Connect with us

China

ITTF ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ်ကစားသမားများ ချန်ပီယံဆုနှစ်ဆု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့

တရုတ်နိုင်ငံ မကာအိုဒေသတွင် ကျင်းပသည့် ၂၀၂၆ ITTF အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိပြီးနောက် ဆုပေးပွဲအခမ်းအနား၌ တရုတ်စားပွဲတင်တင်းနစ် ကစားသမားများဖြစ်သည့် ဝမ်ချူချင်း (ဝဲ) နှင့် စွန်းရင်ဆားတို့ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအိုဒေသရှိ Galaxy Arena အားကစားရုံ၌ ဧပြီ ၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နာမည်ကြီး တရုတ်စားပွဲတင်တင်းနစ် ကစားသမားများဖြစ်သည့် စွန်းရင်ဆားနှင့် ဝမ်ချူချင်းတို့က အထင်ကရ အောင်ပွဲများကို ရယူနိုင်ခဲ့ပြီး ထူးခြားစိတ်လှုပ်ရှားဖွယ် သီတင်းပတ်တစ်ပတ်ကို အဆုံးသတ်နိုင်ခဲ့သည်။
စွန်းအနေဖြင့် ကမ္ဘာ့ဖလား တစ်ဦးချင်းချန်ပီယံဆုကို သုံးကြိမ်ဆက်ဆွတ်ခူးနိုင်သည့် ပထမဆုံး အမျိုးသမီး စားပွဲတင်တင်းနစ်ကစားသမား ဖြစ်လာခဲ့သလို ဝမ်ကလည်း ပွဲကြီးခုနစ်ပွဲအထိ အကြိတ်အနယ်ကစားကာ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့ဖလားချန်ပီယံသရဖူကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။
ဆီဒင်-၁ ကစားသမားဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ဝမ်မှာ ဗိုလ်လုပွဲတွင် အသက် ၁၈ နှစ်အရွယ် ဂျပန်ကစားသမား ဆိုရ မာဆုရှိမ (ဆီဒင်-၈) ၏ ကြံ့ကြံ့ခံ တုံ့ပြန်ကစားခြင်းကို ရင်ဆိုင်ခဲ့ရသည်။ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ စိန်ခေါ်မှုများရှိခဲ့သည့် အဆိုပါပွဲစဉ်၌ ဝမ်က ၄-၃ ပွဲ (၉-၁၁၊ ၁၈-၁၆၊ ၁၁-၈၊ ၁၁-၁၃၊ ၈-၁၁၊ ၁၁-၄၊ ၁၁-၈ မှတ်) ဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။
ထိုပွဲစဉ်မှာ ပွဲအစကတည်းကပင် အနိမ့်အမြင့် အတက်အကျများဖြင့် ရင်ဖိုစိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။ ဝမ်က ပထမပွဲကြီးတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယပွဲကြီးတွင် အကြိတ်အနယ်ကစားကာ ၁၈-၁၆ မှတ်ဖြင့် အနိုင်ပြန်ရခဲ့သဖြင့် နိုင်ပွဲတစ်ပွဲစီ တူနေခဲ့သည်။ သို့သော် မာဆုရှိမ၏ အင်ပြည့်အားပြည့် အရှိန်တင်ကစားလာသည့် ကစားဟန်က နောက်ဆုံးတွင် ဝမ်ကို အကြီးအကျယ် ဖိအားပေးနိုင်ခဲ့ရာ အဆိုပါ ဂျပန်ဆယ်ကျော်သက်ကစားသမားက ၃-၂ ပွဲဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ ထိုသို့ အကျပ်ရိုက်နေသည့် အခြေအနေ၌ ဝမ်က လက်စွမ်းကောင်းများကို ပြန်လည်ရရှိသွားပြီး ခြောက်ပွဲမြောက် ပွဲကြီးတွင် ၁၁-၄ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ကာ အဆုံးအဖြတ်ပေးမည့် ခုနစ်ပွဲမြောက်တွင်လည်း တည်ငြိမ်သည့် လက်စွမ်းကို ထိန်းထားနိုင်ခဲ့ပြီး ၁၁-၈ မှတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ၎င်း၏ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့သည်။
“အရင်ဆုံးအနေနဲ့ လုံးဝဇွဲမလျှော့ခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ရော ကျွန်တော့်ကိုအားပေးတဲ့ ဒီကပရိသတ်တွေကိုပါ ကျေးဇူးတင်စကား ပြောချင်ပါတယ်။ အထူးသဖြင့် တရုတ်လက်ရွေးစင် စားပွဲတင်တင်းနစ်အသင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ဒီတစ်ပတ် ကျွန်တော်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းက သိပ်ကိုခက်ခဲလွန်းတာမို့ ကျွန်တော့်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲကျန်ရစ်ခဲ့ပါတယ်။ ဒီမှာ နေ့ရက်တိုင်းက ကျွန်တော့်ရဲ့ နောက်ဆုံးနေ့ရက် ဖြစ်နိုင်တယ်လို့တောင် ခံစားမိခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော် တော်တော်လေး ကံကောင်းခဲ့ပြီး အခုလိုမျိုး စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော် နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲ၌ ကမ္ဘာ့အဆင့်-၁ စွန်းက တစ်နယ်တည်းသားချင်း ဝမ်မန့်ယွိကို ၄-၁ ပွဲ (၁၁-၉၊ ၁၁-၈၊ ၁၃-၁၁၊ ၈-၁၁၊ ၁၁-၇) ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလား တစ်ဦးချင်းချန်ပီယံဆုကို သုံးကြိမ်ဆက်ရယူနိုင်ခဲ့သည်။
“ခါတိုင်းလိုပဲ မန့်ယွိနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်က တော်တော်လေး သူတင်ကိုယ်တင်ရှိခဲ့တယ်” ဟု စွန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ပထမပွဲကြီး သုံးပွဲစလုံးက အဆုံးအဖြတ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းပွဲတွေမှာတော့ ကျွန်မ အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ပွဲရဲ့အရှိန်အဟုန်က အပြောင်းအလဲဖြစ်သွားနိုင်ပေမဲ့ ဒီနေ့ ကျွန်မတို့နှစ်ယောက်စလုံး အကောင်းဆုံးကစားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“ရှုံးထွက်အဆင့်ကစပြီး ပြိုင်ဘက်တိုင်းက သိပ်ကိုသန်မာကြတယ်လေ။ ၁၆ ယောက်အဆင့်မှာတုန်းက ကျွန်မ ခွိုင်မန့်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ မနှစ်တုန်းက ဗိုလ်လုပွဲမှာရင်ဆိုင်ခဲ့ရတဲ့ ကျွန်မရဲ့ပြိုင်ဘက်ပေါ့။ နောက်ပြီး ဟာနာ ဂိုဒါနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ ကျွန်မ ရှုံးဖို့ လက်မတင်လေးပဲလိုတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်” ဟုလည်း ၎င်းက ပြောသည်။ “ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မ အနိမ့်အမြင့် အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ တော်တော်လေး တိုးတက်လာခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တစ်ဦးချင်းချန်ပီယံဆု သုံးကြိမ်ဆွတ်ခူးနိုင်ခဲ့သည့် အဆိုပါ ကမ္ဘာ့အဆင့်-၁ ကစားသမားအနေဖြင့် လာမည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရယူနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မကာအိုဒေသတွင် ကျင်းပသည့် ၂၀၂၆ ITTF အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ ဂျပန်နိုင်ငံမှ မာဆုရှိမ ဆိုရ၊ တရုတ်နိုင်ငံမှ ဝမ်ချူချင်း၊ ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်လ်ဒရာနိုနှင့် တရုတ် (ထိုင်ပေ) မှ လျင်ယွင်ရှု (ဝဲမှယာ) တို့ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအိုဒေသတွင် ကျင်းပသည့် ၂၀၂၆ ITTF အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမျိုးသားချန်ပီယံဆု ရရှိပြီးနောက် ဆုပေးပွဲအခမ်းအနား၌ တရုတ်စားပွဲတင်တင်းနစ်ကစားသမား ဝမ်ချူချင်း ဆုဖလားနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………………………..
(English Version)
Double glory for China at ITTF World Cup
MACAO, April 5 (Xinhua) — Chinese table tennis stars Sun Yingsha and Wang Chuqin capped a dramatic week at the ITTF World Cup with landmark victories at Galaxy Arena in Macao, China on Sunday.
Sun became the first women’s player to win three consecutive World Cup singles titles, while Wang battled through a seven-game thriller to claim his first men’s singles World Cup crown.
The 25-year-old top seed Wang faced a fierce challenge from 18-year-old Japanese player and world No. 8 Sora Matsushima in the final. In a match that tested both his physical and mental limits, Wang secured a dramatic 4-3 victory (9-11, 18-16, 11-8, 11-13, 8-11, 11-4, 11-8).
The match was a rollercoaster from the start. After dropping the first game, Wang won a grueling second game 18-16 to level the score. However, Matsushima’s aggressive play eventually pushed Wang to the brink, giving the Japanese teenager a 3-2 lead. With his back against the wall, Wang found another gear, dominating the sixth game 11-4 before holding his nerve in the deciding seventh game to win 11-8 and claim his maiden World Cup title.
“First of all, I want to thank myself for never giving up, the fans here supporting me, and I especially want to thank the Chinese national table tennis team,” Wang said.
“Every match I played this week left a deep impression on me because it was just too difficult. Every single day felt like it could be my last day here. I am incredibly fortunate that I finally did it; I survived until the very end,” he added.
In the women’s final, world No. 1 Sun defeated compatriot Wang Manyu 4-1 (11-9, 11-8, 13-11, 8-11, 11-7) to secure her third consecutive World Cup singles title.
“As always, it was a very tight match against Manyu,” Sun said. “The first three games all came down to crucial points. I felt I didn’t handle the later games perfectly and the momentum could have shifted, but both of us played at our absolute best today.”
“From the knockout stage onward, every opponent was incredibly strong. In the round of 16, I faced Kuai Man, my opponent in last year’s final. Then against Hana Goda, I was moments away from losing,” she added. “I’ve gained a lot over these past few days through all the ups and downs.”
With her historic three-peat secured, the world No. 1 is already looking ahead to the upcoming World Table Tennis Championships.
English Caption 1
Wang Chuqin (L) and Sun Yingsha of China pose during the awarding ceremony after winning men’s and women’s champion at the ITTF Men’s and Women’s World Cup 2026 in Macao, China, April 5, 2026. (Xinhua/Cheong Kam Ka)
English Caption 2
Matsushima Sora of Japan, Wang Chuqin of China, Hugo Calderano of Brazil and Lin Yun-ju of Chinese Taipei (from L to R) pose during the awarding ceremony at the ITTF Men’s and Women’s World Cup 2026 in Macao, China, April 5, 2026. (Xinhua/Cheong Kam Ka)
English Caption 3
Wang Chuqin of China poses during the awarding ceremony after winning men’s champion at the ITTF Men’s and Women’s World Cup 2026 in Macao, China, April 5, 2026. (Xinhua/Cheong Kam Ka)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.