Connect with us

Asia

“မြောက်ကိုရီးယားဘက်သို့ ဒရုန်း ကျရောက်ခဲ့ခြင်းဖြစ်ရပ်” နှင့် စပ်လျဉ်း၍ စိတ်မကောင်းဖြစ်ရကြောင်း တောင်ကိုရီးယားသမ္မတ ပြောကြား

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က ၂၀၂၆ ခုနှစ် ဇွန် ၄ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ လွှတ်တော်၌ စတင်တာဝန်ထမ်းဆောင်ခြင်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဧပြီ ၆ ရက် နံနက်ပိုင်းတွင် “မြောက်ကိုရီးယားဘက်သို့ ဒရုန်း ကျရောက်ခဲ့ခြင်းဖြစ်ရပ်” နှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားနိုင်ငံထံသို့ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့သည်ဟု Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့ အိမ်ပြာတော်တွင် နိုင်ငံတော်ကောင်စီ အစည်းအဝေးခေါ်ယူကျင်းပစဉ် လီဂျေမြောင်က ယင်းဖြစ်ရပ်သည် တောင်ကိုရီးယားအစိုးရ၏ မူလရည်ရွယ်ချက်မဟုတ်သော်လည်း လူအချို့၏ တာဝန်မဲ့မှု၊ မဆင်ခြင်သော လုပ်ရပ်များကြောင့် မလိုအပ်သော စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်စေခဲ့ရာ ယင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံထံသို့ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့သည်။

တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တရားဥပဒေများသည် တစ်သီးပုဂ္ဂလအနေဖြင့် မြောက်ကိုရီးယားအပေါ် ရန်လိုသောလုပ်ရပ် ပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် စနစ်များ ပိုမိုကောင်းမွန်အောင်ပြုပြင်ခြင်း၊ အစီအမံများ ချမှတ်ခြင်းတို့ကို မြှင့်တင်သင့်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။
ကမ္ဘာ့နေရာအသီးသီးတွင် ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားလာသည်နှင့်အမျှ ဘုံစည်းမျဉ်းများနှင့် အပြန်အလှန်အကျိုးရှိမှုအား အခြေခံသည့် နိုင်ငံတကာစည်းစနစ်များကို ပြင်းထန်စွာယိမ်းယိုင်သွားစေကြောင်း၊ ထိုကဲ့သို့သောကာလတွင် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည် အရေးကြီးသည်ကို ပို၍ထင်ဟပ်စေကြောင်း လီဂျေမြောင်က အလေးထား ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ပြုံယမ်းမြို့ ဝေဟင်တွင် ဒရုန်းကျူးကျော်မှုဖြစ်ရပ်ပြီးနောက် တောင်ကိုရီးယားသည် နှစ်သစ် အစတွင် ဒရုန်းတစ်စင်းလွှတ်တင်၍ မြောက်ကိုရီးယားလေပိုင်နက်ကို ကျူးကျော်ခဲ့ပြီး ပြင်းထန်သော ရန်စမှုနောက်ထပ်ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားပြည်သူ့တပ်မတော် အထွေထွေစစ်ဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု KCNA သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ယင်းနောက် တောင်ကိုရီးယားက ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေးအထူးအဖွဲ့ ဖွဲ့စည်းခဲ့သည်။ (Xinhua)

……………………
(Chinese Version)
韩国总统就“无人机入朝事件”向朝鲜表示遗憾
新华社首尔4月6日电(记者黄昕欣)据韩联社报道,韩国总统李在明6日上午就“无人机入朝事件”向朝鲜表示遗憾。
李在明当天在青瓦台主持召开的国务会议上说,虽然此次事件并非韩国政府的本意,但由于部分人不负责任、鲁莽的行为引发了不必要的军事紧张局势,对此向朝方表示遗憾。
李在明说,韩国宪法和法律禁止个人私自对朝方进行挑衅行为。相关部门应推进制度改进,采取措施,以防止类似事件再次发生。
李在明强调,随着世界各地冲突不断,基于共同规则与互惠的国际秩序正受到严重动摇,越是这种时期,半岛的和平与稳定就越显得尤为重要。
据朝中社1月10日报道,朝鲜人民军总参谋部发言人1月9日发表声明说,继2024年10月制造平壤上空无人机入侵事件后,韩国在新年伊始放飞无人机侵犯朝鲜领空,再次进行严重挑衅。随后,韩国成立军警联合调查特别工作组对该事件展开调查。(完)
图说:6月4日,在韩国首尔,李在明在韩国国会发表就职讲话。新华社发