုံးကန့်သတ်အချိန်ကို ထပ်မံ နောက်ဆုတ်ခြင်းဖြစ်သည်ဟု မီဒီယာတချို့က အဓိပ္ပာယ်ဖွင့်ဆို ယူဆကြသည်။ ထရမ့်က မတ် ၂၆ ရက်တွင် အီရန်စွမ်းအင်အဆောက်အအုံများအား ဖျက်ဆီးရေး လှုပ်ရှားမှုများကို ၁၀ ရက်ကြာ နောက်ဆုတ်လိုက်ကြောင်း ကြေညာခဲ့ဖူးပြီး ကန့်သတ်အချိန်ကို အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၆ ရက် ည ၈ နာရီအထိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ (Xinhua)
………………….
(Chinese Version)
美媒称调解方正为美伊停火45天“作最后努力”
新华社华盛顿4月5日电 据美国阿克西奥斯新闻网5日援引消息人士的话报道,伊朗问题调解方正在为达成45天的停火协议“作最后努力”。
据4名了解情况的美国和以色列等国消息人士透露,美国、伊朗与相关地区调解方正在讨论“为期45天的潜在停火协议条款”,该协议旨在推动战争彻底结束。
但报道援引消息人士的话说:“未来48小时内达成部分协议的可能性渺茫。”如相关努力失败,可能引发美以对伊朗民用基础设施的大规模打击,以及伊朗针对海湾国家能源和淡水设施的报复打击。
美国总统特朗普5日在社交媒体发文称,“美东时间周二(7日)晚上8点”。有媒体解读认为,这是他再次推迟为摧毁伊朗能源设施行动所设的最后时限。3月26日,特朗普曾宣布对伊朗能源设施的摧毁行动推迟10天,期限延至美东时间4月6日20时。(完)
图说:这是3月4日在伊朗德黑兰革命广场附近拍摄的一处损毁的建筑。 新华社记者 沙达提 摄
