Connect with us

International Organizations

ဘာနယ်လ် ခြေကျင်းဝတ်ခေါက်သွားသဖြင့် ဘာစီလိုနာအသင်း ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရ

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဘာစီလိုနာအသင်းနှင့် မာလော့ကာအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲစဉ်အတွင်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာအသင်းမှ မာ့ခ် ဘာနယ်လ် (ယာ) ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အက်သလက်တီကို မက်ဒရစ်နှင့် ကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် မတိုင်ခင် ဘာစီလိုနာအသင်းအတွက် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရသည်။ ခြေစွမ်းထက်သည့် ဗဟိုကွင်းလယ်ကစားသမား မာ့ခ် ဘာနယ်လ်က ခြေကျင်းဝတ်ခေါက်သွားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဧပြီ ၈ ရက်၌ နူးကမ့်ကွင်းတွင် ကစားမည့် အဆိုပါပထမအကျော့ပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။
ဘာနယ်လ်က အက်သလက်တီကိုကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ဧပြီ ၄ ရက် ညပိုင်းက စပိန်လာလီဂါ အဝေးကွင်းပွဲစဉ်၌ ပွဲချိန် မိနစ် ၄၀ တွင် ရော်နယ်လ် အာရောဂျို၏ နေရာ၌ ဝင်ကစားခဲ့သော်လည်း ပွဲချိန် မိနစ် ၆၀ တွင် အနားပေးခဲ့ရပြီး ဂျူးလ်စ် ကွန်ဒီနှင့် အစားထိုးခဲ့ရသည်။

ဘာနယ်လ်မှာ အဆင့် ၁ ခြေကျင်းဝတ် အဆစ်လွဲသွားကြောင်း ကလပ်အသင်းက အတည်ပြုခဲ့ပြီး ၎င်းအနေဖြင့် ဧပြီ ၈ ရက်၌ အရေးကြီးပွဲစဉ်နှင့် လာမည့်သီတင်းပတ်၌ အိမ်ကွင်းတွင် အက်စ်ပန်ညိုနှင့် ယှဉ်ပြိုင်ရမည့် စပိန်လာလီဂါပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သော်လည်း ဧပြီ ၁၄ ရက်၌ မက်ထရိုပိုလီတာနိုကွင်းသို့ ဘာစီလိုနာအသင်း သွားရောက်ကစားရမည့် ဒုတိယအကျော့ပွဲစဉ်တွင် ဒဏ်ရာအခြေအနေ ပြန်လည်သက်သာလာရန် အခွင့်အရေး ရှိနေသေးသည်။
ဖရန်ကီဒီဂျောင်က တံကောက်ကြောဒဏ်ရာပြဿနာကြောင့် အနားယူနေရဆဲဖြစ်စဉ် ဘာနယ်လ်၏ ဒဏ်ရာပြဿနာ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဧပြီ ၈ ရက် ညပွဲစဉ်၌ အဲရစ် ဂါစီယာက ကွင်းလယ်တွင် ပွဲထွက်ကစားရဖွယ်ရှိသည်။
ဘာစီလိုနာအသင်းအတွက် သတင်းကောင်းမှာ အာရောဂျိုက ကြွက်သားဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သဖြင့် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

……………………………………..
English Version
Injury setback for Barcelona as Bernal suffers twisted ankle
MADRID, April 5 (Xinhua) — FC Barcelona has suffered an injury setback ahead of the first leg of its Champions League quarterfinal against Atletico Madrid, with in-form central midfielder Marc Bernal diagnosed with a twisted ankle that will rule him out of Wednesday’s first leg at Camp Nou.
Bernal came on in the 40th minute to replace Ronald Araujo in Barcelona’s 2-1 La Liga win away to Atletico Saturday night, but was forced off in the 60th minute and replaced by Jules Kounde.
The club confirmed that he has suffered a Grade 1 ankle sprain, which means he will miss Wednesday’s vital game and next weekend’s La Liga match at home to Espanyol, but still has a chance of recovering for the return leg when Barcelona visits the Metropolitano Stadium April 14.
Bernal’s injury comes with Frenkie de Jong still sidelined by a hamstring problem, meaning Eric Garcia is likely to start in midfield Wednesday night.
The good news for Barcelona is that Araujo has suffered only a slight muscle strain and should be available. ■
English Caption
Marc Bernal (R) of Barcelona celebrates his score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)