Connect with us

Africa & Middle East

အီရန်-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အရှေ့အလယ်ပိုင်းအရေး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီအား ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာနှင့် ဧပြီ ၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ယခုကာလများအတွင်း အရှေ့အလယ်ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြား၏ ယင်းနေ့ သတင်းဖော်ပြချက်များအရ သိရသည်။

အာရက်ဂ်ချီက အီရန်ပြည်သူများအပေါ် အမေရိကန်နှင့် အစ္စရေးသည် ပြင်းထန်သည့်ပြစ်မှုကျူးလွန်ပြီး အီရန် စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေးအခြေခံအဆောက်အဦများ၊ ငြိမ်းချမ်းစွာ အသုံးပြု၍ ကာကွယ်ထိန်းသိမ်းခံထားရမှုရှိသော နျူကလီးယားအဆောက်အဦများကို တိုက်ခိုက်ခဲ့ကြောင်း၊ အီရန် စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်မည်ဟု အမေရိကန်က ဆက်တိုက်ခြိမ်းခြောက်နေရာ နိုင်ငံတကာ အသိုက်အဝန်းနှင့် ကုလသမဂ္ဂအနေဖြင့် တာဝန်ယူမှုရှိစွာ ယင်းလုပ်ရပ်ကို တားဆီးရန်၊ စစ်ရာဇဝတ်မှုများ ပုံမှန်အသွင်ဖြစ်ခြင်းကို တားဆီးရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးကျူးကျော်မှုက ဒေသတွင်းသာမက ကမ္ဘာ့တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ နေ့စဉ်နှင့်အမျှ ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းလည်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။
ဂျိုင်ရှန်ကာက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေး ပြန်လည်ဖော်ဆောင်မှု၏ အရေးကြီးပုံကို အလေးထားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာအလွှာတွင် စစ်ပွဲဟန့်တားရေးအတွက် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
伊朗外长与印度外长就中东局势通话
新华社德黑兰4月6日电 据伊朗国家电视台5日报道,伊朗外长阿拉格齐当天与印度外长苏杰生通话,就近期中东局势进行讨论。
阿拉格齐表示,美国和以色列对伊朗人民犯下严重罪行,对伊朗工业和生产基础设施、和平利用且受到保护的核设施进行攻击。美国持续公开威胁攻击伊朗能源基础设施,国际社会和联合国有责任制止这一行为,遏制战争罪行正常化。
阿拉格齐还说,美国和以色列的军事侵略将对地区乃至世界的稳定与安全造成日益严重的后果。
苏杰生强调恢复地区稳定与安全的重要性,并表示印度支持在地区和国际层面为制止战争所作的努力。(完)
1. 3月16日,伊朗外交部长阿拉格齐在首都德黑兰出席伊朗外交部举行的每周例行记者会。新华社记者 沙达提 摄